စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ထောင်ဒဏ် ၂၁ နှစ် အမိန့်ချ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါတ်တာမြင့်နိုင်ကို စစ်ကောင်စီတရားရုံးက ဖေဖော်ဝါရီ ၂၈ ရက် ဒီကနေ့ ထောင်ဒဏ် ၂၁ နှစ် အမိန့်ချလိုက်တယ်လို့ သူနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို မုံရွာအကျဉ်းထောင်တွင် တရားရုံးက ဒီကနေ့ အမှု ၇ မှု အတွက် တစ်မှုကို ထောင်ဒစ် ၃ နှစ်စီ စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ် အမိန့်ချမှတ်လိုက်တာလို့ သူနဲ့ နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ပုဒ်မနဲ့လည်း ထောင်ဒဏ် ၂ နှစ်ချမှတ်ထားခဲ့ပြီး ဒီကနေ့ ချမှတ်ခဲ့တဲ့ အမိန့်အပါဝင်ထောင်ဒဏ် ၂၃ နှစ်ထိ အမိန့်ချခံထားရပါတယ်။
ဒါ့အပြင် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ကလည်း ဒေါက်တာမြင့်နိုင်ကို ပုဒ် ၁၇၁ (စ) နဲ့ တရားစွဲထားလို့ အမှုရင်ဆိုင်နေရပါတယ်။
Credit DBV
စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္ကို ေထာင္ဒဏ္ ၂၁ ႏွစ္ အမိန႔္ခ်
စစ္ကိုင္းတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေဒါတ္တာျမင့္ႏိုင္ကို စစ္ေကာင္စီတရား႐ုံးက ေဖေဖာ္ဝါရီ ၂၈ ရက္ ဒီကေန႔ ေထာင္ဒဏ္ ၂၁ ႏွစ္ အမိန႔္ခ်လိုက္တယ္လို႔ သူနဲ႔ နီးစပ္တဲ့ အသိုင္းအဝိုင္းကေန သိရပါတယ္။
ဝန္ႀကီးခ်ဳပ္ေဒါက္တာျမင့္ႏိုင္ကို မုံ႐ြာအက်ဥ္းေထာင္တြင္ တရား႐ုံးက ဒီကေန႔ အမႈ ၇ မႈ အတြက္ တစ္မႈကို ေထာင္ဒစ္ ၃ ႏွစ္စီ စုစုေပါင္း ေထာင္ဒဏ္ ၂၁ ႏွစ္ အမိန႔္ခ်မွတ္လိုက္တာလို႔ သူနဲ႔ နီးစပ္သူတစ္ဦးက ဒီဗြီဘီကို ေျပာပါတယ္။
ဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္ကို စစ္ေကာင္စီက ဖမ္းဆီးထားၿပီး ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (ခ) ပုဒ္မနဲ႔လည္း ေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္ထားခဲ့ၿပီး ဒီကေန႔ ခ်မွတ္ခဲ့တဲ့ အမိန႔္အပါဝင္ေထာင္ဒဏ္ ၂၃ ႏွစ္ထိ အမိန႔္ခ်ခံထားရပါတယ္။
ဒါ့အျပင္ စစ္ေကာင္စီခန႔္ ေ႐ြးေကာက္ပြဲေကာ္မရွင္ကလည္း ေဒါက္တာျမင့္ႏိုင္ကို ပုဒ္ ၁၇၁ (စ) နဲ႔ တရားစြဲထားလို႔ အမႈရင္ဆိုင္ေနရပါတယ္။
Credit DBV