အလွပေရးရာ

ခန္ဓာကိုယ် သွယ်လျလှပဖို့အတွက် ဂျပန်လူမျိုးတွေရဲ့ အရိုးရှင်းဆုံးနည်းလမ်းကောင်း (၆) မျိုး

ဂျပန်လူမျိုးတွေဟာ ကျန်းမာရေးနဲ့ အလှအပ ကို ဦးစားပေးတဲ့လူမျိုးတွေဖြစ်ပြီး ပိန်သွယ်လှပတဲ့ခန္ဓာကိုယ် ကြည်လင်

တဲ့အသားအရေမျိုးရအောင် ဂရုစိုက်တတ်တဲ့လူမျိုးတွေဖြစ်ပါတယ်။

အစားအသောက်ကို ကျန်းမာရေးနဲ့ညီညွှတ်အောင် စားတဲ့အပြင် အဆီမတက်အောင်လည်း သေချာဂရုစိုက်ကြပါတယ်။

ဒါကြောင့် ပျိုမေတို့အတွက် ဂျပန်လူမျိုးတွေရဲ့ ကိုယ် အလေးချိန်မတက်အောင် စားသောက်နေထိုင်နည်းလမ်းလေးတွေ

ကို မျှဝေချင်ပါတယ်။ ကျန်းမာ၊ လှပတဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ဖို့ ဒါလေးတွေကို နေ့တိုင်းလိုက်နာလိုက်ပါနော်

(၁) အချိန်ယူစားသောက်ပါ

အစားအသောက်စားတဲ့အခါ အချိန်သေချာမပေးဘဲ ကတိုက်ကရိုက်စားတာက ကိုယ်အလေးချိန်တက်ခြင်းရဲ့ အဓိက တရားခံဖြစ်ပါတယ်။ ဒါကြောင့် အစားစားဖို့အတွက် အနည်းဆုံးနာရီဝက်လောက် အချိန်ပေးသင့်ပါတယ်။ တခြားလုပ်စရာအလုပ်တွေကို မြန်မြန်သွက်သွက်လေး လုပ်ပြီး မနက်စာ၊ နေ့လည်စာ၊ ညနေစာတို့ကို သေချာအချိန်ယူပြီးစားပါ။

(၂) နေ့စဉ်နေ့တိုင်းတူညီတဲ့ပမာဏကိုစားပါ

နောက်ထပ်အံ့သြစရာကောင်းတဲ့ အချက်က အစားစားတဲ့အခါ နေ့တိုင်းတူညီတဲ့ ပမာဏကိုပဲစားတာက ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပါတယ်။ ဥပမာ – မနက်စာကို ကယ်လိုရီ ၅၀၀ စားမယ်ဆိုရင်၊ နေ့တိုင်း ဒီပမာဏပဲစားပြီး ၊ နေ့လည်စာကို ကယ်လိုရီ ၁၀၀၀ စားရင် နေ့တိုင်း နေ့လည်စာကို အဲ့ဒီပမာဏပဲ စားပေးပါ။ ပမာဏများတာမများတာထက် နေ့တိုင်းတူညီတဲ့ ပမာဏကိုစားရင် ဝိတ်မတက်ပါဘူး။

(၃) အစားစားပြီးတိုင်း Green tea ဒါမှမဟုတ် လက်ဖက်ရည်ကြမ်းသောက်ပါ

Green tea ၊ လက်ဖက်ရည်ကြမ်းတွေက ခန္ဓာကိုယ်ထဲက စွမ်းအင်ကိုမြင့်တက်စေပြီး ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ အစွမ်းလည်းရှိတာကြောင့် ကိုယ်အလေးအချိန်မတက်အောင် ထိန်းပေးတဲ့အပြင် အစားအသောက်ကြောင့် အဆိပ်အတောက်မဖြစ်အောင်လည်း တားဆီးပေးပါတယ်။ ဒါကြောင့် ဝိတ်ချနေတဲ့သူ၊ ဝိတ်ထိန်းချင်တဲ့သူတွေအနေနဲ့ အစားစားပြီးတိုင်း green tea ဒါမှမဟုတ် လက်ဖက်ရည်ကြမ်းတစ်ခွက်လောက်သောက်ပေးပါ။

(၄) ပဲပုပ် နဲ့ ပဲပုပ်ကရတဲ့အစားအစာတွေစားပါ

ပဲပုပ်မှာ protein နဲ့ phytoestrogens ပါဝင်တာကြောင့် စားလိုက်ရင် ပြည့်ဝတဲ့ခံစားချက်ကို ရစေပြီး ခန္ဓာကိုယ်အတွက် ဆိုးကျိုးသက်ရောက်မှု မရှိသလောက်နည်းတဲ့အပြင် အမျိုးသမီးအများစုဖြစ်လေ့ဖြစ်ထရှိတဲ့ သွေးဆုံးချိန်ဝေဒနာတွေကိုလည်း လျော့နည်းစေပါတယ်။ ဒါကြောင့် ပဲပုပ်နဲ့ ပဲပုပ်ကရတဲ့ အစားအစာတွေကို စားပေးပါ။

(၅) သရေစာအဖြစ် အသီးအနှံတွေစားပါ

ဝိတ်ချနေတဲ့အချိန်ဟာ သရေစာကြိုက်တဲ့သူတွေအတွက်တော့ တော်တော်လေးဒုက္ခရောက်တဲ့အချိန်ပါ။ ဒီအချိန်မှာ ဆားပါဝင်မှုများတဲ့ အသင့်စားသရေစာတွေအစား အသီးအနှံနဲ့လုပ်ထားတဲ့ အစားအစာတွေကို စားပေးပါ။

(၆) နေ့လည်စာကိုထမင်းစားပါ

ထမင်းစားတာက ဝိတ်တက်စေတဲ့ အဓိကတရားခံလို့ ပြောကြပေမယ့် ဂျပန်လူမျိုးတွေကတော့ နေ့လည်စာကို ထမင်းစားဖို့တိုက်တွန်းထားပါတယ်။ ထမင်းက ကယ်လိုရီပါဝင်မှုများပေမယ့် တကယ်တမ်းလူကို ပြည့်ဝစေပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အားအင်တွေကို ဖြည့်ဆည်းပေးတာကြောင့် လူကိုကြံ့ခိုင်စေပါတယ်။

ဒါကြောင့် ပိန်ပြီးအားနည်းနေတာမျိုးမဟုတ်ဘဲ ပိန်ပိန်သွယ်သွယ်လေးနဲ့ အားအင်ပြည့်ဝတဲ့သူတစ်ယောက်ဖြစ်ဖို့ နေ့လည်စာကိုတော့ ထမင်းစားပါလို့ ပြောထားပါတယ်။

Credit : Aunty may

Unicode

ခန္ဓာကိုယ် သွယ်လျလှပဖို့အတွက် ဂျပန်လူမျိုးတွေရဲ့ အရိုးရှင်းဆုံးနည်းလမ်းကောင်း (၆)မျိုး

ဂျပန်လူမျိုးတွေဟာ ကျန်းမာရေးနဲ့ အလှအပ ကို ဦးစားပေးတဲ့လူမျိုးတွေဖြစ်ပြီး ပိန်သွယ်လှပတဲ့ခန္ဓာကိုယ် ကြည်လင်တဲ့အသားအရေမျိုးရအောင် ဂရုစိုက်တတ်တဲ့လူမျိုးတွေဖြစ်ပါတယ်။ အစားအသောက်ကို ကျန်းမာရေးနဲ့ညီညွှတ်အောင်စားတဲ့အပြင် အဆီမတက်အောင်လည်း သေချာဂရုစိုက်ကြပါတယ်။ ဒါကြောင့် ပျိုမေတို့အတွက် ဂျပန်လူမျိုးတွေရဲ့ ကိုယ်အလေးချိန်မတက်အောင် စားသောက်နေထိုင်နည်းလမ်းလေးတွေကို မျှဝေချင်ပါတယ်။ ကျန်းမာ၊ လှပတဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ဖို့ ဒါလေးတွေကို နေ့တိုင်းလိုက်နာလိုက်ပါနော်။

(၁) အချိန်ယူစားသောက်ပါ

အစားအသောက်စားတဲ့အခါ အချိန်သေချာမပေးဘဲ ကတိုက်ကရိုက်စားတာက ကိုယ်အလေးချိန်တက်ခြင်းရဲ့ အဓိက တရားခံဖြစ်ပါတယ်။ ဒါကြောင့် အစားစားဖို့အတွက် အနည်းဆုံးနာရီဝက်လောက် အချိန်ပေးသင့်ပါတယ်။ တခြားလုပ်စရာအလုပ်တွေကို မြန်မြန်သွက်သွက်လေး လုပ်ပြီး မနက်စာ၊ နေ့လည်စာ၊ ညနေစာတို့ကို သေချာအချိန်ယူပြီးစားပါ။

(၂) နေ့စဉ်နေ့တိုင်းတူညီတဲ့ပမာဏကိုစားပါ

နောက်ထပ်အံ့သြစရာကောင်းတဲ့ အချက်က အစားစားတဲ့အခါ နေ့တိုင်းတူညီတဲ့ ပမာဏကိုပဲစားတာက ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပါတယ်။ ဥပမာ – မနက်စာကို ကယ်လိုရီ ၅၀၀ စားမယ်ဆိုရင်၊ နေ့တိုင်း ဒီပမာဏပဲစားပြီး ၊ နေ့လည်စာကို ကယ်လိုရီ ၁၀၀၀ စားရင် နေ့တိုင်း နေ့လည်စာကို အဲ့ဒီပမာဏပဲ စားပေးပါ။ ပမာဏများတာမများတာထက် နေ့တိုင်းတူညီတဲ့ ပမာဏကိုစားရင် ဝိတ်မတက်ပါဘူး။

(၃) အစားစားပြီးတိုင်း Green tea ဒါမှမဟုတ် လက်ဖက်ရည်ကြမ်းသောက်ပါ

Green tea ၊ လက်ဖက်ရည်ကြမ်းတွေက ခန္ဓာကိုယ်ထဲက စွမ်းအင်ကိုမြင့်တက်စေပြီး ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ အစွမ်းလည်းရှိတာကြောင့် ကိုယ်အလေးအချိန်မတက်အောင် ထိန်းပေးတဲ့အပြင် အစားအသောက်ကြောင့် အဆိပ်အတောက်မဖြစ်အောင်လည်း တားဆီးပေးပါတယ်။ ဒါကြောင့် ဝိတ်ချနေတဲ့သူ၊ ဝိတ်ထိန်းချင်တဲ့သူတွေအနေနဲ့ အစားစားပြီးတိုင်း green tea ဒါမှမဟုတ် လက်ဖက်ရည်ကြမ်းတစ်ခွက်လောက်သောက်ပေးပါ။

(၄) ပဲပုပ် နဲ့ ပဲပုပ်ကရတဲ့အစားအစာတွေစားပါ

ပဲပုပ်မှာ protein နဲ့ phytoestrogens ပါဝင်တာကြောင့် စားလိုက်ရင် ပြည့်ဝတဲ့ခံစားချက်ကို ရစေပြီး ခန္ဓာကိုယ်အတွက် ဆိုးကျိုးသက်ရောက်မှု မရှိသလောက်နည်းတဲ့အပြင် အမျိုးသမီးအများစုဖြစ်လေ့ဖြစ်ထရှိတဲ့ သွေးဆုံးချိန်ဝေဒနာတွေကိုလည်း လျော့နည်းစေပါတယ်။ ဒါကြောင့် ပဲပုပ်နဲ့ ပဲပုပ်ကရတဲ့ အစားအစာတွေကို စားပေးပါ။

(၅) သရေစာအဖြစ် အသီးအနှံတွေစားပါ

ဝိတ်ချနေတဲ့အချိန်ဟာ သရေစာကြိုက်တဲ့သူတွေအတွက်တော့ တော်တော်လေးဒုက္ခရောက်တဲ့အချိန်ပါ။ ဒီအချိန်မှာ ဆားပါဝင်မှုများတဲ့ အသင့်စားသရေစာတွေအစား အသီးအနှံနဲ့လုပ်ထားတဲ့ အစားအစာတွေကို စားပေးပါ။

(၆) နေ့လည်စာကိုထမင်းစားပါ

ထမင်းစားတာက ဝိတ်တက်စေတဲ့ အဓိကတရားခံလို့ ပြောကြပေမယ့် ဂျပန်လူမျိုးတွေကတော့ နေ့လည်စာကို ထမင်းစားဖို့တိုက်တွန်းထားပါတယ်။ ထမင်းက ကယ်လိုရီပါဝင်မှုများပေမယ့် တကယ်တမ်းလူကို ပြည့်ဝစေပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အားအင်တွေကို ဖြည့်ဆည်းပေးတာကြောင့် လူကိုကြံ့ခိုင်စေပါတယ်။ ဒါကြောင့် ပိန်ပြီးအားနည်းနေတာမျိုးမဟုတ်ဘဲ ပိန်ပိန်သွယ်သွယ်လေးနဲ့ အားအင်ပြည့်ဝတဲ့သူတစ်ယောက်ဖြစ်ဖို့ နေ့လည်စာကိုတော့ ထမင်းစားပါလို့ ပြောထားပါတယ်။

Credit : Aunty may