မိခင္မရွိေတာ့တဲ့ သခင္ရဲ႕ သားေလးကို ႏို႔တိုက္ရင္း သံေယာဇဥ္ျဖစ္သြားတဲ့ ႏြားမႀကီး
မဂၤလာပါ ပရိသတ္ႀကီးေရ ယခုေဖာ္ျပေပးမွာကေတာ့ မိခင္မရွိေတာ့တဲ့ သူ႔သခင္ရဲ႕ သားေလးကို ႏြားမႀကီးက ႏို႔တိုက္ရင္း သံေယာဇဥ္ျဖစ္ၿပီး တိရိစာၦန္ဆိုေပမယ့္ မိခင္စိတ္ရွိတဲ့ ႏြားမႀကီးအေၾကာင္းကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။
တစ္ခါတုန္းက ႐ြာတစ္႐ြာမွာ မိခင္ျဖစ္သူက သားေလးတစ္ေယာက္ ကို ေမြးရင္း မီးတြင္းထဲမွာပဲ ဆုံးပါးသြားခဲ့ရပါတယ္။ အဲ့ဒီလို ဆုံးပါးသြားေတာ့ လူမမယ္သားေလး မိတဆိုးေလးမို႔ ဖခင္ျဖစ္သူခမ်ာ ႏို႔ခ်ိဳတိုက္ေကြၽးဖို႔ အခက္ႀကဳံလာခဲ့ပါၿပီ။
ဒီလိုနဲ႔ပဲ တစ္ရက္မွာ တိုက္တိုက္ဆိုင္ဆိုင္ အိမ္မွာေမြးထားတဲ့ ႏြားမႀကီးကလည္း ႏြားသားေလးေတြ ေပါက္လို႔ အဆင္သင့္စြာပဲ သားေလးအတြက္ႏို႔ခ်ိဳတိုက္ေကြၽးရမဲ့ ျပႆနာက ေျပလည္သြားခဲ့ပါတယ္။
ဒီလိုနဲ႔ႏြားမႀကီးနဲ႔ သားေလးရဲ႕ သံေယာ ဇဥ္ႀကိဳးေလးေတြဟာ တျဖည္းျဖည္း ခိုင္ၿမဲလာၿပီး ၃ ႏွစ္ေက်ာ္ေက်ာ္ အ႐ြယ္ ေရာက္လာတဲ့ သားေလးက သူကိုယ္ တိုင္ပဲ ႏြားမႀကီးရဲ႕ႏို႔ရည္ကို ေသာက္စို႔ႏိုင္ခဲ့ပါတယ္။
မူႀကိဳအ႐ြယ္မို႔ သားေလးေက်ာင္းသြားရင္လည္း ညေနေရာက္ တိုင္း ႏြားမႀကီးက ေက်ာင္းေရွ႕ကိုလာလာႀကိဳေပးတယ္။ တစ္ရက္မွာေတာ့ ႏြားမႀကီးနဲ႔သားေလးရဲ႕ သံေယာဇဥ္ေတြ အဆက္ ျပတ္ မယ့္ေန႔ေရာက္လာခဲ့ရပါတယ္။
ညေနေက်ာင္းဆင္းခ်ိန္လည္းေရာက္ေရာ ပုံမွန္လာႀကိဳေနၾက ႏြားမႀကီးက ေရာက္မလာခဲ့ပါဘူး။ သားေလးခမ်ာ ႏြားမႀကီးကိုေမွ်ာ္ရင္းနဲ႔ အိမ္ကို တေ႐ြ႕ေ႐ြ႕ေရာက္လာခဲ့ၿပီး ေရာက္ေရာက္ျခင္းပဲ သားေလးကေမးၿပီေလ
“ႏြားမႀကီးက ဘယ္ေရာက္သြားလည္း အေဖ”ဆိုေတာ့ မ်က္ႏွာမေကာင္းျဖစ္ေနရွာတဲ့ဖခင္က ခုလိုျပန္ေျဖရွာပါတယ္” သားေလးရဲ႕ႏြားမႀကီးေရာင္းလိုက္ရၿပီသားရယ္” အိမ္ကစည္းပြားေရးမေကာင္းေတာ့ လယ္ေတြယာေတြ စိုက္ပ်ိဳးဖို႔ မ်ိဳးက ဝယ္ရဦးမယ္
စားဝတ္ေနေရးအတြက္ အေဖဒီႏြားမႀကီးကို မေရာင္းမျဖစ္ေတာ့လို႔အေဖေရာင္းလိုက္ရတာပါ သားရယ္” တဲ့ ခိုင္းႏြားေတြေရာင္းလိုက္ရင္ အေဖ့လက္ေမာင္းေတြ ျဖဳတ္သလိုျဖစ္မွာမို႔ မေရာင္းခ်င္ေပမယ့္လည္း မတတ္သာတဲ့ေနာက္ ေနာက္ဆုံး ေ႐ြးခ်ယ္လိုက္ရတာပါတဲ့။
မိခင္တစ္ေယာက္လို တြယ္တာခဲ့တဲ့သားေလး ငိုေႂကြး႐ုံမွတပါး အျခားမရွိခဲ့ ဒီလိုနဲ႔မစားမေသာက္ပဲ အိပ္ယာထဲ လဲခဲ့ၿပီေပါ့ သားအျဖစ္ကို မၾကည့္ရက္ မျမင္ရက္နဲ႔ ၂ ရက္ေလာက္ေသာ နံနက္ ခင္းမွာ အိမ္ေရွ႕က ႏြားေအာ္သံၾကားရေတာ့
ဖခင္ျဖစ္သူက အိမ္တံခါးဖြင့္ၾကည့္ခ်ိန္ ေမွ်ာ္လင့္မထားတဲ့ျမင္ကြင္း ေၾကာင့္ သားျဖစ္ သူကို အိပ္ယာက ႏႈိးလို႔ “သားေလး ထၾကည့္စမ္းပါဦးကြာ”ဆိုၿပီး သားျဖစ္သူက အိမ္ေရွ႕ကိုျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ ေပ်ာ္႐ႊင္မဆုံးျဖစ္ရၿပီေပါ့ေလ။
ေရာင္းလိုက္တဲ့ ႏြားမႀကီး အိမ္ေရွ႕မွာ ဝယ္သူ ကိုယ္တိုင္လက္က ဆြဲၿပီး ေရာက္ေနလို႔ ဖခင္ျဖစ္သူကအက်ိဳး အေၾကာင္းေမးပါေတာ့တယ္ ဝယ္သူက ျပန္ေျပာျပလိုက္တာက
” ဒီႏြားမႀကီး အိမ္ေရာက္တဲ့ ေန႔ကတည္းက ဘာမွလည္းေကြၽးမရဘူးဗ်ာ မ်က္ရည္ေတြပဲ က်ေနတာ အစာလည္း မစားဘူး ေအာ္ေနတာ ညတိုင္းပဲ ဒါနဲ႔အေၾကာင္းရင္းကို သိရေအာင္ ဒီျပန္ေခၚလာတာပဲ “တဲ့ဗ်ာ။
ဒီလိုနဲ႔ ဖခင္ျဖစ္သူကလည္း ႏြားမႀကီးနဲ႔ သားေလးရဲ႕ အေၾကာင္းစုံရွင္းျပလိုက္ေတာ့မွ ဝယ္သူက ဇာတ္ရည္လည္သြားပါေတာ့တယ္ ေနာက္ၿပီးေတာ့ ဝယ္သူကလည္း
“က်ဳပ္ ဒီႏြားမႀကီးနဲ႔ဒီသားေလးရဲ႕ သံေယာဇဥ္ကို မျဖတ္ေတာ့ပါဘူးဗ်ာ ေငြလည္းျပန္မေပးပါနဲ႔ေတာ့ က်ဳပ္ လႉပါတယ္ မိခင္မရွိေတာ့တဲ့ သားေလးအတြက္ မိခင္ေမတၱာစိတ္နဲ႔ႏို႔ ခ်ိဳတိုက္ေကြၽးခဲ့တဲ့ ဒီႏြားမႀကီးနဲ႔ဒီသားေလးဘဝ ေရဆက္ရွိသေ႐ြ႕ ေနထိုင္ပါေစေတာ့ဗ်ာ “ဆိုၿပီး ႏြားမႀကီးကို ထားခဲ့ၿပီး ျပန္သြားပါေတာ့တယ္။
တိရစာၦန္ပင္ျဖစ္ပါေစ မ်ိဳးမတူဘဝျခားေပမဲ့ သံေယာဇဥ္ေႏွာင္ဖြဲ႕မႈေတြ ေမတၱာတရား ထားတတ္မႈေတြဟာ ကြၽန္ေတာ္တို႔လူသားက ပိုလို႔ေတာင္ ရွိသင့္ပါတယ္။ က်င္လည္ရတဲ့လူ႔ဘဝ ခဏေလးမွာ တစ္ဦးအေပၚတစ္ဦးအျပန္ အလွန္ နားလည္မႈေတြ စာနာမႈေတြ ေမတၱာတရားေတြလႊမ္းၿခဳံပါေသာ လူ႔အသိုက္ အဝန္းတစ္ခုကို တည္ေဆာက္ႏိုင္ပါရင္ ဒီကမာၻေလာကႀကီး သာယာေအးခ်မ္းသြားမွာအမွန္ပါပဲေလ။
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါတယ္ ခင္ဗ်ာ…။
Unicode Version
မိခင်မရှိတော့တဲ့ သခင်ရဲ့ သားလေးကို နို့တိုက်ရင်း သံယောဇဉ်ဖြစ်သွားတဲ့ နွားမကြီး
မင်္ဂလာပါ ပရိသတ်ကြီးရေ ယခုဖော်ပြပေးမှာကတော့ မိခင်မရှိတော့တဲ့ သူ့သခင်ရဲ့ သားလေးကို နွားမကြီးက နို့တိုက်ရင်း သံယောဇဉ်ဖြစ်ပြီး တိရိစ္ဆာန်ဆိုပေမယ့် မိခင်စိတ်ရှိတဲ့ နွားမကြီးအကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
တစ်ခါတုန်းက ရွာတစ်ရွာမှာ မိခင်ဖြစ်သူက သားလေးတစ်ယောက် ကို မွေးရင်း မီးတွင်းထဲမှာပဲ ဆုံးပါးသွားခဲ့ရပါတယ်။ အဲ့ဒီလို ဆုံးပါးသွားတော့ လူမမယ်သားလေး မိတဆိုးလေးမို့ ဖခင်ဖြစ်သူခမျာ နို့ချိုတိုက်ကျွေးဖို့ အခက်ကြုံလာခဲ့ပါပြီ။
ဒီလိုနဲ့ပဲ တစ်ရက်မှာ တိုက်တိုက်ဆိုင်ဆိုင် အိမ်မှာမွေးထားတဲ့ နွားမကြီးကလည်း နွားသားလေးတွေ ပေါက်လို့ အဆင်သင့်စွာပဲ သားလေးအတွက်နို့ချိုတိုက်ကျွေးရမဲ့ ပြဿနာက ပြေလည်သွားခဲ့ပါတယ်။
ဒီလိုနဲ့နွားမကြီးနဲ့ သားလေးရဲ့ သံယော ဇဉ်ကြိုးလေးတွေဟာ တဖြည်းဖြည်း ခိုင်မြဲလာပြီး ၃ နှစ်ကျော်ကျော် အရွယ် ရောက်လာတဲ့ သားလေးက သူကိုယ် တိုင်ပဲ နွားမကြီးရဲ့နို့ရည်ကို သောက်စို့နိုင်ခဲ့ပါတယ်။
မူကြိုအရွယ်မို့ သားလေးကျောင်းသွားရင်လည်း ညနေရောက် တိုင်း နွားမကြီးက ကျောင်းရှေ့ကိုလာလာကြိုပေးတယ်။ တစ်ရက်မှာတော့ နွားမကြီးနဲ့သားလေးရဲ့ သံယောဇဉ်တွေ အဆက် ပြတ် မယ့်နေ့ရောက်လာခဲ့ရပါတယ်။
ညနေကျောင်းဆင်းချိန်လည်းရောက်ရော ပုံမှန်လာကြိုနေကြ နွားမကြီးက ရောက်မလာခဲ့ပါဘူး။ သားလေးခမျာ နွားမကြီးကိုမျှော်ရင်းနဲ့ အိမ်ကို တရွေ့ရွေ့ရောက်လာခဲ့ပြီး ရောက်ရောက်ခြင်းပဲ သားလေးကမေးပြီလေ
“နွားမကြီးက ဘယ်ရောက်သွားလည်း အဖေ”ဆိုတော့ မျက်နှာမကောင်းဖြစ်နေရှာတဲ့ဖခင်က ခုလိုပြန်ဖြေရှာပါတယ်” သားလေးရဲ့နွားမကြီးရောင်းလိုက်ရပြီသားရယ်” အိမ်ကစည်းပွားရေးမကောင်းတော့ လယ်တွေယာတွေ စိုက်ပျိုးဖို့ မျိုးက ဝယ်ရဦးမယ်
စားဝတ်နေရေးအတွက် အဖေဒီနွားမကြီးကို မရောင်းမဖြစ်တော့လို့အဖေရောင်းလိုက်ရတာပါ သားရယ်” တဲ့ ခိုင်းနွားတွေရောင်းလိုက်ရင် အဖေ့လက်မောင်းတွေ ဖြုတ်သလိုဖြစ်မှာမို့ မရောင်းချင်ပေမယ့်လည်း မတတ်သာတဲ့နောက် နောက်ဆုံး ရွေးချယ်လိုက်ရတာပါတဲ့။
မိခင်တစ်ယောက်လို တွယ်တာခဲ့တဲ့သားလေး ငိုကြွေးရုံမှတပါး အခြားမရှိခဲ့ ဒီလိုနဲ့မစားမသောက်ပဲ အိပ်ယာထဲ လဲခဲ့ပြီပေါ့ သားအဖြစ်ကို မကြည့်ရက် မမြင်ရက်နဲ့ ၂ ရက်လောက်သော နံနက် ခင်းမှာ အိမ်ရှေ့က နွားအော်သံကြားရတော့
ဖခင်ဖြစ်သူက အိမ်တံခါးဖွင့်ကြည့်ချိန် မျှော်လင့်မထားတဲ့မြင်ကွင်း ကြောင့် သားဖြစ် သူကို အိပ်ယာက နှိုးလို့ “သားလေး ထကြည့်စမ်းပါဦးကွာ”ဆိုပြီး သားဖြစ်သူက အိမ်ရှေ့ကိုမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ပျော်ရွှင်မဆုံးဖြစ်ရပြီပေါ့လေ။
ရောင်းလိုက်တဲ့ နွားမကြီး အိမ်ရှေ့မှာ ဝယ်သူ ကိုယ်တိုင်လက်က ဆွဲပြီး ရောက်နေလို့ ဖခင်ဖြစ်သူကအကျိုး အကြောင်းမေးပါတော့တယ် ဝယ်သူက ပြန်ပြောပြလိုက်တာက
” ဒီနွားမကြီး အိမ်ရောက်တဲ့ နေ့ကတည်းက ဘာမှလည်းကျွေးမရဘူးဗျာ မျက်ရည်တွေပဲ ကျနေတာ အစာလည်း မစားဘူး အော်နေတာ ညတိုင်းပဲ ဒါနဲ့အကြောင်းရင်းကို သိရအောင် ဒီပြန်ခေါ်လာတာပဲ “တဲ့ဗျာ။
ဒီလိုနဲ့ ဖခင်ဖြစ်သူကလည်း နွားမကြီးနဲ့ သားလေးရဲ့ အကြောင်းစုံရှင်းပြလိုက်တော့မှ ဝယ်သူက ဇာတ်ရည်လည်သွားပါတော့တယ် နောက်ပြီးတော့ ဝယ်သူကလည်း
“ကျုပ် ဒီနွားမကြီးနဲ့ဒီသားလေးရဲ့ သံယောဇဉ်ကို မဖြတ်တော့ပါဘူးဗျာ ငွေလည်းပြန်မပေးပါနဲ့တော့ ကျုပ် လှူပါတယ် မိခင်မရှိတော့တဲ့ သားလေးအတွက် မိခင်မေတ္တာစိတ်နဲ့နို့ ချိုတိုက်ကျွေးခဲ့တဲ့ ဒီနွားမကြီးနဲ့ဒီသားလေးဘဝ ရေဆက်ရှိသရွေ့ နေထိုင်ပါစေတော့ဗျာ “ဆိုပြီး နွားမကြီးကို ထားခဲ့ပြီး ပြန်သွားပါတော့တယ်။
တိရစ္ဆာန်ပင်ဖြစ်ပါစေ မျိုးမတူဘဝခြားပေမဲ့ သံယောဇဉ်နှောင်ဖွဲ့မှုတွေ မေတ္တာတရား ထားတတ်မှုတွေဟာ ကျွန်တော်တို့လူသားက ပိုလို့တောင် ရှိသင့်ပါတယ်။ ကျင်လည်ရတဲ့လူ့ဘဝ ခဏလေးမှာ တစ်ဦးအပေါ်တစ်ဦးအပြန် အလှန် နားလည်မှုတွေ စာနာမှုတွေ မေတ္တာတရားတွေလွှမ်းခြုံပါသော လူ့အသိုက် အဝန်းတစ်ခုကို တည်ဆောက်နိုင်ပါရင် ဒီကမ္ဘာလောကကြီး သာယာအေးချမ်းသွားမှာအမှန်ပါပဲလေ။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ် ခင်ဗျာ…။