အလွပေရးရာ

ဆိုင်သွားစရာမလိုပဲ ဆံပင်ကို အိစက်ပြီးပျော့ပျောင်းသွားချင်သူတွေအတွက် သဘာဝနည်းလမ်းလေးပါ

ဆိုင်သွားစရာမလိုပဲ ဆံပင်ကို အိစက်ပြီးပျော့ပျောင်းသွားချင်သူတွေအတွက် သဘာဝနည်းလမ်းလေးပါ

ပျက်ဆီးနေတဲ့ ဆံသားတွေ အတွက် ပြန်လည် အားဖြည့်ပေးမယ် ဆံသားခြောက်တဲ့ သူတွေ အတွက် အထူးကောင်းတဲ့ နည်းလမ်းလေးပါငှက်ပျောသီး တစ်လုံး ၊ ကြက်ဥတစ်လုံး ၊ ပျားရည် ထမင်းစားဇွန်းတစ်ဇွန်း

သုံးမျိုးကို ရောချေပြီး ဆံသားကို အရင်းမှ အဖျားထိ လိမ်းပေးပါ တစ်နာရီထိထားလို့ ရပါတယ် ခြောက်တဲ့ အထိထားလဲ ရပါတယ်။ ပြီးရင် လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ရုံ ပါပဲ

ပါဝင်ပစ္စည်း သုံးခုလုံးက သဘာဝပစ္စည်းတွေ ပဲမို့ ဆိုးကျိုးဖြစ်မှာ ပူစရာမလို ပါဘူးနော် ငှက်ပျောသီးက ဆံသားကို အာဟာရ ဓာတ်တွေဖြည့်ပေးပြီး ဆံပင်တွေ ကို ကျန်းမာသန်စွမ်း စေတယ်

ပျားရည်က ဦးရေပြားက ဆဲလ်သေတွေ ဖယ်ရှားပြီး ဦးရေပြားကိုအစိုဓာတ်ဖြည့်ပေးတယ် ဆံသားတွေကို အိစက်စေတယ် ကြက်ဥကလဲ ဆံသားတွေကို ကျန်းမာစေ တယ် ဆံသားကို အားဖြည့်ပေးတယ်။

ဒါကြောင့် ဆံပင် အုံထူချင် တဲ့သူ ဆံပင် အရှည်မြန်ချင် သူတွေလဲ ဒီနည်းလမ်းလေးကို လုပ်ပေးလို့ ရပါတယ် တစ်ပတ်ကို နှစ်ကြိမ်ထိလုပ်ပေးလို့ ရပါ တယ်။ အခုပို့စ် ကိုလဲ ကိုယ်နဲ့ အတူ အခြား သူတွေပါအကျိုး ရှိစေဖို့ share ပေးကြ ပါအုံးနော်

Credit







Credit