ၾကားသိရသမွ်

မြောက်ဥက္ကလာပမြို့နယ်မှNon -CDMကျောင်းဆရာမ ဒေါ်လှလှသန်း ရှင်းလင်းခံရတဲ့အကြောင်းရင်း

မြောက်ဥက္ကလာတွင် သေနတ်မှန်၍ သေဆုံးသွားသော ဆရာမအား ၃ ကြိမ်တိုင် သတိပေးခဲ့ဟု ပစ်ခတ်သည့် အဖွဲ့ပြော

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ မြို့နယ်တွင် သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးသွားသည့် ကျောင်းဆရာမကို ပစ်ခတ်သည့် အဖွဲ့က သုံးကြိမ်

တိုင် သတိပေးခဲ့သည်ဟု အဆိုပါအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ကျောင်းဆရာမ ဒေါ်လှလှသန်းသည် ၎င်းနေအိမ်ရှိရာ မြောက်ဥက္ကလာပမြို့နယ်မှ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် အ.ထ.က (၂) ကျောင်းသို့

တက္ကစီဖြင့် သွားစဉ် မြောက်ဥက္ကလာပမြို့နယ် နွယ်နီမှတ်တိုင် အကျော်၌ တက္ကစီ မီးပွိုင့်မိနေစဉ် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

ယနေ့ နိုဝင်ဘာ ၅ ရက် မနက် ၈ နာရီ မိနစ် ၃၀ ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ပြီး သေနတ်ဒဏ်ရာ သုံးချက်ဖြင့် မြောက်ဥက္ကလာ

ပဆေးရုံသို့ တင်ပို့ကုသနေစဉ် သေဆုံးသွားကြောင်း ဒေသခံများထံမှ တစ်ဆင့် သိရသည်။

ပစ်ခတ်မှုပြုလုပ်ခဲ့သည့် GenerationZ Defence Force အဖွဲ့သည် ၎င်းအား သတိထား စောင့်ကြည့်ခဲ့ရာ ၎င်းသည် စစ်ကောင်စီထံသို့

ကျောင်းသားများ၏ အိမ်လိပ်စာများ ပေးပြီး ဖမ်းဆီးခိုင်းမှုများ ရှိကြောင်း၊ ပထမအကြိမ် သတိပေးမှုများ လုပ်ဆောင်ခဲ့ရာ လအတော်ကြာ

ငြိမ်သွားခဲ့ကြောင်း၊ ယခုထပ်မံ၍ ကျောင်းသားများကို ခြိမ်းခြောက်မှုများ လုပ်ဆောင်လာ၍ ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း

ဆိုသည်။“သူ့ကြောင့် ထွက်ပြေးရတဲ့ ကလေးတွေရော၊ ဖမ်းမိသွားတဲ့ ကလေးတွေရော အများကြီး ရှိတယ်။ ကလေးတွေက လာတိုင်တော့

ကျွန်တော်တို့ သတိပေးစာ ထပ်ထုတ်ပါတယ်။ ရပ်တန့်ပေးဖို့လည်း တောင်းဆိုတယ်။ ဒါကိုလက်မခံဘဲ လုပ်ရပ်က ပိုဆိုးလာတယ်။ Non –

CDM ဆရာမ မို့လို့ အခုလို လုပ်ခဲ့ရတာ မဟုတ်ပါဘူး။ ဒလန်လုပ်တယ်။ ခြိမ်းခြောက်တယ်။ မတရား လုပ်တယ်လို့ သတင်းကြီး နေတဲ့

အပြင် တိုင်တဲ့သူတွေ များလာလို့ပါ” ဟု ပစ်ခတ်ရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ GenerationZ Defence Force အဖွဲ့ဝင်က မဇ္စျိ

မ ကို ပြောသည်။အဆိုပါ ပစ်ခတ်မှုကို GenerationZ Defence Force အဖွဲ့နှင့် Human Right Defenders (HRD)အဖွဲ့ တို့က ပူးပေါင်း

လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဂန္ဒမာ