လမ္းေဘးမွာ ေတာင္းလို႔ရသမၽွကို ညီမေလးအတြက္ပဲ ဦးစားေပးခဲ့တဲ့ အစ္ကိုတစ္ေယာက္ရဲ့ ေမတၱာ
ခ်စ္ပရိသတ္ႀကီးေရ ဒီေန႔ေလးမွာ ေျပာျပေပးသြားမွာကေတာ့ ေမာင္ႏွမ ႏွစ္ေယာက္ရဲ့ ႀကီးမားတဲ့သံေယာဇဥ္ အေၾကာင္းေလးပဲ ျဖစ္ပါတယ္။
အကိုျဖစ္သူရဲ့ ညီမေလးအေပၚမွာ ထားရွိတဲ့ ေမတၱာေတြကို ေတြ႕ျမင္ရတဲ့ ျမင္ကြင္းအေၾကာင္းေလးပဲ ျဖစ္ပါတယ္။
အကိုက သူခ်စ္ရတဲ့ ညီမေလးအတြက္ စြန႔္လႊတ္အနစ္နာခံၿပီး ရွာေဖြေကၽြးေမြးေနတာပဲ ျဖစ္ပါတယ္။
မိဘမဲ့ လမ္းေဘးမွာ ေတာင္းစားေနရတဲ့ ေမာင္ႏွမ ႏွစ္ေယာက္ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အရမ္းခ်စ္ခင္ၾကၿပီး အကိုျဖစ္သူကလည္း ညီမေလးအေပၚ အရမ္းဂ႐ုစိုက္ ကာကြယ္ေပးပါတယ္။
သူေတာင္းလို႔ရသမၽွေတြကို သူအရင္မစားပဲ သူခ်စ္ရတဲ့လညီမေလးကို အရင္ေကၽြးၿပီး က်န္တဲ့အခါမွသာ သူစားတာပါ။
ဆင္းရဲႏြမ္းပါးစြာ ႀကီးျပင္းလာတဲ့ကေလးငယ္တစ္ဦးဟာ လမ္းေပၚမွာ အမ်ားျပည္သူေတြထံ ေတာင္းစားေနတာကို ေတြ႕ရျခင္းဟာ အဆန္းမဟုတ္ေတာ့ပါဘူး။
လမ္းေပၚမွာ အဆိုပါကေလးငယ္မ်ားစြာကိုေနရာတိုင္းမွာေတြ႕နိုင္ၿပီး ကေလးအခ်ိဳ႕ဟာသူတို႔အားေငြမ်ားေပးဖို႔အတင္းအက်ပ္ဖိအားေပးၿပီး
လူအမ်ားကိုေႏွာက္ယွက္ျခင္းေၾကာင့္ ေမာင္းထုတ္ခံေနရတတ္ပါတယ္။လမ္းေပၚက ကေလးေတြဟာ ခိုးတာ လုတာေတြလည္း လုပ္တတ္ပါေသးတယ္။
ဖိလစ္ပိုင္နိုင္ငံ မနီလာၿမိဳ႕က Geo Tolentino Ringor အမည္ရွိတဲ့အမ်ိဳးသမီးႏွင့္သူမရဲ့ခင္ပြန္း John Benedict Ringor တို႔ကေတာ့
သူတို႔အား အေကာင္းဆုံးနည္းျဖင့္ အံ့အားသင့္သြားေစခဲ့တဲ့လမ္းေပၚက ေကာင္ေလးတစ္ဦးနဲ႔ေတြ႕ဆုံခဲ့ၾကပါတယ္။
သူတို႔ ဇနီးေမာင္ႏွံဟာ မနီလာၿမိဳ႕ေတာ္ရဲ့ ထင္ရွားတဲ့ Jollibee ဆိုတဲ့အသင့္စား အစားအစာဆိုင္မွာရွိေနခဲ့ရင္း ဆိုင္အျပင္ဘက္မွာေကာင္ေလးတစ္ေယာက္
အစားအစာေတာင္းစားေနတာကို ခင္ပြန္းJohn Benedict က သတိျပဳမိခဲ့ပါတယ္။John Benedictက အဆိုပါေကာင္ေလးကိုပိုက္ဆံေပးမယ့္အစား
ဇနီးျဖစ္သူGeoကို ေကာင္ေလးအတြက္Jollibee အစာဘူးတစ္ခုဝယ္ေပးဖို႔ေျပာၿပီး ေကာင္ေလးကိုေပးခဲ့ၿပီး အဆိုပါေကာင္ေလးကလည္း ယူၿပီးတာနဲ႔ ခ်က္ခ်င္းဘဲ အျမန္ထြက္သြားခဲ့ပါတယ္။
သူတို႔ဇနီးေမာင္ႏွံကလည္း ေကာင္ေလးထြက္သြားတာကို အေထြအထူးမေတြးခဲ့ၾကပါဘူး။အဲ့ဒီေနာက္ Geo နဲ႔John Benedict တို႔ဟာ အဆိုပါဆိုင္မွအထြက္
သူတို႔ဆီအစာေတာင္းစားခဲ့တဲ့ေကာင္ေလးကို သူ႔ရဲ့ညီမေလးလို႔ထင္ရတဲ့ကေလးမေလးတစ္ေယာက္နဲ႔အတူရွိေနတာကို ေတြ႕ခဲ့ၾကပါတယ္။
အဆိုပါကေလးႏွစ္ေယာက္ဟာ Jollibeeဆိုင္ ထြက္ေပါက္အနီးရွိ ကြန္ကရစ္တုံးေပၚမွာ ထိုင္ေနၾကၿပီး ေကာင္ေလးက သူတို႔ေပးတဲ့အစားအစာကို ညီမေလးျဖစ္သူအား ခြံ့ေကၽြးေနတာကိုျမင္ခဲ့ၾကပါတယ္။
Geoက အဆိုပါၾကည္ႏူးစရာေကာင္းတဲ့ ျမင္ကြင္းကို ဓာတ္ပုံအခ်ိဳ႕ရိုက္ယူခဲ့ၿပီး ဓာတ္ပုံတစ္ပုံမွာ အဆိုပါေကာင္ေလးကသူ႔ညီမေလးအား အစာခြံ့ေကၽြးၿပီးေနာက္
သူ႔မ်က္ႏွာေပၚမွာ ရႊင္လန္းမႈအျပည့္နဲ႔ ပီတိအျပဳံးျပဳံးေနတာကို ေတြ႕ခဲ့ရပါတယ္။အဆိုပါ ေကာင္ေလးဟာ ကိုယ္တိုင္ကငယ္ရြယ္ေနေသးေပမဲ့လည္း
ညီမေလးအတြက္ေတာ့ ကိုယ္က်ိဳးစြန႔္ဖို႔ အဆင္သင့္ရွိေနၿပီးသားျဖစ္ေနတာကိုသူ႔ရဲ့ပီတိျဖစ္ေနတဲ့အျပဳံးကို ၾကည့္ျခင္းအားျဖင့္ သိနိုင္ပါတယ္။
ကမၻာေပၚမွာ ဒီလို ကေလးေလးေတြ ေနရာအႏွံ့ရွိေနတတ္ေပမဲ့ သူတို႔ကို ကူညီေပးနိုင္မယ့္လူေတြက အနည္းအက်ဥ္းသာရွိေနတတ္ပါတယ္။
ဖတ္ရႈ႔အားေပးၾကတဲ့ ခ်စ္ပရိသတ္ႀကီးလည္း ဒီေမာင္ႏွမ ႏွစ္ေယာက္ရဲ့ ခ်စ္ျခင္းေမတၱာေတြကို ၾကည့္ၿပီး စိတ္ထဲမွာ ရသ တစ္ခုခု က်န္ေနလိမ့္မယ္လို႔ ထင္ပါတယ္ေနာ္။
ပရိသတ္ႀကီးအားလုံး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကၿပီး သာယာေပ်ာ္ရႊင္တဲ့ ေန႔ရက္ေလးကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္။
Source : elitereaders
Unicode Version
လမ်းဘေးမှာ တောင်းလို့ရသမျှကို ညီမလေးအတွက်ပဲ ဦးစားပေးခဲ့တဲ့ အစ်ကိုတစ်ယောက်ရဲ့ မေတ္တာ
ချစ်ပရိသတ်ကြီးရေ ဒီနေ့လေးမှာ ပြောပြပေးသွားမှာကတော့ မောင်နှမ နှစ်ယောက်ရဲ့ ကြီးမားတဲ့သံယောဇဉ် အကြောင်းလေးပဲ ဖြစ်ပါတယ်။
အကိုဖြစ်သူရဲ့ ညီမလေးအပေါ်မှာ ထားရှိတဲ့ မေတ္တာတွေကို တွေ့မြင်ရတဲ့ မြင်ကွင်းအကြောင်းလေးပဲ ဖြစ်ပါတယ်။
အကိုက သူချစ်ရတဲ့ ညီမလေးအတွက် စွန့်လွှတ်အနစ်နာခံပြီး ရှာဖွေကျွေးမွေးနေတာပဲ ဖြစ်ပါတယ်။
မိဘမဲ့ လမ်းဘေးမှာ တောင်းစားနေရတဲ့ မောင်နှမ နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ခင်ကြပြီး အကိုဖြစ်သူကလည်း ညီမလေးအပေါ် အရမ်းဂရုစိုက် ကာကွယ်ပေးပါတယ်။
သူတောင်းလို့ရသမျှတွေကို သူအရင်မစားပဲ သူချစ်ရတဲ့လညီမလေးကို အရင်ကျွေးပြီး ကျန်တဲ့အခါမှသာ သူစားတာပါ။
ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းလာတဲ့ကလေးငယ်တစ်ဦးဟာ လမ်းပေါ်မှာ အများပြည်သူတွေထံ တောင်းစားနေတာကို တွေ့ရခြင်းဟာ အဆန်းမဟုတ်တော့ပါဘူး။
လမ်းပေါ်မှာ အဆိုပါကလေးငယ်များစွာကိုနေရာတိုင်းမှာတွေ့နိုင်ပြီး ကလေးအချို့ဟာသူတို့အားငွေများပေးဖို့အတင်းအကျပ်ဖိအားပေးပြီး
လူအများကိုနှောက်ယှက်ခြင်းကြောင့် မောင်းထုတ်ခံနေရတတ်ပါတယ်။လမ်းပေါ်က ကလေးတွေဟာ ခိုးတာ လုတာတွေလည်း လုပ်တတ်ပါသေးတယ်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က Geo Tolentino Ringor အမည်ရှိတဲ့အမျိုးသမီးနှင့်သူမရဲ့ခင်ပွန်း John Benedict Ringor တို့ကတော့
သူတို့အား အကောင်းဆုံးနည်းဖြင့် အံ့အားသင့်သွားစေခဲ့တဲ့လမ်းပေါ်က ကောင်လေးတစ်ဦးနဲ့တွေ့ဆုံခဲ့ကြပါတယ်။
သူတို့ ဇနီးမောင်နှံဟာ မနီလာမြို့တော်ရဲ့ ထင်ရှားတဲ့ Jollibee ဆိုတဲ့အသင့်စား အစားအစာဆိုင်မှာရှိနေခဲ့ရင်း ဆိုင်အပြင်ဘက်မှာကောင်လေးတစ်ယောက်
အစားအစာတောင်းစားနေတာကို ခင်ပွန်းJohn Benedict က သတိပြုမိခဲ့ပါတယ်။John Benedictက အဆိုပါကောင်လေးကိုပိုက်ဆံပေးမယ့်အစား
ဇနီးဖြစ်သူGeoကို ကောင်လေးအတွက်Jollibee အစာဘူးတစ်ခုဝယ်ပေးဖို့ပြောပြီး ကောင်လေးကိုပေးခဲ့ပြီး အဆိုပါကောင်လေးကလည်း ယူပြီးတာနဲ့ ချက်ချင်းဘဲ အမြန်ထွက်သွားခဲ့ပါတယ်။
သူတို့ဇနီးမောင်နှံကလည်း ကောင်လေးထွက်သွားတာကို အထွေအထူးမတွေးခဲ့ကြပါဘူး။အဲ့ဒီနောက် Geo နဲ့John Benedict တို့ဟာ အဆိုပါဆိုင်မှအထွက်
သူတို့ဆီအစာတောင်းစားခဲ့တဲ့ကောင်လေးကို သူ့ရဲ့ညီမလေးလို့ထင်ရတဲ့ကလေးမလေးတစ်ယောက်နဲ့အတူရှိနေတာကို တွေ့ခဲ့ကြပါတယ်။
အဆိုပါကလေးနှစ်ယောက်ဟာ Jollibeeဆိုင် ထွက်ပေါက်အနီးရှိ ကွန်ကရစ်တုံးပေါ်မှာ ထိုင်နေကြပြီး ကောင်လေးက သူတို့ပေးတဲ့အစားအစာကို ညီမလေးဖြစ်သူအား ခွံ့ကျွေးနေတာကိုမြင်ခဲ့ကြပါတယ်။
Geoက အဆိုပါကြည်နူးစရာကောင်းတဲ့ မြင်ကွင်းကို ဓာတ်ပုံအချို့ရိုက်ယူခဲ့ပြီး ဓာတ်ပုံတစ်ပုံမှာ အဆိုပါကောင်လေးကသူ့ညီမလေးအား အစာခွံ့ကျွေးပြီးနောက်
သူ့မျက်နှာပေါ်မှာ ရွှင်လန်းမှုအပြည့်နဲ့ ပီတိအပြုံးပြုံးနေတာကို တွေ့ခဲ့ရပါတယ်။အဆိုပါ ကောင်လေးဟာ ကိုယ်တိုင်ကငယ်ရွယ်နေသေးပေမဲ့လည်း
ညီမလေးအတွက်တော့ ကိုယ်ကျိုးစွန့်ဖို့ အဆင်သင့်ရှိနေပြီးသားဖြစ်နေတာကိုသူ့ရဲ့ပီတိဖြစ်နေတဲ့အပြုံးကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။
ကမ္ဘာပေါ်မှာ ဒီလို ကလေးလေးတွေ နေရာအနှံ့ရှိနေတတ်ပေမဲ့ သူတို့ကို ကူညီပေးနိုင်မယ့်လူတွေက အနည်းအကျဉ်းသာရှိနေတတ်ပါတယ်။
ဖတ်ရှု့အားပေးကြတဲ့ ချစ်ပရိသတ်ကြီးလည်း ဒီမောင်နှမ နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကို ကြည့်ပြီး စိတ်ထဲမှာ ရသ တစ်ခုခု ကျန်နေလိမ့်မယ်လို့ ထင်ပါတယ်နော်။
ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
Source : elitereaders