Honour မရှိသော စစ်တပ်
အသက် ၇၀ ကျော် အမျိုးသမီး တစ်ယောက်ကို တိုက်ခိုက်ရင်း သိက္ခာတန်ဖိုး တစ်စက်မှ မကျန်အောင် ကျဆင်းသွားရတဲ့ မြန်မာစစ်တပ် …
ကိုဇေယျာသော်ကို ဖမ်းမိတာတောင် အမှုနဲ့ မဆိုင်တဲ့ ပုံတွေကို ထုတ်လွှင့်ပြပြီး ( အများအမြင်မှာ ပုဂ္ဂိုလ်ရေး သို့လော သို့လော ထင်အောင်) အောက်တန်းကျလွန်းတဲ့
စစ်တပ် …
မြန်မာနိုင်ငံက စစ်တက္ကသိုလ် အပါအဝင် ကမ္ဘာပေါ်က စစ်တက္ကသိုလ်တိုင်း စစ်တပ်တိုင်းရဲ့အဓိကဆောင်ပုဒ်က Honour (ဂုဏ်သိက္ခာ) ပါပဲ …
စစ်တပ်တစ်ခုက Honour ဂုဏ်သိက္ခာ ကင်းမဲ့စွာ သူတပါး Privacy ကို ပယ်ပယ်နယ်နယ် တိုက်ခိုက်နေတာမျိုး၊ လိုရာ ပုံစံဖန်တီးပြီး ပယ်ပယ်နယ်နယ်
အောက်တန်းကျ နေတာမျိုး လုပ်နေတာ ကမ္ဘာပေါ်မှာ ဒီစစ်တပ် တစ်ခုပဲရှိမယ် …
ISIS ၊ အယ်ခိုင်ဒါ၊ တာလီဘန်တွေတောင် အဲ့လိုလုပ်ရပ်မျိုး မလုပ်ကြဘူး …
တစ်ဖက်က ကြည့်တော့လည်ာမှ အဖက်ဆယ် မရတော့အောင် သူ လုပ်ပေးသွားတာ …
စစ်ဗိုလ်ဆိုတဲ့ ကောင်တွေ ဘာဂုဏ်သိက္ခာမှ မရှိတော့အောင် သူလုပ်ပေးသွားတာ …
စစ်ဗိုလ်ချုပ်ဆိုတဲ့ ရာထူး အဆင့်အတန်းတွေကို ဘာသိက္ခာမှ မရှိတော့အောင် သူလုပ်ပေးသွားတာ …
မြန်မာစစ်တပ် တစ်ရပ်လုံးကို ဘယ်တော့မှ နာလန်မထူနိုင်တော့အောင် ရွံရှာ စက်ဆုပ်စရာ မိလ္လာကျင်းထဲကို သူနဲ့အတူ ဆွဲချ သွားပေးတာ …
အာဏာသိမ်းခြင်းသာ မအောင်မြင်သေးပေမယ့် မြန်မာ စစ်တပ်တစ်ခုလုံးရဲ့ သိက္ခာတရားကတော့ ဒီတစ်သက် အဖက်ဆယ်လို့ မရတော့ဘူး …
N Kham Aung
unicode
Honour မရှိသော စစျတပျ
ကျတနျးကြ နတောမြိုး လုပျနတော ကမ်ဘာပေါျမှာ ဒီစစျတပျ တစျခုပဲရှိမယျ …
စစျတပျတစျခုလုံးကို ဘာသိက်ခာမှ အဖကျဆယျ မရတော့အောငျ သူ လုပျပေးသှားတာ …
N Kham Aung