စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို မတ် ၁ ရက်က စတင်ကာ ၁၀ လတိတိ… see more
စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို မတ် ၁ ရက်က စတင်ကာ အခုနှစ်ကုန်ထိ ၁၀ လတိတိ ထပ်မံတိုးမြှင့်ရပ်စဲလိုက်ကြောင်း စစ်ကောင်စီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။
တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်က စတင်ကာ အခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း အကြိမ် ၂၀ ပြု လုပ်ပေးခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လက်ရှိမှာတော့ နိုင်ငံတဝှမ်းလုံးမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲနေကြတာပါ။
မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက် ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်ကျော်အကြာ စစ်ကောင်စီ တပ်တွေ ရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၈၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၂၄၁၇ ယောက်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။
Ref DVB
crd
zawgyi
စစ္ေရးဆိုင္ရာလႈပ္ရွားမႈေတြကို မတ္ ၁ ရက္က စတင္ကာ ၁၀ လတိတိ… see more
စစ္ေရးဆိုင္ရာလႈပ္ရွားမႈေတြကို မတ္ ၁ ရက္က စတင္ကာ အခုႏွစ္ကုန္ထိ ၁၀ လတိတိ ထပ္မံတိုးျမႇင့္ရပ္စဲလိုက္ေၾကာင္း စစ္ေကာင္စီ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။
တပ္မေတာ္အေနနဲ႕ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာ ၂၁ ရက္က စတင္ကာ အခုႏွစ္ ေဖေဖာ္ဝါရီလ ၂၈ ရက္အထိ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးအတြက္ ထုတ္ျပန္ခ်က္ေပါင္း အႀကိမ္ ၂၀ ျပဳ လုပ္ေပးခဲ့ၿပီး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေပးခဲ့တယ္လို႔ ဆိုပါတယ္။
ဒါေပမဲ့ လက္ရွိမွာေတာ့ နိုင္ငံတဝွမ္းလုံးမွာ အာဏာသိမ္းစစ္အုပ္စုရဲ႕ ျပည္သူလူထုအေပၚ အၾကမ္းဖက္ ဖိႏွိပ္ဖမ္းဆီး တိုက္ခိုက္သတ္ျဖတ္ေနမႈေတြကို ျပည္သူလူထုတရပ္လုံးက အသက္ရွင္သန္ေရးအတြက္ ခုခံကာကြယ္ပိုင္ခြင့္အရ၊ ျပည္သူ႕ခုခံစစ္ (Peoples Defensive War) ကို ဆင္ႏႊဲေနၾကတာပါ။
ျမန္မာျပည္သူေတြဟာ စစ္အာဏာရွင္စနစ္ ျမန္မာ့ေျမေပၚကေန အၿပီးတိုင္ခ်ဳပ္ၿငိမ္းေရးနဲ႕ ဖက္ဒရယ္ဒီမိုကေရစီ တည္ေဆာက္ေရးအတြက္ ၿငိမ္းခ်မ္းစြာဆႏၵျပတဲ့ လူထုသပိတ္တိုက္ ပြဲေတြလည္း တိုင္းေဒသႀကီးနဲ႕ ျပည္နယ္ေတြ အႏွံ႕အျပား ျဖစ္ပြားေနပါတယ္။
နိုင္ငံေရးအက်ဥ္းသားမ်ားကူညီ ေစာင့္ေရွာက္ေရးအသင္း (ေအေအပီပီ) ရဲ႕ ထုတ္ျပန္ခ်က္ အရ ျမန္မာနိုင္ငံမွာ မတရားအာဏာသိမ္းကာလ ၁ ႏွစ္ေက်ာ္အၾကာ စစ္ေကာင္စီ တပ္ေတြ ရဲ႕ အၾကမ္းဖက္ ပစ္ခတ္သတ္ျဖတ္မႈေၾကာင့္ အျပစ္မဲ့က်ဆဳံးျပည္သူ ၁၅၈၅ ေယာက္နဲ႕ ဖမ္းဆီးထိန္းသိမ္းခံရသူေပါင္း ၁၂၄၁၇ ေယာက္ထိ ရွိလာခဲ့ၿပီလို႔ ဆိုပါတယ္။
Ref DVB