ၾကားသိရသမွ်

ကနီ၊ ပုလဲ၊ ယင်းမာပင် အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များကို အင်တာနက်လိုင်းဖြတ်တောက်

စစ်ကောင်စီက PDF များနှင့် စစ်ရေးတင်းမာမှုဖြစ်ပွားနေသော ကနီ၊ ပုလဲ၊ ယင်းမာပင်နှင့် စစ်ကိုင်းတိုင်းအတွင်းရှိမြို့နယ်များကို အင်တာနက်လိုင်းဖြတ်တောက်လိုက်ကြောင်းသိရသည်။

ကနီမြို့နယ်၌မူ လွန်ခဲ့သည့် သုံးနာရီကတည်းက အင်တာနက်လိုင်းများပြတ်တောက်သွားကြောင်း ဒေသခံတစ်ဦးကပြောကြားသည်။

ဒေသခံတစ်ဦးက ” အင်တာနက်လိုင်းတွေအကုန်ပြတ်သွားတာ လွန်ခဲ့တဲ့ သုံးနာရီလောက်ကတည်းက။ ကဒ်တွေအကုန်ချိန်းသုံးတယ်။ Mytel မှအပ ကျန်ကဒ် အကုန်ချိန်းသုံးတယ် မရဘူး ” ဟု ဆိုသည်။

စစ်ကောင်စီက နယ်မြေရှင်းလင်းရေးပြုလုပ်မှာ ဖြစ်သည့်အတွက် အင်တာနက်လိုင်းများဖြတ်တောက်ခြင်းဖြစ်ကြောင်းPDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

‘‘ နယ်မြေရှင်းလင်းရေးလုပ်မှာမို့လို့ အဓိကတော့ အင်တာနက်လိုင်းဖြတ်တယ်လို့ပဲ ကျွန်တော်တို့ကတော့ထင်တယ်။ဘာလို့လည်းဆိုတော့ သတင်းတွေက စစ်ကောင်စီရဲ့တပ်က ဘယ်နားက တက်လာပြီဆိုရင် အွန်လိုင်ပေါ်မှာ တင်ကြမျှဝေကြ ရှောင်ကြ ရှားကြ ပေါ့။

အင်တာနက်လိုင်းမရှိတဲ့အခါကျတော့ ဆက်သွယ်မှုကတော့ နီးနီးကပ်ကပ် ဆက်သွယ်လို့ မရတော့ဘူး။ ဖုန်းလိုင်းတွေလည်း ဖြတ်ကောင်းဖြတ်လာနိုင်တဲ့ ကိစ္စတွေရှိတယ်။ ဒီပုံစံ အတိုင်းဆိုရင်လေ ” ဟု ၎င်း က ပြောကြားသည်။

လင်းယုန်စစ်ဆင်ရေးပြုလုပ်ရန်အတွက် စစ်ဆင်ရေးအတွင်းပါဝင်သည့် မြို့နယ်များကို အင်တာနက်လိုင်းဖြတ်တောက်ခြင်းဖြစ်သည် ဟု စုံးစမ်းသိရှိရကြောင်း PDF တပ်ဖွဲ့တစ်ဦးက ပြောကြားသည်။

” လင်းယုန်စစ်ဆင်ရေးတဲ့။ အဲဒီ စစ်ဆင်ရေးလုပ်တာ။ စစ်ဆင်ရေးလုပ်တဲ့ မြို့နယ်တွေပေါ့ အဲဒါတွေကို အင်တာနက်လိုင်းဖြတ်တာလို့ ကျွန်တော်တို့ စုံးစမ်းတော့သိရတယ်။ ယင်းမာပင်ခရိုင်မှာ လေးမြို့နယ်ရှိတယ်။ ကနီ၊ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး အဲဒါပါတယ်။ မုံရွာခရိုင်ထဲက မြို့နယ်တချို့လည်း ပါမယ်ပြောတယ်။ ဘုတလင်ကတော့ပါတယ်။ နောက် မင်းကင်း ပါမယ် ” ဟု ၎င်းက ပြောကြားသည်။

ယမန်နေ့(စက်တင်ဘာ ၁၃ရက်) ညနေပိုင်း က မြင်းခြံမြို့ကားလမ်းမပေါ်တွင် ဆိုင် ကယ် ၅ စီး ဖြင့်ကင်းလှည့်နေသည့် စစ်ကောင်စီတပ်များ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၇ဦး သေဆုံးပြီး ၃ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီမှ အင်တာနက်ဖြတ်တောက်ထားသည့်မြို့နယ်များသည် ၄င်းတို့အားတော်လှန်တိုက် ခိုက်နေသည့် သက်ဆိုင်ရာဒေသအလိုက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ အင်အားကောင်းသောဒေသများဖြစ်ပြီး အဆိုပါ နေရာများသို့ စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက် ရှင်းလင်းရန်ရှိကြောင်း စစ်တပ်အသိုင်းအဝိုင်း သတင်းများအရ သိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်လည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက် ညပိုင်းမှစ၍ အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး ယနေ့ထိ ဖြတ်တောက်ထားဖြစ်ကြောင်း သိရသည်။

zawgyi

စစ္ေကာင္စီက PDF မ်ားႏွင့္ စစ္ေရးတင္းမာမႈျဖစ္ပြားေနေသာ ကနီ၊ ပုလဲ၊ ယင္းမာပင္ႏွင့္ စစ္ကိုင္းတိုင္းအတြင္းရွိၿမိဳ႕နယ္မ်ားကို အင္တာနက္လိုင္းျဖတ္ေတာက္လိုက္ေၾကာင္းသိရသည္။

ကနီၿမိဳ႕နယ္၌မူ လြန္ခဲ့သည့္ သုံးနာရီကတည္းက အင္တာနက္လိုင္းမ်ားျပတ္ေတာက္သြားေၾကာင္း ေဒသခံတစ္ဦးကေျပာၾကားသည္။

ေဒသခံတစ္ဦးက ” အင္တာနက္လိုင္းေတြအကုန္ျပတ္သြားတာ လြန္ခဲ့တဲ့ သုံးနာရီေလာက္ကတည္းက။ ကဒ္ေတြအကုန္ခ်ိန္းသုံးတယ္။ Mytel မွအပ က်န္ကဒ္ အကုန္ခ်ိန္းသုံးတယ္ မရဘူး ” ဟု ဆိုသည္။

စစ္ေကာင္စီက နယ္ေျမရွင္းလင္းေရးျပဳလုပ္မွာ ျဖစ္သည့္အတြက္ အင္တာနက္လိုင္းမ်ားျဖတ္ေတာက္ျခင္းျဖစ္ေၾကာင္းPDF တပ္ဖြဲ႕ဝင္ တစ္ဦးက ေျပာသည္။

‘‘ နယ္ေျမရွင္းလင္းေရးလုပ္မွာမို႔လို႔ အဓိကေတာ့ အင္တာနက္လိုင္းျဖတ္တယ္လို႔ပဲ ကြၽန္ေတာ္တို႔ကေတာ့ထင္တယ္။ဘာလို႔လည္းဆိုေတာ့ သတင္းေတြက စစ္ေကာင္စီရဲ႕တပ္က ဘယ္နားက တက္လာၿပီဆိုရင္ အြန္လိုင္ေပၚမွာ တင္ၾကမွ်ေဝၾက ေရွာင္ၾက ရွားၾက ေပါ့။

အင္တာနက္လိုင္းမရွိတဲ့အခါက်ေတာ့ ဆက္သြယ္မႈကေတာ့ နီးနီးကပ္ကပ္ ဆက္သြယ္လို႔ မရေတာ့ဘူး။ ဖုန္းလိုင္းေတြလည္း ျဖတ္ေကာင္းျဖတ္လာႏိုင္တဲ့ ကိစၥေတြရွိတယ္။ ဒီပုံစံ အတိုင္းဆိုရင္ေလ ” ဟု ၎ က ေျပာၾကားသည္။

လင္းယုန္စစ္ဆင္ေရးျပဳလုပ္ရန္အတြက္ စစ္ဆင္ေရးအတြင္းပါဝင္သည့္ ၿမိဳ႕နယ္မ်ားကို အင္တာနက္လိုင္းျဖတ္ေတာက္ျခင္းျဖစ္သည္ ဟု စုံးစမ္းသိရွိရေၾကာင္း PDF တပ္ဖြဲ႕တစ္ဦးက ေျပာၾကားသည္။

” လင္းယုန္စစ္ဆင္ေရးတဲ့။ အဲဒီ စစ္ဆင္ေရးလုပ္တာ။ စစ္ဆင္ေရးလုပ္တဲ့ ၿမိဳ႕နယ္ေတြေပါ့ အဲဒါေတြကို အင္တာနက္လိုင္းျဖတ္တာလို႔ ကြၽန္ေတာ္တို႔ စုံးစမ္းေတာ့သိရတယ္။ ယင္းမာပင္ခ႐ိုင္မွာ ေလးၿမိဳ႕နယ္ရွိတယ္။ ကနီ၊ ပုလဲ၊ ယင္းမာပင္၊ ဆားလင္းႀကီး အဲဒါပါတယ္။ မုံ႐ြာခ႐ိုင္ထဲက ၿမိဳ႕နယ္တခ်ိဳ႕လည္း ပါမယ္ေျပာတယ္။ ဘုတလင္ကေတာ့ပါတယ္။ ေနာက္ မင္းကင္း ပါမယ္ ” ဟု ၎က ေျပာၾကားသည္။

ယမန္ေန႔(စက္တင္ဘာ ၁၃ရက္) ညေနပိုင္း က ျမင္းၿခံၿမိဳ႕ကားလမ္းမေပၚတြင္ ဆိုင္ ကယ္ ၅ စီး ျဖင့္ကင္းလွည့္ေနသည့္ စစ္ေကာင္စီတပ္မ်ား မိုင္းခြဲတိုက္ခိုက္ခံရၿပီး ၇ဦး ေသဆုံးၿပီး ၃ ဦးျပင္းထန္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

စစ္ေကာင္စီမွ အင္တာနက္ျဖတ္ေတာက္ထားသည့္ၿမိဳ႕နယ္မ်ားသည္ ၄င္းတို႔အားေတာ္လွန္တိုက္ ခိုက္ေနသည့္ သက္ဆိုင္ရာေဒသအလိုက္ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(PDF)မ်ား အင္အားေကာင္းေသာေဒသမ်ားျဖစ္ၿပီး အဆိုပါ ေနရာမ်ားသို႔ စစ္အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္ ရွင္းလင္းရန္ရွိေၾကာင္း စစ္တပ္အသိုင္းအဝိုင္း သတင္းမ်ားအရ သိရသည္။

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္တြင္လည္း ၿပီးခဲ့တဲ့ ဩဂုတ္လ ၂၀ ရက္ ညပိုင္းမွစ၍ အင္တာနက္လိုင္းမ်ား ျဖတ္ေတာက္ထားၿပီး ယေန႔ထိ ျဖတ္ေတာက္ထားျဖစ္ေၾကာင္း သိရသည္။