ပျိုမေတို့မျက်နှာလေးလှလှလေးမှာဝက်ခြံတွေစဉ်ဆက်မပြတ်ထွက်နေမယ်ဆိုရင်အပြင်ထွက်လို့အလှပြင်ရင်လည်းအဆင်မပြေ၊မှန်ကြည့်တိုင်းလည်းစိတ်မချမ်းသာ၊ကိုယ့်ကိုယ်
ကိုလည်းယုံကြည်မှုမရှိတွေဖြစ်နေပါလိမ့်မယ်ဝက်ခြံတွေမြင်မကောင်းအောင်အများကြီးထွက်နေတာမျိုးလည်းမဟုတ်ဘဲမျက်နှာပေါ်မှာ ဟိုနားနည်းနည်း၊ဒီနားနည်းနည်းနဲ့အမြဲမပြတ်
ထွက်နေတာမျိုးပါဒါကြောင့်ပျိုမေတို့မျက်နှာပေါ်မှာအမြဲမပြတ်နေရာယူထားတဲ့ ဝက်ခြံတွေကိုလုံးဝသက်သာစေပြီးမှန်ကြည့်တိုင်းစိတ်ချမ်းသာစေမယ့်နည်းလမ်းလေးတွေကိုဖော်ပြ
ပေးလိုက်ပါတယ်ဝက်ခြံလေးတစ်လုံး၊နှစ်လုံးထွက်လာရင်လက်နဲ့သွားသွားညှစ်ချင်ပါတယ်လုံးဝမညှစ်ပါနဲ့၊လက်နဲ့မကြာခဏထိတွေ့ခြင်းကဝက်ခြံကိုပိုဆိုးစေပြီးအမာရွတ်
ထင်းထင်းကြီးတွေဖြစ်စေပါတယ်ဒါကြောင့်လက်နဲ့လုံးဝမထိ၊မညှစ်မိအောင်နေပမနက်တစ်ကြိမ်ညတစ်ကြိမ်ပုံမှန်မျက်နှာသစ်ပြီးပြီးချင်း၊ဝက်ခြံထွက်နေတဲ့နေရာကို မိနစ်အနည်းငယ်
လောက်ရေခဲကပ်ပေးပြီးကိုယ်လုပ်နေကျskin care
အဆင့်လေးတွေကိုသေချာလုပ်ပေးပါမျက်နှာသုတ်ပုဝါခေါင်းအုံးစွပ်နဲ့အိပ်ယာခင်းကိုသန့်အောင်ထားပေးပါ
တတ်နိုင်ရင်တစ်ပတ်တစ်ခါလောက်လဲပေးပါနာရီဝက်လောက်လမ်းလျှောက်ပေးတာ၊ဒါမှမဟုတ်ကိုယ်လက်လှုပ်ရှားမှုလေးတွေလုပ်ပေးတာနဲ့အိပ်ချိန်လုံလောက်အောင်အိပ်ပေး
တာကခန္ဓာကိုယ်တွင်းကဇီဝရုပ်ဖြစ်ပျက်မှုကိုမှန်မှန်ကန်ကန် လည်ပတ်စေတာကြောင့်မျက်နှာပေါ်ကဝက်ခြံတွေသက်သာအောင်ကူညီပေးပါတယ်စိတ်ဖိစီးမှုတွေအမြဲဖြစ်နေရင်
cortisol hormoneကိုများများထွက်စေတာကြောင့်ဝက်ခြံကပျောက်တယ်ရယ်လို့မရှိတော့ပါဘူးဒါကြောင့်စိတ်ဖိစီးမှုလျော့နည်းအောင်စိတ်အပန်းဖြေတာမျိုးလုပ်ပေးပါ
အဆက်မပြတ်ဖြစ်နေတဲ့ဝက်ခြံတွေပျောက်အောင်ဒီနည်းလေးတွေနဲ့ပေါင်းတင်ပါနနွင်းမှုန့်အနည်းငယ်ကိုရေအနည်းငယ်နဲ့ရောပြီးအနှစ်ဖြစ်အောင် လုပ်ကာဝက်ခြံဖြစ်နေ
တဲ့နေရာမှာလိမ်းပေးထားလိုက်ပါနာရီဝက်ကြာရင်ရေနွေးနွေးလေးနဲ့ဆေးချပေးပါတစ်နေ့တစ်ကြိမ်လုပ်ပေးလိုက်မယ်ဆို
ပျိုမေတို့ကိုစိတ်ဒုက္ခပေးနေတဲ့ဝက်ခြံတွေလုံးဝသက်သာသွားပါ
လိမ့်မယ်ရှားစောင်းလက်ပပ်အတွင်းသားအနည်းငယ်ကိုယူပြီးပျားရည်အနည်းငယ်နဲ့ရောမွှေကာဝက်ခြံရှိတဲ့နေရာမှာလိမ်းပေးပါနာရီဝက်လောက်ထားပြီးရေအေးနဲ့မျက်နှာသစ်
ပေးပါတစ်နေ့တစ်ကြိမ်ပုံမှန်လုပ်ပေးရင်ဝက်ခြံအဆက်မပြတ်ထွက်နေတဲ့ပြဿနာကိုဖြေရှင်းပေးပါလိမ့်မယ်အာလူးကိုအလွှာလေးတွေလုပ်ပြီးဝက်ခြံရှိတဲ့နေရာမှာ၁၅မိနစ်လောက်
ကပ်ထားပေးလိုက်ပြီးရေအေးနဲ့ပြန်ဆေးချပေးပါညအိပ်ခါနီးတိုင်းလုပ်ပေးရုံနဲ့ဝက်ခြံတွေထပ်မထွက်အောင်တားဆီးပြီးသားဖြစ်စေမှာပါ
credit