လောကကြီးတွင် မိဘအချို့သည် သူတို့ဧ။် သားသမီးများအား အိမ်ထောင်ပြုစေချင်ပြီး ရင့်ကျက်တည်ငြိမ်သော ဘဝကိုဖြတ်သန်းသွားစေချင်၍ သူတို့ဘဘောကျသော သူများနှင့် လက်ထပ်ရန်စီစဉ်ပေးတတ်ကြသည်။
ယခုအခါတွင်လည်း တရုတ်နိုင်ငံ ချုံကင်းမြို့တွင် နေထိုင်သော အမည်မသိအမျိုးသားသည် အိမ်ကပေးစားသော မိန်းကလေးနှင့် ပထမဆုံးအကြိမ်တွေ့ရန် စားသောက်ဆိုင်တစ်ခုတွင် ချိန်းဆိုခဲ့ကြသည်။
အမျိုးသားသည် အိမ်ကစီစဉ်ပေးသော ကောင်မလေးနှင့် လက်မထပ်လို၍ အကြံထုတ်ခဲ့ရာ ချိန်းဆိုသောနေရာသို့ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ဆံပင်တုနှင့် မိန်းကလေးအဝတ်အစားများ ဝတ်စားဆင်ယင်ကာ သွားရောက်ခဲ့သည်။

တစ်ဖက်မှ မိန်းကလေးမှ ထိုနေရာသို့ရောက်ရှိလာစဉ် ကောင်လေးဧ။်အဖြစ်အား တွေ့ရှိသွားပြီး စိတ်ဆိုးသွားကာ စားပွဲခုံအားထုလိုက်ပြီး လက်မထပ်ချင်တာနက် ယခုလိုလုပ်ရပ်မျိုးလုပ်ရလား ဟုဆိုကာ လှည့်ထွက်သွားခါမှ ကောင်လေးသည် လက်ထပ်ရအောင် ဟုပြောဆိုနေတော့သည်။
ထိုအဖြစ်အပျက်အား မြင်တွေ့သော သူများမှလူမှုကွန်ယက်တွင် မျှဝေခဲ့ပြီး ကောင်လေးဧ။် လုပ်ရပ်အား နားမလည်ဖြစ်နေခဲ့ကြသည်။
Hlaing(Love Feeling)
Zawgyi
အိမ်ကပေးစားသော မိန်းကလေးနှင့် လက်မထပ်ချင်၍ ချိန်းဆိုသောနေရာသို့ အမျိုးသမီးတစ်ယောက်လို ဝတ်စားသွားခဲ့သော ကောင်လေး

Hlaing(Love Feeling)