အလွပေရးရာ

သံလွင်ဆီကို အသုံးပြုပြီး ကြည်လင်တောက်ပတဲ့ Glow Skinဖြစ်သွားစေမယ့် နည်းလမ်းများ

သံလွင်ဆီကို အသုံးပြုပြီး ကြည်လင်တောက်ပတဲ့ Glow Skinဖြစ်သွားစေမယ့် နည်းလမ်းများ

သံလွင်ဆီဟာ အလှအပအတွက် သာမက ကျန်းမာရေး အတွက်ပါ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ

ကတည်းက အသုံးပြုခဲ့ကြတဲ့ ဆေးကောင်း တစ်လက် ဖြစ်ပါတယ်။ သံလွင်ဆီ ဟာဆိုရင်

အသားအရေကို စိုပြည် လှပစေပြီး အရေပြားပေါ်က ဆဲလ်တွေကို အသစ်အသစ်တွေ ဖြစ်ပေါ်စေ

နိုင်တာကြောင့် အသားအရေကို အထူး လှပစေပါတယ်။ ခု ဖော်ပြပေးမှာ ကတော့ သံလွင်ဆီကို

သုံးပြီး အသားအရေကို ကြည်လင် တောက်ပစေမယ့် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။

( ၁ ) သံလွင်ဆီနဲ့ သံပုယိုရည်

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သံပုယိုရည်၊ လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကို သမအောင်

ရောမွှေ လိုက်ပါ။ ရလာတဲ့ အရည်ကို မျက်နှာပေါ်မှာ လိမ်းပြီး နှစ်မိနစ်ခန့် နှိပ်နယ်ကာ နာရီဝက်

ထားလိုက်ပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့ ဆေးကြောပေးပြီး နောက်ဆုံးမှာ ရေအေးလေးနဲ့

ပြန်ဆေးပေးလိုက်ပါ။ ဒီ နည်းလမ်းလေးနဲ့ အဆင်ပြေရင် တစ်ပတ်ကို ၂ ကြိမ် ခန့် ပြုလုပ်

ပေးနိုင်ပါတယ်။

( ၂ ) သံလွင်ဆီနဲ့ ပျားရည်

သံလွင်ဆီ လက်ဖက်ရည် ဇွန်း ၁ဇွန်း၊ ပျားရည် လက်ဖက်ရည် ဇွန်း ၁ဇွန်းနဲ့ ကြက်ဥအနှစ် ၁လုံး

တို့ကို သမသွားအောင် ရောမွှေလိုက်ပါ။ ရလာတဲ့ အနှစ်ကို သန့်စင်တဲ့ မျက်နှာပေါ်မှာ လိမ်းပြီး

၁၅ မိနစ်ခန့် ထားကာ ရေနွေးနဲ့ ဆေးကြောလိုက်ပါ။ တစ်ပတ်ကို ၂ကြိမ် ပြုလုပ်ပေးရပါမယ်။

( ၃ ) စနွင်းမှုန့်နဲ့ သံလွင်ဆီ

စနွင်းမှုန့် လက်ဖက်ရည် ဇွန်း တစ်ဝက်၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ဇွန်းနဲ့ ဒိန်ချဉ် အသန့်

လက်ဖက်ရည် ဇွန်း ၂ဇွန်းတို့ကို ရောစပ်လိုက်ပါ။ ရလာတဲ့ အနှစ်ကို မျက်နှာပေါ်မှာ လိမ်းပြီး

၁ဝမိနစ်ခန့် အကြာမှာ မျက်နှာသစ်လိုက်ပါ။ ဒီနည်းလမ်းကို တစ်ပတ် ၂ကြိမ်ပြုလုပ်ပေးနိုင်

ပါတယ်။

( ၄ ) သံလွင်ဆီနဲ့ ရှာလကာရည်

သံလွင်ဆီ ခွက်တစ်ခွက်ရဲ့ တစ်ဝက်၊ ရှာလကာရည် ခွက်တစ်ခွက်ရဲ့ ၄ပုံ ၁ပုံ၊ ရေခွက် တစ်ခွက်ရဲ့

၄ပုံ တစ်ပုံ တို့ကို သေသေချာချာ ရောမွှေလိုက်ပါ။ အိပ်ရာဝင်ခါနီးမှာ ရလာတဲ့ အရည်ကို သန့်စင်ပြီး

မျက်နှာပေါ်မှာ လိမ်းပြီး မျက်နှာပြန်သစ်စရာ မလိုပါဘူး။ ညစဉ် ညတိုင်း ပြုလုပ်ပေးနိုင်ပါတယ်။

Credit

သံလြင္ဆီကို အသုံးျပဳၿပီး ၾကည္လင္ေတာက္ပတဲ့ Glow Skinျဖစ္သြားေစမယ့္ နည္းလမ္းမ်ား

သံလြင္ဆီဟာ အလွအပအတြက္ သာမက က်န္းမာေရး အတြက္ပါ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာ

ကတည္းက အသုံးျပဳခဲ့ၾကတဲ့ ေဆးေကာင္း တစ္လက္ ျဖစ္ပါတယ္။ သံလြင္ဆီ ဟာဆိုရင္

အသားအေရကို စိုျပည္ လွပေစၿပီး အေရျပားေပၚက ဆဲလ္ေတြကို အသစ္အသစ္ေတြ ျဖစ္ေပၚေစ

ႏိုင္တာေၾကာင့္ အသားအေရကို အထူး လွပေစပါတယ္။ ခု ေဖာ္ျပေပးမွာ ကေတာ့ သံလြင္ဆီကို

သုံးၿပီး အသားအေရကို ၾကည္လင္ ေတာက္ပေစမယ့္ နည္းလမ္းေလးေတြပဲ ျဖစ္ပါတယ္။

( ၁ ) သံလြင္ဆီနဲ႔ သံပုယိုရည္

သံလြင္ဆီ လက္ဖက္ရည္ဇြန္း ၁ ဇြန္းနဲ႔ သံပုယိုရည္၊ လက္ဖက္ရည္ဇြန္း တစ္ဇြန္းတို႔ကို သမေအာင္

ေရာေမႊ လိုက္ပါ။ ရလာတဲ့ အရည္ကို မ်က္ႏွာေပၚမွာ လိမ္းၿပီး ႏွစ္မိနစ္ခန႔္ ႏွိပ္နယ္ကာ နာရီဝက္

ထားလိုက္ပါ။ ၿပီးရင္ေတာ့ ေရေႏြးေလးနဲ႔ ေဆးေၾကာေပးၿပီး ေနာက္ဆုံးမွာ ေရေအးေလးနဲ႔

ျပန္ေဆးေပးလိုက္ပါ။ ဒီ နည္းလမ္းေလးနဲ႔ အဆင္ေျပရင္ တစ္ပတ္ကို ၂ ႀကိမ္ ခန႔္ ျပဳလုပ္

ေပးႏိုင္ပါတယ္။

( ၂ ) သံလြင္ဆီနဲ႔ ပ်ားရည္

သံလြင္ဆီ လက္ဖက္ရည္ ဇြန္း ၁ဇြန္း၊ ပ်ားရည္ လက္ဖက္ရည္ ဇြန္း ၁ဇြန္းနဲ႔ ၾကက္ဥအႏွစ္ ၁လုံး

တို႔ကို သမသြားေအာင္ ေရာေမႊလိုက္ပါ။ ရလာတဲ့ အႏွစ္ကို သန႔္စင္တဲ့ မ်က္ႏွာေပၚမွာ လိမ္းၿပီး

၁၅ မိနစ္ခန႔္ ထားကာ ေရေႏြးနဲ႔ ေဆးေၾကာလိုက္ပါ။ တစ္ပတ္ကို ၂ႀကိမ္ ျပဳလုပ္ေပးရပါမယ္။

( ၃ ) စႏြင္းမႈန႔္နဲ႔ သံလြင္ဆီ

စႏြင္းမႈန႔္ လက္ဖက္ရည္ ဇြန္း တစ္ဝက္၊ သံလြင္ဆီ လက္ဖက္ရည္ဇြန္း ၁ဇြန္းနဲ႔ ဒိန္ခ်ဥ္ အသန႔္

လက္ဖက္ရည္ ဇြန္း ၂ဇြန္းတို႔ကို ေရာစပ္လိုက္ပါ။ ရလာတဲ့ အႏွစ္ကို မ်က္ႏွာေပၚမွာ လိမ္းၿပီး

၁၀မိနစ္ခန႔္ အၾကာမွာ မ်က္ႏွာသစ္လိုက္ပါ။ ဒီနည္းလမ္းကို တစ္ပတ္ ၂ႀကိမ္ျပဳလုပ္ေပးႏိုင္

ပါတယ္။

( ၄ ) သံလြင္ဆီနဲ႔ ရွာလကာရည္

သံလြင္ဆီ ခြက္တစ္ခြက္ရဲ႕ တစ္ဝက္၊ ရွာလကာရည္ ခြက္တစ္ခြက္ရဲ႕ ၄ပုံ ၁ပုံ၊ ေရခြက္ တစ္ခြက္ရဲ႕

၄ပုံ တစ္ပုံ တို႔ကို ေသေသခ်ာခ်ာ ေရာေမႊလိုက္ပါ။ အိပ္ရာဝင္ခါနီးမွာ ရလာတဲ့ အရည္ကို သန႔္စင္ၿပီး

မ်က္ႏွာေပၚမွာ လိမ္းၿပီး မ်က္ႏွာျပန္သစ္စရာ မလိုပါဘူး။ ညစဥ္ ညတိုင္း ျပဳလုပ္ေပးႏိုင္ပါတယ္။

Credit