အလွပေရးရာ

ချောမွှတ်နေတဲ့ မျက်နှာလေး ပိုင်ဆိုင်လိုခြင်သူတွေအတွက်….

ချောမွှတ်နေတဲ့ မျက်နှာလေး ပိုင်ဆိုင်လိုခြင်သူတွေအတွက်

ချောမွှတ်နေတဲ့ မျက်နှာလေး ပိုင်ဆိုင်

Skin care အသုံးပြုပုံအဆင့်ဆင့်

skin care ဥပဒေသအရ ဈေးအကြီးဆုံးပစ္စည်းတိုင်း ကိုယ်နဲ့ကိုက်ညီချင်မှ ကိုက်ညီမယ်၊ ကောင်းကောင်း အသုံးမပြုတတ်ရင် အာနိသင်လည်း နည်းသွားတတ်သေးတယ်။

ကိုယ်က ဘယ်ပစ္စည်းနဲ့ ကိုက်ညီသလဲ၊ ဘာအတွက် သုံးချင်တာလဲ၊ ဘယ်ပစ္စည်းက ကိုယ့်အတွက် အသုံးဝင်နိုင်မလဲ ဆိုတာ သေချာနားလည်ဖို့လိုပါတယ်။

ကိုယ့်အရေပြားကိုယ်သေချာ နားမလည်၊ သူများကောင်းတယ် ဆိုတိုင်း လိုက်သုံးနေတာလည်း သိပ်မှားတယ်။ အဲလိုမဖြစ်အောင် skin care တွေအကြောင်း အသေးစိတ်နားလည်နေဖို့ လိုပါတယ်။

ဒီနေ့ skin care တွေမှာ အခြေခံအကျဆုံးဖြစ်တဲ့ အသုံးပြုပုံ အဆင့်ဆင့်ကို အရင်ဆုံး ဖော်ပြပါမယ်။ မျက်နှာလိမ်းဆေး သုံးစွဲပုံ အဆင့်ဆင့်

(၁) မျက်နှာသစ်ဆပ်ပြာအရင် သုံးပါ။

(၂) Toner တခုခု ဆက်လိမ်းပါ။ သန့်စင်တဲ့ ဂွမ်းစနဲ့ လိမ်းရပါတယ်။

(၃) ပြီးရင် အပေါ်က serums (သို့) gels တခုခုထပ်သုံးပါ။

(၄) အစိုဓာတ်ထိန်း moisturizer ဆက်သုံးနိုင်ပါတယ်။ (အများစုက နို့နှစ်ရည်ဖြစ်တယ်)

(၅) ပြီးရင် နေလောင်ကာလိမ်းဆေး sunscreen ဆက်သုံးချင် သုံးပါ။

(၆) နောက်ဆုံးရောက်မှသာ makeup primer (သို့) foundation တခုခုသုံးရပါတယ်။

(skin care တွေကို အထက်ပါအတိုင်း အစီစဉ်တကျ သုံးပါ။ ယေဘုယျအားဖြင့် အရည်ကြည်တွေကို အရင်သုံးပြီး အရည်ပျစ်တာတွေကို နောက်ဆုံးမှ လိမ်းရမယ်လို့ မှတ်ထားသင့်တယ်)

ညပိုင်းအသုံးပြုနည်း

ညဖက် အရေပြားလိမ်းဆေး သုံးတဲ့အခါ နံပါတ်(၄)ထိ အစဉ်တိုင်းသုံးနိုင်တယ်။ ဒါပေမယ့် sunscreen နဲ့ makeup မျိုး လုံးဝမသုံးသင့်ပါ။

အဆိုပါပစ္စည်းတွေက အဆီဂလင်း၊ချွေးဂလင်းတွေကို ပိတ်ဆို့စေတယ်။ အဆီပြန်စေပြီး ဝက်ခြံကို ဖြစ်စေတယ်။ အကယ်၍ ညပိုင်း bleaching creams(အရောင်ချွတ်ခရင်မ်) တခုခုလိမ်းချင်ရင် မအိပ်ခင် တနာရီလိုမှာ ကြိုလိမ်းထားဖို့ လိုပါတယ်။

ဒါမှသာ မျက်လုံးထဲ မရောက်အောင် ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်တယ်။

သတိပြုစရာ အချက်များ

(၁) တိုနာသုံးတဲ့အခါ ခြောက်သွေ့အောင်အရင် ထားပြီးမှ တခြားလိမ်းဆေးတွေဆက်သုံးပါ။

(၂) ညဖက်လိမ်းတဲ့အခါ moisturizer ကို နောက်ဆုံးမှလိမ်းရပါတယ်။ အဲဒီပေါ်မှာ ဘာမှ ထပ်မလိမ်းပါနဲ့။ (ဂျပန်လူမျိုးတွေကတော့ face mask ထပ်အုပ်တာမျိုးရှိပါတယ်)

(၃) မျက်နှာသစ်ဆပ်ပြာတွေကြောင့် အရေပြားရဲလာရင် အပေါ်မှာ ဘာမှမသုံးပဲ ခဏစောင့်ပါ။ ရဲတာ သက်သာမှ skin care တွေ ဆက်သုံးသင့်တယ်။

လိမ်းဆေး ရွေးချယ်နည်း

skin care တွေ သုံးတဲ့အခါ အဆီပြန်တဲ့အသားအရေမှာ ရေဓာတ်အခြေခံပစ္စည်းတွေသာ ရွေးချယ်သုံးစွဲသင့်တယ်။ cream type တွေ မသုံးသင့်ပါ။ အထူးသဖြင့် နွေရာသီလိုမျိုးမှာပါ။မျက်နှာ အဆီပြန်တာ၊ဝက်ခြံထွက်တာ ပိုဖြစ်နိုင်တယ်။

ခြောက်သွေ့တဲ့အသားရေအတွက် moisturizer နဲ့ serum လိုပစ္စည်းမျိုး သုံးသင့်ပါတယ်။ cream typeပုံစံသုံးနိုင်တယ်။

အရေပြားခြောက်သွေ့သူဖြစ်ဖြစ်၊ အဆီပြန်သူဖြစ်ဖြစ် moisturizer တမျိုးမျိုး သုံးဖို့ လိုပါတယ်။ moisturizerက ပြင်ပလေထုနဲ့ အရေပြားကြားအလွှာတခုအဖြစ်ကြားခံပေးလိမ့်မယ်။

ဒါမှသာ အစိုဓာတ်ကြောင့် မျက်နှာက အမြဲ ကြည်လင်သန့်စင်နေမှာ ဖြစ်ပါတယ်။

ဒေါ က်တာအေးမင်းထူး

Zawgyi

ေခ်ာမႊတ္ေနတဲ့ မ်က္ႏွာေလး ပိုင္ဆိုင္လိုျခင္သူေတြအတြက္

ေခ်ာမႊတ္ေနတဲ့ မ်က္ႏွာေလး ပိုင္ဆိုင္

Skin care အသုံးျပဳပုံအဆင့္ဆင့္

skin care ဥပေဒသအရ ေဈးအႀကီးဆုံးပစၥည္းတိုင္း ကိုယ္နဲ႔ကိုက္ညီခ်င္မွ ကိုက္ညီမယ္၊ ေကာင္းေကာင္း အသုံးမျပဳတတ္ရင္ အာနိသင္လည္း နည္းသြားတတ္ေသးတယ္။

ကိုယ္က ဘယ္ပစၥည္းနဲ႔ ကိုက္ညီသလဲ၊ ဘာအတြက္ သုံးခ်င္တာလဲ၊ ဘယ္ပစၥည္းက ကိုယ့္အတြက္ အသုံးဝင္ႏိုင္မလဲ ဆိုတာ ေသခ်ာနားလည္ဖို႔လိုပါတယ္။

ကိုယ့္အေရျပားကိုယ္ေသခ်ာ နားမလည္၊ သူမ်ားေကာင္းတယ္ ဆိုတိုင္း လိုက္သုံးေနတာလည္း သိပ္မွားတယ္။ အဲလိုမျဖစ္ေအာင္ skin care ေတြအေၾကာင္း အေသးစိတ္နားလည္ေနဖို႔ လိုပါတယ္။

ဒီေန႔ skin care ေတြမွာ အေျခခံအက်ဆုံးျဖစ္တဲ့ အသုံးျပဳပုံ အဆင့္ဆင့္ကို အရင္ဆုံး ေဖာ္ျပပါမယ္။ မ်က္ႏွာလိမ္းေဆး သုံးစြဲပုံ အဆင့္ဆင့္

(၁) မ်က္ႏွာသစ္ဆပ္ျပာအရင္ သုံးပါ။

(၂) Toner တခုခု ဆက္လိမ္းပါ။ သန႔္စင္တဲ့ ဂြမ္းစနဲ႔ လိမ္းရပါတယ္။

(၃) ၿပီးရင္ အေပၚက serums (သို႔) gels တခုခုထပ္သုံးပါ။

(၄) အစိုဓာတ္ထိန္း moisturizer ဆက္သုံးႏိုင္ပါတယ္။ (အမ်ားစုက ႏို႔ႏွစ္ရည္ျဖစ္တယ္)

(၅) ၿပီးရင္ ေနေလာင္ကာလိမ္းေဆး sunscreen ဆက္သုံးခ်င္ သုံးပါ။

(၆) ေနာက္ဆုံးေရာက္မွသာ makeup primer (သို႔) foundation တခုခုသုံးရပါတယ္။

(skin care ေတြကို အထက္ပါအတိုင္း အစီစဥ္တက် သုံးပါ။ ေယဘုယ်အားျဖင့္ အရည္ၾကည္ေတြကို အရင္သုံးၿပီး အရည္ပ်စ္တာေတြကို ေနာက္ဆုံးမွ လိမ္းရမယ္လို႔ မွတ္ထားသင့္တယ္)

ညပိုင္းအသုံးျပဳနည္း

ညဖက္ အေရျပားလိမ္းေဆး သုံးတဲ့အခါ နံပါတ္(၄)ထိ အစဥ္တိုင္းသုံးႏိုင္တယ္။ ဒါေပမယ့္္ sunscreen နဲ႔ makeup မ်ိဳး လုံးဝမသုံးသင့္ပါ။

အဆိုပါပစၥည္းေတြက အဆီဂလင္း၊ေခြၽးဂလင္းေတြကို ပိတ္ဆို႔ေစတယ္။ အဆီျပန္ေစၿပီး ဝက္ၿခံကို ျဖစ္ေစတယ္။ အကယ္၍ ညပိုင္း bleaching creams(အေရာင္ခြၽတ္ခရင္မ္) တခုခုလိမ္းခ်င္ရင္ မအိပ္ခင္ တနာရီလိုမွာ ႀကိဳလိမ္းထားဖို႔ လိုပါတယ္။

ဒါမွသာ မ်က္လုံးထဲ မေရာက္ေအာင္ ႀကိဳတင္ကာကြယ္ႏိုင္မွာ ျဖစ္တယ္။

သတိျပဳစရာ အခ်က္မ်ား

(၁) တိုနာသုံးတဲ့အခါ ေျခာက္ေသြ႕ေအာင္အရင္ ထားၿပီးမွ တျခားလိမ္းေဆးေတြဆက္သုံးပါ။

(၂) ညဖက္လိမ္းတဲ့အခါ moisturizer ကို ေနာက္ဆုံးမွလိမ္းရပါတယ္။ အဲဒီေပၚမွာ ဘာမွ ထပ္မလိမ္းပါနဲ႔။ (ဂ်ပန္လူမ်ိဳးေတြကေတာ့ face mask ထပ္အုပ္တာမ်ိဳးရွိပါတယ္)

(၃) မ်က္ႏွာသစ္ဆပ္ျပာေတြေၾကာင့္ အေရျပားရဲလာရင္ အေပၚမွာ ဘာမွမသုံးပဲ ခဏေစာင့္ပါ။ ရဲတာ သက္သာမွ skin care ေတြ ဆက္သုံးသင့္တယ္။

လိမ္းေဆး ေ႐ြးခ်ယ္နည္း

skin care ေတြ သုံးတဲ့အခါ အဆီျပန္တဲ့အသားအေရမွာ ေရဓာတ္အေျခခံပစၥည္းေတြသာ ေ႐ြးခ်ယ္သုံးစြဲသင့္တယ္။ cream type ေတြ မသုံးသင့္ပါ။ အထူးသျဖင့္ ေႏြရာသီလိုမ်ိဳးမွာပါ။မ်က္ႏွာ အဆီျပန္တာ၊ဝက္ၿခံထြက္တာ ပိုျဖစ္ႏိုင္တယ္။

ေျခာက္ေသြ႕တဲ့အသားေရအတြက္ moisturizer နဲ႔ serum လိုပစၥည္းမ်ိဳး သုံးသင့္ပါတယ္။ cream typeပုံစံသုံးႏိုင္တယ္။

အေရျပားေျခာက္ေသြ႕သူျဖစ္ျဖစ္၊ အဆီျပန္သူျဖစ္ျဖစ္ moisturizer တမ်ိဳးမ်ိဳး သုံးဖို႔ လိုပါတယ္။ moisturizerက ျပင္ပေလထုနဲ႔ အေရျပားၾကားအလႊာတခုအျဖစ္ၾကားခံေပးလိမ့္မယ္။

ဒါမွသာ အစိုဓာတ္ေၾကာင့္ မ်က္ႏွာက အၿမဲ ၾကည္လင္သန႔္စင္ေနမွာ ျဖစ္ပါတယ္။

ေဒါ က္တာေအးမင္းထူး