AA နှင့် NUG ဗီဒီယိုကွန်ဖရင့်ဖြင့်တွေ့ဆုံဆွေးနွေးမှု့သည်တပ်မတော်အပေါ်မခန့်လေးစားပြုရာရောက်ဟုဗိုလ်ချုပ်ဇော်မင်းထွန်းပြော
ဒုတိယအကြိမ်မြောက် AA နှင့် NUG တို့၏တွေ့ဆုံဆွေးနွေးမှု့သည်တပ်မတော်အပေါ်မခန့်လေးစားပြုရာရောက်ပြီး
AA အပေါ်တပ်မတော်၏ငဲ့ညှာထောက်ထားမှု့ကိုအလွဲသုံးစားပြု၍ စော်ကားလိုက်ခြင်းဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောဆိုလိုက်ပါတယ်။
တပ်ချုပ်ကတော်ကြီးဒေါ်ကြူကြူလှ၏ တောင်းဆိုချက်ကြောင့် AA အပေါ်တပ်ချုပ်ကြီးမှအလျော့ပေးဆက်ဆံမှုပြုနေသည့်ကြားမှ
ယခုကဲ့သို့စော်ကားလိုက်ခြင်းသည် တပ်မတော်ထိပ်တန်းအရာရှိကြီးများအကြားဂယက်ရိုက်မှုပြင်းထန်ခဲ့ပြီး
တပ်မတော်ဂုဏ်သိက္ခာကိုလည်းထိခိုက်စေတယ်လို့ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။ တပ်ချုပ်ကတော်ဒေါ်ကြူကြူလှသည်
ရခိုင်လူမျိုးဖြစ်ပြီး AA နှင့်ပတ်သတ်၍သဘောထားပျော့ပြောင်းသည်ဟုသူနှင့်နီးစပ်သူအချို့ကပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက AA အနေဖြင့် NUG နှင့်ကင်းကင်းနေသင့်ပြီး NCA သဘောတူညီချက်စာချုပ်တွင်ပါဝင်လက်မှတ်ထိုး၍
ရက္ခိုင့် EAO အနေအထားရယူကာ တပ်မတော်နှင့်လက်တွဲကာ တိုင်းကျိုးပြည်ပြုလုပ်ငန်းစဥ်များတွင်ကူညီဆောင်ရွက်သင့်တယ်လို့ပြောဆိုသည်။
တပ်မတော်သတင်းပြန်ကြားရေး