ဘိုကလေးမြို့က ကလေးနှစ်ယောက်ရဲ့ အသက်ကို အချိန်မှီကယ်တင်နိုင်ခဲ့လို့ ပီတီဖြစ်နေတဲ့ ခိုင်နှင်းဝေ
ပရဟိတလုပ်ငန်းတွေကို အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်နေပြီး ပြည်သူတွေ လိုအပ်တာများ တတ်နိုင်သလောက် ကူညီပေးနေသူကတော့ သရုပ်ဆောင် ခိုင်နှင်းဝေပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း လူတိုင်းအပေါ် ကူညီချင်စိတ်ရှိတဲ့ ခိုင်နှင်းဝေရဲ့ စိတ်ထားကိုတော့ ပရိသတ်များက ချီးကျူးနေကြတာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေတွေကြောင့် စားဝတ်နေရေး အဆင်မပြေကြသူများကိုလည်း စားနပ်ရိက္ခာများ လှူဒါန်းပေးနေတာကိုလည်း ကြည်နူးဖွယ် မြင်တွေ့ကြရမှာပါ ။ ဒါ့အပြင် ကိုဗစ်လူနာတွေ အလျင်စလို လိုအပ်နေကြတဲ့ အောက်ဆီဂျင်စက်တွေကိုလည်း တောက်လျှောက် လှူဒါန်းပေးနေတာတွေ့ရပါတယ် ။
ဒီနေ့မှာလည်း သူမ လှူဒါန်းပေးလိုက်တဲ့ အောက်ဆီဂျင်စက်ကြောင့် ကလေးငယ်လေးနှစ်ယောက်ရဲ့ အသက်ကို ကယ်တင်ခွင့်ရခဲ့လို့ အတိုင်းမသိ ပျော်ရွှင်နေကြောင်း ဝေမျှလာပါတယ် ။ ”
ဘိုကလေးမြို့နယ် မှ ခုတင်(၁၀၀) ဆေးရုံကြီးသို့ လှုဒါန်းပေးပို့လိုက်သော စက်လေးကြောင့် ကလေး (၂)ဦးကို ပြိုင်တူ အသုံးပြုပြီး အသက်ကယ်ခွင့်ရကြောင်း ပေးပို့ပြောကြားလာတဲ့ အတွက် ဝမ်းသာ ပီတိလေးဖြစ်ရပါတယ်ရှင်…အခြားသော ဌားရမ်းခြင်း၊ လှူဒါန်းခြင်းပေးထားတဲ့ လူနာများရဲ့ အဆင်ပြေ သက်သာကြောင်းများကိုလဲ ထပ်မံ တင်ပေးသွားပါမယ်…
ခုနှစ်ရက် သားသမီးများ အားလုံးရဲ့ အသက်ကယ် လေသန့် အလှူလေးများ အတွက် ဝမ်းမြောက် ဝမ်းသာ သာဓု ခေါ်ဆို နိုင်ကြပါစေရှင်…” ဆိုပြီးရေသားဖော်ပြထားရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန်ဝေမျှပေးလိုက်ပါတယ် ။
Credit
Credit