ချစ်သူသက်တမ်း ၂နှစ်အကြာတွဲလာခဲ့ပေမယ့် ငွေကြေးအဆင်မပြေလို့ဆိုပြီး လမ်းခွဲသွားသော ချစ်သူကောင်လေးအား ထားမသွားရန် ဒူးထောက်ပြီး လိုက်တောင်းပန်နေခဲ့သည့် မိန်းကလေး
ချစ်သူစုံတွဲတိုင်းသည် အဆင်မပြေတာတွေ အခက်အခဲတွေကိုယ်စီရှိကြပေမယ့် တကယ်ချစ်တဲ့သူက ဘယ်လောက်ပဲ အဆင်မပြေဖြစ်နေပါစေ နီးစပ်အောင် ကြိုးစားတတ်ကြသည်။
သို့ဖြစ်၍ တရုတ်နိုင်ငံ Guangdongပြည်နယ် ရှန်ကျန်းမြို့ အများသွားလမ်းမပေါ်တွင် ချစ်သူစုံတွဲနှစ်ဦးသည် မိန်းကလေးဖက်မှ ချစ်သူကောင်လေးအား ထားမသွားရန် ခြေထောက်ကိုအတင်းလိုက်ဖက်ကာ မျက်ရည်များစွာနဲ့ တောင်းပန်နေသော ပုံရိပ်လေးသည် လူတိုင်းရဲ့ရင်ထဲကို ထိမိစေခဲ့သည်။
သူတို့ချစ်သူစုံတွဲသည် ၂နှစ်ကျော်အကြာ ချစ်ကြိုက်လာခဲ့ပြီး တကယ်တမ်း လက်ထပ်ရန်ရည်ရွယ်ထားတာကြောင့် မိန်းကလေးဖက်မှ သူမအိမ်ကမိသားစုတွေနဲ့ မိတ်ဆက်ပေးခဲ့ရာ ကောင်လေးအား မင်္ဂလာဆောင်စရိတ် ယွမ်၃၀၀၀၀၀အား တောင်းခဲ့သည်။
ကောင်လေးသည် ငွေကြေးချမ်းသာသည့် အသိုင်းအဝိုင်းက မဟုတ်ခဲ့သည့်အပြင် စီးပွားရေးကလည်း မကောင်းခဲ့၍ မတတ်နိုင်ပဲရှိရာ အခက်တွေ့နေစဉ် မိန်းကလေးမှ လမ်းခွဲမှာကြောက်ပြီး သူ့ရဲ့မိဘတွေဆီကနေ ပိုက်ဆံခဏချေးသုံးရန် အကြံပြုသောအခါ ကောင်လေးမှငြင်းဆန်ခဲ့ပြီး လမ်းခွဲပစ်ခဲ့သည်။
Credit
Credit