မကြာသေးမီက အမျိုးသမီးတစ်ဦးဟာ ၎င်းရဲ့အသက်ကို ကယ်တင်ပေးဖို့အတွက် သူမရဲ့ကျောက်ကပ်တစ်ခုကို လှူဒါန်းပေးလိုက်ပြီးနောက် သူမအား ဘယ်လိုလိမ်လည်လှည့်စားပြီး ထားပစ်ခဲ့တဲ့ သူမရည်းစားဟောင်းရဲ့ဇာတ်လမ်းကို လူမှုကွန်ရက်ပေါ်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။ အဆိုပါ Colleen Le အမည်ရှိအအျိုးသမီးက TikTok ဗီဒီယိုတွေကနေ သူမရဲ့ဇာတ်လမ်းကို မျှဝေခဲ့ပါတယ်။ သူမဟာ 2020 ခုနှစ် ဇူလိုင်လတွင် ပထမဆုံးဗီဒီယိုကို တင်ခဲ့ပြီး “ငါ့ကျောက်ကပ်လေး ကောင်းမွန်တဲ့အရာတွေကို လုပ်ဆောင်နိုင်ပါစေလို့ မျှော်လင့်တယ်” ဟူသော caption ဖြင့် လွန်ခဲ့တဲ့ ငါးနှစ်မှ ခြောက်နှစ်ဝန်းကျင်က ဖြစ်ပျက်ခဲ့တာတွေကို အရိပ်အမြွက်ဖော်ပြခဲ့ပါတယ်။
.
Le ရဲ့အဆိုအရ သူမရဲ့ရည်းစားဟောင်းဟာ အသက် 17 နှစ်အရွယ်တွင် နာတာရှည် ကျောက်ကပ်ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ထိုအချိန်မှစ၍ ၎င်းရဲ့ ကျောက်ကပ်လုပ်ဆောင်ချက်က ၅ ရာခိုင်နှုန်း ထက်နည်းနေတဲ့အတွက်ကြောင့် ကျောက်ကပ်စစ်ဆေးခြင်း ပြုလုပ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ထို့နောက် သူသေသွားတာကို သူမမမြင်ချင်တဲ့အတွက် Le ဟာ သူ့နဲ့လိုက်ဖက်တဲ့ ကျောက်ကပ်အလှူရှင် ဟုတ်မဟုတ်ဆိုတာကို သိနိုင်ဖို့ စမ်းသပ်ခံခဲ့ပါတယ်။ ရလဒ်ကလည်း သူမမှာ ၎င်းနဲ့ကိုက်ညီတဲ့ “ပြီးပြည့်စုံတဲ့” ကျောက်ကပ်ရှိကြောင်း ထင်ရှားနေတာကြောင့် သူမဟာ သူမရဲ့ရည်းစားဟောင်းထံသို့ ကျောက်ကပ်တစ်ဖက်လှူဒါန်းပေးခဲ့ပါတယ်။
.
ခွဲစိတ်ပြီးနောက် ခုနစ်လအကြာမှာ Le ဟာ ၎င်းရည်းစားဟောင်းထံမှ ၎င်းရဲ့သူငယ်ချင်းများနှင့် လူပျိုကြီးပါတီပွဲအတွက် Las Vegas သို့ သွားမလို့ဆိုတဲ့ သူမကို အသိပေးတဲ့ စာတစ်စောင်ကို လက်ခံရရှိခဲ့ပါတယ်။ ရက်အတော်ကြာပြီးနောက်၊ အဆိုပါရည်းစားဟောင်းဟာ Las Vegas ၌ အခြားတစ်ယောက်နဲ့ဖောက်ပြန်မိခဲ့တဲ့အကြောင်းဝန်ခံရန် Le ရဲ့ အိမ်ကိုသွားရောက်လည်ပတ်ခဲ့ပြီး သူမကိုခွင့်လွှတ်ပေးရန်တောင်းဆိုခဲ့ပါတယ်။ နောက်ဆုံးတော့ Le က သူ့ကိုခွင့်လွှတ်ပြီး နောက်တစ်ကြိမ် အခွင့်အရေးပေးခဲ့ပေမဲ့လည်း သုံးလအကြာမှာ ရည်းစားဟောင်းဖြစ်သူက “ ငါတို့ တစ်ယောက်ကိုတစ်ယောက် ရည်ရွယ်ထားရင် ဘုရားသခင်က ငါတို့ကို နောက်ဆုံးမှာ ပြန်ပေါင်းစည်းပေးလိမ့်မယ်” လို့ ပြောဆိုစွပ်စွဲပြီး ၊သူမနဲ့ လမ်းခွဲပစ်ခဲ့ပါတယ်။
.
ထို့ပြင် ရည်းစားဟောင်းဟာ သူမကို ဆိုရှယ်မီဒီယာမှာ block လုပ်ခဲ့ပြီး သူမရဲ့ ဖုန်းခေါ်ဆိုမှုတွေနဲ့ စာတိုတွေကိုလည်း မဖြေကြားတော့သလို ပိုဆိုးတာက ရည်းစားဟောင်းဖြစ်သူက သူမကို ” လူတွေဆီကနေ အကောင်းမြင်ခံရဖို့ မင်းရဲ့ကျောက်ကပ်ကိုလှူခဲ့တာမလား ” လို့လည်းစွပ်စွဲပြောဆိုခဲ့ပါတယ်။ သူမ၏ ဗီဒီယိုများက TikTok တွင် ရေပန်းစားလာပြီးနောက် သုံးစွဲသူများစွာက Le ကို အားပေးသည့် မက်ဆေ့ချ်များကို တင်ခဲ့ကြပါတယ်။ သူမရဲ့TikTok ပို့စ်တစ်ခုမှာတော့ Le ဟာ ရည်စားဟောင်းရဲ့သူငယ်ချင်းတစ်ဦးထံမှ “ သူ့အတွက် မင်းရဲ့f**k ကျောက်ကပ်လှူပေးတဲ့အကြောင်းကို လူတိုင်းကို ပြောပြနေစရာမလိုဘူး ၊ မင်းတို့က လမ်းခွဲလိုက်ပြီဘဲ ၊ မသန်စွမ်းနဲ့ ဘွဲ့ယူတဲ့ကောင်မ ” ဆိုတဲ့မက်ဆေ့ချ်တစ်စောင်ပို့လာတဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။
Mia (KB Chimmy one)
Reference : nextshark