ၾကားသိရသမွ်

ရုရှားကဲ့သို့ မြန်မာကို ကျူးကျော်လာနိုင်ခြေရှိသည့် နိုင်ငံကို အရေးပေါ်အစည်းအဝေးမှာ စစ်ကောင်စီ ထုတ်ပြော

ရုရှားကဲ့သို့ မြန်မာကို ကျူးကျော်လာနိုင်ခြေရှိသည့် နိုင်ငံကို အရေးပေါ်အစည်းအဝေးမှာ စစ်ကောင်စီ ထုတ်ပြော

အရှေ့ ဥရောပတွင် ဖြစ်ပွားနေသော ယူကရိန်း-ရုရှား စစ်ပွဲနှင့်ပတ်သက်၍ အရေးပေါ်အစည်းအဝေးတရပ်ကို ဖေဖော်ဝါရီလ ၂၆ ရက်တွင် နေပြည်တော်၌ အာဏာသိမ်း မြန်မာစစ်ကောင်စီက ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြော ဆိုကြောင်း ဧရာဝတီသတင်းမှာ ဖော်ပြထားပါတယ်။

အစည်းအဝေးတွင် ယူကရိန်း-ရုရှား စစ်ပွဲကြောင့် မြန်မာအပေါ်မည်သည့် အကျိုးသက်ရောက်မှုများ ဖြစ်လာနိုင်သည်ကို အဓိကထားဆွေးနွေးခဲ့ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တဦးက ဆိုသည်။

အစည်းအဝေး၌ ရုရှားကဲ့သို့ မြန်မာနိုင်ငံကို ကျူးကျော်လာနိုင်ခြေရှိသည့် နိုင်ငံမှာမှာ အိမ်နီးချင်း တရုတ်နိုင်ငံ ဖြစ်သည်ဟု စစ်ကောင်စီဘက်က ယူဆကြောင်း သိရသည်။

ပုံမှန်အခြေအနေတွင် တရုတ်နိုင်ငံက မြန်မာကို ကျူးကျော်မည်မဟုတ်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက တရုတ်အကျိုးစီးပွားအပေါ်

တိုက်ခိုက်လာမှုများပြုလုပ်လာသည့်နောက် ယင်းတိုက်ခိုက်မှုများအား မြန်မာစစ်တပ်က မကာကွယ်နိုင်ပါက ဝင်ရောက်ကျူးကျော် လာနိုင်ခြေရှိနေကြောင်း စစ်ကောင်စီက သုံးသပ်သည်။

ထို့ကြောင့် တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်းအပါအဝင် တရုတ်အတွက် အရေးကြီးသည့် အကျိုးစီးပွားရှိသည့်နေရာများ၌ မြန်မာစစ်တပ်အင်အားကို

လက်ရှိထက် ပိုတိုး၍ ချထားရန် လိုအပ် ကြောင်း အစည်းအဝေးတွင် စစ်ကောင်စီက ဆုံးဖြတ်ခဲ့သည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်က ရှင်းပြသည်။

ရုရှားနိုင်ငံသည် သမ္မတပူတင်၏ အမိန့်ဖြင့် ယူကရိန်းနိုင်ငံကို ဖေဖော်ဝါရီလ ၂၄ ရက်မှ စတင်ကာ ကြည်း၊ ရေ၊ လေ ပူးပေါင်းအင်အားဖြင့် ကျူးကျော်စစ်ဆင်နွှဲနေခြင်းဖြစ်ပြီး

အဆိုပါ ကျူးကျော်စစ်ကို မြန်မာစစ်ကောင်စီက ထောက်ခံကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA သတင်းဌာနသို့ ပြောဆိုထားသည်။

“နံပတ် ၁ ဒီကိစ္စကတော့ ရုရှားနိုင်ငံအနေနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေဖို့ လုပ်ဆောင်ခဲ့တဲ့၊ လုပ်ဆောင်သင့်တဲ့ လုပ်ဆောင်ချက်လို့ပဲ မြင်ပါတယ်။ နံပါတ် ၂ အနေနဲ့ကတော့ ရုရှားနိုင်ငံအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းညှိထားတဲ့ ကမ္ဘာ့ချိန်ခွင်လျှာညီမျှရေးမှာ အင်အားကြီးနိုင်ငံတခုအဖြစ် ရပ်တည်လျက်ရှိကြောင်း ကမ္ဘာကိုပြသခြင်းလို့ မြင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

တရုတ်နိုင်ငံကမူ ဖေဖော်ဝါရီလ ၂၅ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပြုလုပ်သည့် ယူကရိန်းသို့ ကျူးကျော်နေသော ရုရှားတပ်များအား ရှုတ်ချကြောင်း

ဆုံးဖြတ်ချက်မူကြမ်းကို အိန္ဒိယ၊ UAE (အာရပ်စော်ဘွားများပြည်ထောင်စု) နိုင်ငံတို့နှင့်အတူ မဲမပေးဘဲ ကြားနေအဖြစ် ရပ်တည်ခဲ့သည်။

မြန်မာနိုင်ငံတွင် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အပါအဝင် တရုတ်- မြန်မာစီးပွားရေး စင်္ကြန်စီမံကိန်းများလည်း အကောင်အထည်ဖော်ရန် ရှိနေသည့်အပြင် မြန်မာပြည်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်များအပေါ် တရုတ်၏ ဩဇာရှိနေသည်။

ထိုကဲ့သို့သော အခြေအနေတွင် အာဏာသိမ်းမြန်မာစစ်ကောင်စီဘက်က အရေးပေါ်အစည်းအဝေးတရပ်ပြုလုပ်ကာ ယူကရိန်း-ရုရှားစစ်ပွဲ ဂယက်ကြောင့် တရုတ်၏ လှုပ်ရှားနိုင်ခြေကို စဉ်းစားလာခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာစစ်ကောင်စီနှင့် ခိုင်မာသည့် ဆက်ဆံရေး ရှိသည်ဆိုသည့် ရုရှားသည် ယူကရိန်းအပေါ် ကျူးကျော်စစ် ကြောင့် အနောက်နိုင်ငံအများစု၏ ပိတ်ဆို့ ဒဏ်ခတ်မှုကို ခံနေရပြီဖြစ်သည်။

ကျူးကျော်စစ်ဆင်နွှဲသည့် ရုရှားနှင့် ဘယ်လာရုစ်ကို ဥရောပသမဂ္ဂ (EU) က အရေးယူပိတ်ဆို့မှုများကြေညာထားပြီး ရုရှားပုဂ္ဂလိကပိုင်နှင့်

စင်းလုံးငှားလေယာဉ်များအပါအဝင် ရုရှားလေယာဉ်များအားလုံး ဆင်းတက်ခြင်း၊ ဖြတ်သန်းခြင်းများအား ဖေဖော်ဝါရီလ ၂၇ ရက်ကတည်းက ပိတ်ပင်ခဲ့သည်။

UK နိုင်ငံကလည်း ရုရှား ဗဟိုဘဏ်အပါအဝင် ရုရှားအမျိုးသားဓနရန်ပုံငွေနှင့် ရုရှားဘဏ္ဍာရေး ဝန်ကြီးဌာနတို့အား ဖေဖော်ဝါရီလ ၂၈ တွင် အရေးယူပိတ်ဆို့လိုက်ကြောင်း CNN သတင်းအရသိရသည်။

ထို့အပြင် အမေရိကန်၊ ကနေဒါနှင့် EU တို့ကလည်း ရုရှားကို နိုင်ငံတကာဘဏ်စနစ်မှ ဖယ်ထုတ်ရန် ကြိုးပမ်းသည့်အနေနှင့် ကမ္ဘာတဝန်း ဘဏ်အချင်းချင်း

ဆက်သွယ် ငွေပေးချေသည့် စနစ် (SWIFT) ကွန်ရက်ထဲမှလည်း ရုရှား ဘဏ်တချို့အား ဖြတ်တောက်ပစ်ရန် ဖေဖော်ဝါရီလ ၂၆ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါ အရေးယူပိတ်ဆို့မှုများကြောင့် ရုရှငွေ ရူဘယ် တန်ဖိုးမှာ တဟုန်ထိုး ကျဆင်းနေသည်။

ထို့ကြောင့် ရုရှားတွင် ဘဏ်အကောင့်များဖွင့်ထားပြီး ပိုင်ဆိုင်မှုများလည်း ရှိနေသော မြန်မာစစ်ဗိုလ်ချုပ်များအပါအဝင် စစ်သုံးလက်နက်များ ဝယ်ပေးနေသည့် မြန်မာခရိုနီများက အထူးစိုးရိမ်နေကြကြောင်း ကြားသိရသည်။

Ref The LifeStyle Myanmar

zawgyi

႐ုရွားကဲ့သို႔ ျမန္မာကို က်ဴးေက်ာ္လာနိုင္ေျခရွိသည့္ နိုင္ငံကို အေရးေပၚအစည္းအေဝးမွာ စစ္ေကာင္စီ ထုတ္ေျပာ

အေရွ႕ ဥေရာပတြင္ ျဖစ္ပြားေနေသာ ယူကရိန္း-႐ုရွား စစ္ပြဲႏွင့္ပတ္သက္၍ အေရးေပၚအစည္းအေဝးတရပ္ကို ေဖေဖာ္ဝါရီလ ၂၆ ရက္တြင္ ေနျပည္ေတာ္၌ အာဏာသိမ္း ျမန္မာစစ္ေကာင္စီက ျပဳလုပ္ခဲ့ေၾကာင္း သတင္းရင္းျမစ္မ်ားက ေျပာ ဆိုေၾကာင္း ဧရာဝတီသတင္းမွာ ေဖာ္ျပထားပါတယ္။

အစည္းအေဝးတြင္ ယူကရိန္း-႐ုရွား စစ္ပြဲေၾကာင့္ ျမန္မာအေပၚမည္သည့္ အက်ိဳးသက္ေရာက္မႈမ်ား ျဖစ္လာနိုင္သည္ကို အဓိကထားေဆြးေႏြးခဲ့ေၾကာင္း အမည္မေဖာ္လိုသည့္ သတင္းရင္းျမစ္တဦးက ဆိုသည္။

အစည္းအေဝး၌ ႐ုရွားကဲ့သို႔ ျမန္မာနိုင္ငံကို က်ဴးေက်ာ္လာနိုင္ေျခရွိသည့္ နိုင္ငံမွာမွာ အိမ္နီးခ်င္း တ႐ုတ္နိုင္ငံ ျဖစ္သည္ဟု စစ္ေကာင္စီဘက္က ယူဆေၾကာင္း သိရသည္။

ပုံမွန္အေျခအေနတြင္ တ႐ုတ္နိုင္ငံက ျမန္မာကို က်ဴးေက်ာ္မည္မဟုတ္ေသာ္လည္း ျပည္သူ႔ကာကြယ္ေရးတပ္ (PDF) မ်ားက တ႐ုတ္အက်ိဳးစီးပြားအေပၚ တိုက္ခိုက္လာမႈမ်ားျပဳလုပ္လာသည့္ေနာက္

ယင္းတိုက္ခိုက္မႈမ်ားအား ျမန္မာစစ္တပ္က မကာကြယ္နိုင္ပါက ဝင္ေရာက္က်ဴးေက်ာ္ လာနိုင္ေျခရွိေနေၾကာင္း စစ္ေကာင္စီက သုံးသပ္သည္။

ထို႔ေၾကာင့္ တ႐ုတ္နိုင္ငံသို႔ သြယ္တန္းထားသည့္ ေရနံႏွင့္ ဓာတ္ေငြ႕ ပိုက္လိုင္းအပါအဝင္ တ႐ုတ္အတြက္ အေရးႀကီးသည့္ အက်ိဳးစီးပြားရွိသည့္ေနရာမ်ား၌ ျမန္မာစစ္တပ္အင္အားကို လက္ရွိထက္ ပိုတိုး၍ ခ်ထားရန္ လိုအပ္ ေၾကာင္း အစည္းအေဝးတြင္ စစ္ေကာင္စီက ဆုံးျဖတ္ခဲ့သည္ဟု အမည္မေဖာ္လိုသည့္ သတင္းရင္းျမစ္က ရွင္းျပသည္။

႐ုရွားနိုင္ငံသည္ သမၼတပူတင္၏ အမိန႔္ျဖင့္ ယူကရိန္းနိုင္ငံကို ေဖေဖာ္ဝါရီလ ၂၄ ရက္မွ စတင္ကာ ၾကည္း၊ ေရ၊ ေလ ပူးေပါင္းအင္အားျဖင့္ က်ဴးေက်ာ္စစ္ဆင္ႏႊဲေနျခင္းျဖစ္ၿပီး အဆိုပါ က်ဴးေက်ာ္စစ္ကို ျမန္မာစစ္ေကာင္စီက ေထာက္ခံေၾကာင္း စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက VOA သတင္းဌာနသို႔ ေျပာဆိုထားသည္။

“နံပတ္ ၁ ဒီကိစၥကေတာ့ ႐ုရွားနိုင္ငံအေနနဲ႔ နိုင္ငံရဲ့အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ျမဲေစဖို႔ လုပ္ေဆာင္ခဲ့တဲ့၊ လုပ္ေဆာင္သင့္တဲ့ လုပ္ေဆာင္ခ်က္လို႔ပဲ ျမင္ပါတယ္။

နံပါတ္ ၂ အေနနဲ႔ကေတာ့ ႐ုရွားနိုင္ငံအေနနဲ႔ ကမၻာ့ၿငိမ္းခ်မ္းေရးကို ထိန္းညႇိထားတဲ့ ကမၻာ့ခ်ိန္ခြင္လၽွာညီမၽွေရးမွာ အင္အားႀကီးနိုင္ငံတခုအျဖစ္ ရပ္တည္လ်က္ရွိေၾကာင္း ကမၻာကိုျပသျခင္းလို႔ ျမင္ပါတယ္” ဟု ၎က ေျပာဆိုသည္။

တ႐ုတ္နိုင္ငံကမူ ေဖေဖာ္ဝါရီလ ၂၅ ရက္က ကုလသမဂၢလုံျခဳံေရးေကာင္စီတြင္ ျပဳလုပ္သည့္ ယူကရိန္းသို႔ က်ဴးေက်ာ္ေနေသာ ႐ုရွားတပ္မ်ားအား ရႈတ္ခ်ေၾကာင္း ဆုံးျဖတ္ခ်က္မူၾကမ္းကို အိႏၵိယ၊ UAE (အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု) နိုင္ငံတို႔ႏွင့္အတူ မဲမေပးဘဲ ၾကားေနအျဖစ္ ရပ္တည္ခဲ့သည္။

ျမန္မာနိုင္ငံတြင္ တ႐ုတ္-ျမန္မာ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ ပိုက္လိုင္း အပါအဝင္ တ႐ုတ္- ျမန္မာစီးပြားေရး စၾကၤန္စီမံကိန္းမ်ားလည္း အေကာင္အထည္ေဖာ္ရန္ ရွိေနသည့္အျပင္ ျမန္မာျပည္ေျမာက္ပိုင္းအေျခစိုက္ တိုင္းရင္းသားလက္နက္ကိုင္မ်ားအေပၚ တ႐ုတ္၏ ဩဇာရွိေနသည္။

ထိုကဲ့သို႔ေသာ အေျခအေနတြင္ အာဏာသိမ္းျမန္မာစစ္ေကာင္စီဘက္က အေရးေပၚအစည္းအေဝးတရပ္ျပဳလုပ္ကာ ယူကရိန္း-႐ုရွားစစ္ပြဲ ဂယက္ေၾကာင့္ တ႐ုတ္၏ လႈပ္ရွားနိုင္ေျခကို စဥ္းစားလာျခင္းျဖစ္သည္။

လက္ရွိတြင္ ျမန္မာစစ္ေကာင္စီႏွင့္ ခိုင္မာသည့္ ဆက္ဆံေရး ရွိသည္ဆိုသည့္ ႐ုရွားသည္ ယူကရိန္းအေပၚ က်ဴးေက်ာ္စစ္ ေၾကာင့္ အေနာက္နိုင္ငံအမ်ားစု၏ ပိတ္ဆို႔ ဒဏ္ခတ္မႈကို ခံေနရၿပီျဖစ္သည္။

က်ဴးေက်ာ္စစ္ဆင္ႏႊဲသည့္ ႐ုရွားႏွင့္ ဘယ္လာ႐ုစ္ကို ဥေရာပသမဂၢ (EU) က အေရးယူပိတ္ဆို႔မႈမ်ားေၾကညာထားၿပီး ႐ုရွားပုဂၢလိကပိုင္ႏွင့္ စင္းလုံးငွားေလယာဥ္မ်ားအပါအဝင္ ႐ုရွားေလယာဥ္မ်ားအားလုံး ဆင္းတက္ျခင္း၊ ျဖတ္သန္းျခင္းမ်ားအား ေဖေဖာ္ဝါရီလ ၂၇ ရက္ကတည္းက ပိတ္ပင္ခဲ့သည္။

UK နိုင္ငံကလည္း ႐ုရွား ဗဟိုဘဏ္အပါအဝင္ ႐ုရွားအမ်ိဳးသားဓနရန္ပုံေငြႏွင့္ ႐ုရွားဘ႑ာေရး ဝန္ႀကီးဌာနတို႔အား ေဖေဖာ္ဝါရီလ ၂၈ တြင္ အေရးယူပိတ္ဆို႔လိုက္ေၾကာင္း CNN သတင္းအရသိရသည္။

ထို႔အျပင္ အေမရိကန္၊ ကေနဒါႏွင့္ EU တို႔ကလည္း ႐ုရွားကို နိုင္ငံတကာဘဏ္စနစ္မွ ဖယ္ထုတ္ရန္ ႀကိဳးပမ္းသည့္အေနႏွင့္ ကမၻာတဝန္း ဘဏ္အခ်င္းခ်င္း ဆက္သြယ္ ေငြေပးေခ်သည့္ စနစ္ (SWIFT) ကြန္ရက္ထဲမွလည္း ႐ုရွား ဘဏ္တခ်ိဳ႕အား ျဖတ္ေတာက္ပစ္ရန္ ေဖေဖာ္ဝါရီလ ၂၆ ရက္တြင္ ေၾကညာခဲ့သည္။

အဆိုပါ အေရးယူပိတ္ဆို႔မႈမ်ားေၾကာင့္ ႐ုရွေငြ ႐ူဘယ္ တန္ဖိုးမွာ တဟုန္ထိုး က်ဆင္းေနသည္။

ထို႔ေၾကာင့္ ႐ုရွားတြင္ ဘဏ္အေကာင့္မ်ားဖြင့္ထားၿပီး ပိုင္ဆိုင္မႈမ်ားလည္း ရွိေနေသာ ျမန္မာစစ္ဗိုလ္ခ်ဳပ္မ်ားအပါအဝင္ စစ္သုံးလက္နက္မ်ား ဝယ္ေပးေနသည့္ ျမန္မာခရိုနီမ်ားက အထူးစိုးရိမ္ေနၾကေၾကာင္း ၾကားသိရသည္။

Ref The LifeStyle Myanmar