အလှပရေးရာ
(၂) ၀က်ခြံပြသာနာများ
သွားတိုက်ဆေးနဲ့ လက်သည်း၊ ခြေသည်းတို့ကို သွားပွတ်တံ (သို့) ဂွမ်းစလေးနဲ့ ၅ မိနစ်ခန့် ပွတ်တိုက်ပေးပြီး ရေဆေးချလိုက်မယ်ဆိုရင် ပိုမိုလှပတောက်ပြောင်တဲ့ လက်သည်း၊ ခြေသည်းလေးတွေကို ပိုင်ဆိုင်နိုင်မှာပါ …။
Unicode,
ကိုယ်တွေနေ့တိုင်းသုံးနေတဲ့ သွားတိုက်ဆေး ဒီလို အစွမ်းထက်မှန်းသိပြီးပီလား…
ားတိုက်ဆေးကို မနက်တိုင်း သွား သန့်ရှင်းတောက်ပြောင်ဖို့နဲ့ ခံတွင်းနံ့ကင်းစင်ဖို့ အတွက်ပဲ အသုံးပြုလို့ရတာ မဟုတ်ဘူး …။
သွားတိုက်ဆေးနဲ့ အခြားဖြေရှင်းလို့ရမယ့် နည်းလမ်းအချို့လည်း ရှိပါသေးတယ် နော် …။
(၁) အမဲစက်နဲ့ အမဲကွက်ပြသာနာများ
သွားတိုက်ဆေး ၁ ဇွန်း နှင့် သံပုရာရည် ၂ စက် တို့ကို ရောသမမွှေပြီး
ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမဲစက်နှင့် အမဲကွက်များပေါ်သို့ ပွတ်လိမ်းပေးပြီး ၁၀ မိနစ် (သို့) ၁၅ မိနစ်ခန့် ထားပါ။ ပြီးလျှင် ရေဆေး ချလိုက်ပါ …။
(၂) ဝက်ခြံပြသာနာများ
သွားတိုက်ဆေးကို နားကြပ်တံ သို့ ဂွမ်းတံလေးနဲ့ ယူပြီး ဝက်ခြံပေါက်နေသည့် နေရာများကို ပါးပါးလေး ပွတ်လိမ်းပေးပါ …။
နာရီအနည်းငယ် သို့ တစ်ညလုံးနီးပါးလိမ်းထားပြီး ရေနဲ့ဆေးချလိုက်မယ်ဆိုရင် ဝက်ခြံတွေ ချပ်သွားတာကို တွေ့ရပါလိမ့်မယ် …။
ဒီနည်းလမ်းဟာ လူတိုင်းနဲ့တော့အဆင်မပြေနိုင်ပါဘူး၊ အသားအရေ Sensitive ဖြစ်တဲ့ သူတွေဆိုရင်တော့ မပြုလုပ်သင့်ပါဘူး …။
(၃) အသားအရေ ချောမွေ့ဖြူနိုင်ခြင်း
သွားတိုက်ဆေး ၁ ဇွန်း နှင့် ခရမ်းချဉ်သီးအရည် ၁ ဇွန်းတို့ကို ရောပြီး သုတ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့်ထားပြီး ရေဆေးချလိုက်ပါ …။
(၄) ဆားဝက်ခြံပြသာနာများ
သွားတိုက်ဆေးနဲ့ ဆားနဲ့ Rose Water အရည်တို့ကို ရောမွေပြီး ဆားဝက်ခြံရှိတဲ့ နေရာတွေမှာ ခပ်ပါးပါးလေးလိမ်းပြီး ၁၀ မိနစ်ခန့် စက်ဝိုင်းပုံဖြင့် ညင်သာစွာ ပွတ်လိမ်းပေးပါ …။
ပြီးလျှင် ရေအေးနဲ့ ဆေးချလိုက်တာနဲ့ ဆားဝက်ခြံတွေ သိသိသာသာ လျော့ကျသွားတာပါ တွေ့ရပါလိမ့်မယ် …။
(၅) မလိုချင်တဲ့ အမွှေးအမျှင်တွေဖယ်ရှားနိုင်ခြင်း
သွားတိုက်ဆေး၊ သံပုရာရည် နှင့် သကြားတို့ကို ရောမွှေပြီး လိမ်းပေးပါ။ ခြောက်လျှင် ရေအေးနဲ့ ဆေးချလိုက်ပါ …။
(၆) အနံ့အသက်စွဲခြင်းများကို ဖယ်ရှားနိုင်ခြင်း
အကယ်၍ လက်မှာ အနံ့အသက်ပြင်းတာတွေကိုင်မိလို့ စွဲနေမယ်ဆိုရင်လည်း သွားတိုက်ဆေးနဲ့ ဆေးကြောသန့်စင်လိုက်တာနဲ့ အနံ့အသက် ကင်းစင်နိုင်မှာပဲ ဖြစ်ပါတယ် …။
(၇) လက်သည်း၊ ခြေသည်းများအား သန့်ရှင်းနိုင်ခြင်း
လူတစ်ယောက်မှာ မျက်နှာပြီးရင် လက်သည်း၊ ခြေသည်းတွေဟာလည်း လှပနေဖို့ အရေးကြီးဆုံးထဲမှာ ပါပါတယ်နော် …။
သွားတိုက်ဆေးနဲ့ လက်သည်း၊ ခြေသည်းတို့ကို သွားပွတ်တံ (သို့) ဂွမ်းစလေးနဲ့ ၅ မိနစ်ခန့် ပွတ်တိုက်ပေးပြီး ရေဆေးချလ်ိုက်မယ်ဆိုရင် ပိုမိုလှပတောက်ပြောင်တဲ့ လက်သည်း၊ ခြေသည်းလေးတွေကို ပိုင်ဆိုင်နိုင်မှာပါ …။
(၈) မျက်နှာအဆီပြန်ခြင်းကို လျှော့နည်းစေခြင်း
သွားတိုက်ဆေးနဲ့ ဆားနဲ့ကို ရေနဲ့ဖျော်ပြီး မနက်တိုင်း မျက်နှာသစ်ရင်း သစ်ပေးရင် တစ်နေ့လုံးအဆီပြန်တာကို လျှော့နည်းလာတာကို တွေ့ရမှာပဲ ဖြစ်ပါတယ် …။
(၉) နှုတ်ခမ်းသားလေးတွေ နူးညံ့အောင်ပြုလုပ်နိုင်ခြင်း
သွားတိုက်ဆေးကို နှုတ်ခမ်းသားလေးတွေ နူးညံ့အိစက်နိုင်အောင်လည်း ဆဲလ်သေတွေကို ဖယ်ရှားတဲ့ နေရာမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ် …။
သွားတိုက်ဆေးနဲ့ မုန့်ဖုတ်ဆိုဒါနဲ့ရောပြီး နှုတ်ခမ်းသားကို သွားတိုက်တံ သို့မဟုတ် ဂွမ်းစလေးနဲ့ ညင်ညင်သာသာလေး ပွတ်တိုက်ပေးရပါမယ် …။
သွားတိုက်ဆေးကို အများကြီးတော့ မသုံးရပါဘူး။ အဲလိုလေး ပြုလုပ်ပေးမယ်ဆိုရင် သင့်နှုတ်ခမ်းသားမှ ဆဲလ်သေတွေ ကင်းစင်ပြီး နူးညံ့တဲ့နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ် …။
ပျိုမေတို့ရဲ့ အလှအပ ကျန်းမာရေးဆိုင်ရာ သဘာဝနည်းလမ်းများကို အစဉ်အမြဲ သိရှိနိုင်ဖို့အတွက် ပေ့လေးကို Like And See First လုပ်ထားဖို့ မမေ့နဲ့အုံးနော် …။ ။
Credit : Original Writer