(Unicode ဖြင့်ဖတ်ရန်)
မြန်မာသံတေးသံရှင်ကြီး တွံ့တေးသိန်းတန်ဆိုတာကတော့ လူသေသွားပေမယ့် နာမည်သေသွားခြင်းမရှိတဲ့ အနုပညာရှင်ကြီးတစ်ယောက်ပါပဲ။ ဒီကနေ့ ဇန်နဝါရီလ
(၁၁) ရက်နေ့ကတော့
တွံေတးသိန်းတန်ကွယ်လွန်ခြင်း (၂၃) နှစ်ပြည့်တဲ့နေ့ပဲဖြစ်ပြီး ရွှေရည်သိန်းတန်ကလည်း သူမရဲ့ဖခင်ကြီးကို သတိရတမ်းတနေကြောင်း အခုလိုပဲရင်ဖွင့်ပြောဆိုလာ
တာကိုတွေ့ရပါတယ်။
“ဖေဖေ (၂၃) နှစ်ပြည့်ပြီတဲ့။ တနေ့မှမမေ့သလို..ပူလောင်မှုတွေကြုံလာတိုင်း မျက်ရည်တွေကျရတိုင်း အကြိမ်ကြိမ် လဲပြိုရတိုင်း ဖေဖေပေးတဲ့စိတ်ခွန်အားတွေနှင့်
အကြိမ်ကြိမ်တည့်မတ်..ရုန်းထဖြတ်ကျော်လာခဲ့ရတာလည်း (၂၃) နှစ်ပြည့်ပြီပေါ့ဖေဖေရယ်.. သမီးနှင့် အဖေက လက္ခဏာရော ဇာတာပါတူတယ်။
သမီးနာမည်အနောက်မှာ မင်းနာမည်ပါရင် သူ့ဘဝ ကြမ်းလိမ့်မယ်လို့ ရွှေပေါ်ကျွန်းဆရာတော်ကြီးဘုရားကြီးမိန့်ခဲ့တုန်းက အဖေရော သမီးပါ ခေါင်းမာမာနှင့်
မှတ်ပုံတင်ထဲအထိ ရွှေရည်သိန်းတန် လို့အဖေနာမည်ပေးခဲ့တာကို အမြဲသတိရတယ်ဖေဖေ..သမီးပျော်တယ်။ ဘာလောကဓံကြုံကြုံ သမီးကျေနပ်တယ်။
ဖေဖေ့သမီးဖြစ်ရတာ ဂုဏ်ယူတယ် ဖေဖေ.. ခေါင်းမာတာရော ဘဝနာတာရော ဘာတွေတူရတူရ ဖေဖေနှင့်သာတူရမယ်ဆို ဒီနာမည်လေးကိုတသက်လုံး တမြတ်တ
နိုးနှင့်
သေသည်အထိ သမီးအရာရာကို အကောင်းဆုံး ဖြတ်ကျော်ပြသွားမယ်။ ဖေဖေက သမီးအတွက် တဘဝစာ လမ်းပြခဲ့သူ HERO ကြီးပါဖေဖေရယ်🙏🙏🙏” ဆိုပြီး
ရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်။
ရွှေရည်သိန်းတန်ကတော့ သူမရဲ့သွားလေသူဖခင်ကြီးကို သတိတရရှိစွာနဲ့ သူမရဲ့ ရွှေရည်သိန်းတန်ဆိုတဲ့ နာမည်ဟာ ဘဝကြမ်းတမ်းလိမ့်မယ်ဆိုတာကို သိသိကြီးနဲ့
တောင် တမြတ်တနိုး ခံယူခဲ့ကြောင်းကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။
(Zawgyi ဖြင့်ဖတ်ရန်)
ျမန္မာသံေတးသံရွင္ႀကီး တြံ႕ေတးသိန္းတန္ဆိုတာကေတာ့ လူေသသြားေပမယ့္ နာမည္ေသသြားျခင္းမရွိတဲ့ အႏုပညာရွင္ႀကီးတစ္ေယာက္ပါပဲ။ ဒီကေန႕
ဇန္နဝါရီလ (၁၁) ရက္ေန႕ကေတာ့
တြံေတးသိန္းတန္ကြယ္လြန္ျခင္း (၂၃) ႏွစ္ျပည့္တဲ့ေန႕ပဲျဖစ္ၿပီး ေ႐ႊရည္သိန္းတန္ကလည္း သူမရဲ႕ဖခင္ႀကီးကို သတိရတမ္းတေနေၾကာင္း အခုလိုပဲရင္ဖြ
င့္ေျပာဆိုလာတာကိုေတြ႕ရပါတယ္။
“ေဖေဖ (၂၃) ႏွစ္ျပည့္ၿပီတဲ့။ တေန႕မွမေမ့သလို..ပူေလာင္မႈေတြႀကဳံလာတိုင္း မ်က္ရည္ေတြက်ရတိုင္း အႀကိမ္ႀကိမ္ လဲၿပိဳရတိုင္း ေဖေဖေပးတဲ့စိ
တ္ခြန္အားေတြႏွင့္ အႀကိမ္ႀကိမ္တည့္မတ္..႐ုန္းထျဖတ္ေက်ာ္လာခဲ့ရတာလည္း (၂၃) ႏွစ္ျပည့္ၿပီေပါ့ေဖေဖရယ္.. သမီးႏွင့္ အေဖက လကၡဏာေရာ
ဇာတာပါတူတယ္။
သမီးနာမည္အေနာက္မွာ မင္းနာမည္ပါရင္ သူ႕ဘဝ ၾကမ္းလိမ့္မယ္လို႔ ေ႐ႊေပၚကြၽန္းဆရာေတာ္ႀကီးဘုရားႀကီးမိန႔္ခဲ့တုန္းက အေဖေရာ သမီးပါ ေခါ
င္းမာမာႏွင့္ မွတ္ပုံတင္ထဲအထိ ေ႐ႊရည္သိန္းတန္ လို႔အေဖနာမည္ေပးခဲ့တာကို အၿမဲသတိရတယ္ေဖေဖ..သမီးေပ်ာ္တယ္။ ဘာေလာကဓံႀကဳံႀကဳံ သမီးေ
က်နပ္တယ္။
ေဖေဖ့သမီးျဖစ္ရတာ ဂုဏ္ယူတယ္ ေဖေဖ.. ေခါင္းမာတာေရာ ဘဝနာတာေရာ ဘာေတြတူရတူရ ေဖေဖႏွင့္သာတူရမယ္ဆို ဒီနာမည္ေလးကိုတသက္လုံး တျ
မတ္တနိုးႏွင့္
ေသသည္အထိ သမီးအရာရာကို အေကာင္းဆုံး ျဖတ္ေက်ာ္ျပသြားမယ္။ ေဖေဖက သမီးအတြက္ တဘဝစာ လမ္းျပခဲ့သူ HERO ႀကီးပါေဖေဖရယ္🙏
🙏🙏” ဆိုၿပီး ရင္ဖြင့္လာခဲ့တာျဖစ္ပါတယ္။
ေ႐ႊရည္သိန္းတန္ကေတာ့ သူမရဲ႕သြားေလသူဖခင္ႀကီးကို သတိတရရွိစြာနဲ႕ သူမရဲ႕ ေ႐ႊရည္သိန္းတန္ဆိုတဲ့ နာမည္ဟာ ဘဝၾကမ္းတမ္းလိမ့္မယ္ဆိုတာကို သိသိႀ
ကီးနဲ႕ေတာင္ တျမတ္တနိုး ခံယူခဲ့ေၾကာင္းကို ေျပာျပလာခဲ့တာပဲျဖစ္ပါတယ္။