ၾကားသိရသမွ်

ကျည်ဆန်ကြားက မိခင်

ကျည်ဆန်ကြားက မိခင်
=============
”လက်နက်ကြီးသံ နှစ်ချက်ကြားတော့ မွေးကာနီးနေပြီ”

စစ်ဘေးရှောင်ရင်း ကလေးမွေးဖွားသူကို ကူညီလုပ်ကိုင်ပေးသူက ပြန်ပြောင်းပြောပြခြင်း ဖြစ်သည်။

အင်္ဂါနေ့ညက ဖလူးစစ်ဘေးရှောင်စခန်းမှာပင် သားယောကျာ်းလေးတစ်ဦးကို စစ်ရှောင်ရင်း မွေးဖွားခဲ့ပုံကို ပြောပြနေခြင်းဖြစ်သည်။

လေးကေ့ကော်ဒေသ၊ ဖလူးတွင်တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဒေသခံတစ်ယောက် အနေဖြင့် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်

သည့်အတွက် စစ်ဘေးရှောင်လာရခြင်း ဖြစ်ကြောင်း ကလေးမိခင်က ဆိုသည်။

သူ့အမျိုးသားဖြစ်သူမှာ ကရင်တော်လှန်ရေးသမား တစ်ဦးဖြစ်သည့်အတွက် လတ်တလော ရှေ့တန်းရောက်နေသည်။

မွေးတဲ့ရက်စွဲကလည်း အထင်ကရ။ ၂၁ရက်နေ့ ၁၂လပိုင်း ၂၀၂၁ ခုနှစ်။ မွေးတဲ့အချိန်က ၁၁နာရီ ၂၁မိနစ်။ အမေဖြစ်သူ အသက်က ၂၁နှစ်။

ယောကျာ်းသား ဘေးတွင် မရှိသော်လည်း စိတ်အားငယ်တာမျိုး မရှိကြောင်း ကလေးမိခင်က ဆိုသည်။

”ယောကျာ်းလေးမွေးတယ်ဆိုတော့ နာကျင်တာတွေ အကုန်ပျောက်တာပဲ”ဟု သူက ဆိုသည်။

သူမအတွက် စစ်ဘေးရှောင်ရင်း ကလေးမွေးကသည်က ပထမအကြိမ်ဆုံးတော့မဟုတ်ချေ။ ပထမ ကလေးမွေးစဥ်တုန်းက မြိုင်ကြီးငူဘက်

တွင် တိုက်ပွဲဖြစ်တုန်းက မွေးခဲ့ရခြင်းဖြစ်သည်။

လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က သူမ သားဦးမွေးစဥ် မြိုင်ကြီးငူတစ်ကြောတွင် တိုက်ပွဲဖြစ်ပွားနေပြီး ပြေးရင်းလွှားရင်း မွေးဖွားခဲ့သည်။ ထို

တိုက်ပွဲများကြားတွင် သူမ၏ အမေဖြစ်သူမှာ သေနတ်ကျည်မှန်ပြီး တိမ်းပါးခဲ့သည်။

ယခု ဒုတိယမြောက်သားလေးမွေးတော့လည်း အဖေဖြစ်သူကရှေ့တန်း ရောက်နေချိန်။ သူမပြောပုံက ဒီအဖြစ်ပျက်များသည် သာမန်ဖြစ်ရိုး

ဖြစ်စဥ်လိုပင်။

”မွေးမွေးချင်းတော့ မသိဘူးလေ။ လက်နက်ကြီးတွေကျလို့ ရှေ့တန်းရောက်နေတာ။ တညလုံးလည်း မအိပ်ရဘူး။

သတင်းကြားကြားခြင်းတော့ အရမ်းပျော်တာပေါ့”ဟု ကလေးဖခင်ဖြစ်သူ တဖြစ်လဲ ကရင်တော်လှန်ရေး ရဲဘော်ဖြစ်သူက ပြောသည်။

ကလေးအဖေကို စောင့်မျှော်ရင်း ကလေးမှာ ရေမွမ်းခဲ့သော်လည်း လက်ရှိတွင် ကလေးရောမိခင်ပါ ကျန်းမာသည်။

”ယောကျာ်းလေးမွေးတော့ ပျော်လည်းပျော်တယ် ပိုပြီးလည်း စိတ်ချရတာပေါ့”ဟု ၎င်းပြောသည်။

ကလေးမွေးပြီးသော်လည်း လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပေါ်နေသောကြောင့် စစ်ဘေးရှောင်စခန်းတွင် မည်သည့်အချိန်ထိ နေရမည် မည်သ

ည့်နေရာကို ထပ်မံပြေးရမည်ကို သူမ မသိပေ။

ဒီဇင်ဘာလ ၁၅ရက်က KNU တပ်မဟာ ၆နယ်မြေ၊ လေးကေ့ကော်ဒေသတွင် အာဏာသိမ်းစစ်ကောင်စီ၏ ကျူးကျော်ဝင်ရောက်မှုကြောင့်

တိုက်ပွဲများဖြစ်ပွားနေသည်။

ဖလူးဒေသတွင် ဒီဇင်ဘာလ ၁၉ရက်က တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။ ဖလူးဒေသတွင် စစ်

ဘေးရှောင် ၆၀၀၀ ခန့်ရှိပြီး လေးကေ့ကော်ဒေသတစ်ခုလုံးဆိုပါက စစ်ဘေးရှောင်ပြည်သူ သောင်းနှင့်ချီရှိနေသည်။

မောင်မျိုး

#MeKongNews

ကျည်ဆန်ကြားက မိခင်
=============

”လက်နက်ကြီးသံ နှစ်ချက်ကြားတော့ မွေးကာနီးနေပြီ”

စစ်ဘေးရှောင်ရင်း ကလေးမွေးဖွားသူကို ကူညီလုပ်ကိုင်ပေးသူက ပြန်ပြောင်းပြောပြခြင်း ဖြစ်သည်။

အင်္ဂါနေ့ညက ဖလူးစစ်ဘေးရှောင်စခန်းမှာပင် သားယောကျာ်းလေးတစ်ဦးကို စစ်ရှောင်ရင်း မွေးဖွားခဲ့ပုံကို ပြောပြနေခြင်းဖြစ်သည်။

လေးကေ့ကော်ဒေသ၊ ဖလူးတွင်တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဒေသခံတစ်ယောက် အနေဖြင့် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်သည့်အတွက် စစ်ဘေးရှောင်လာရ

ခြင်း ဖြစ်ကြောင်း ကလေးမိခင်က ဆိုသည်။

သူ့အမျိုးသားဖြစ်သူမှာ ကရင်တော်လှန်ရေးသမား တစ်ဦးဖြစ်သည့်အတွက် လတ်တလော ရှေ့တန်းရောက်နေသည်။

မွေးတဲ့ရက်စွဲကလည်း အထင်ကရ။ ၂၁ရက်နေ့ ၁၂လပိုင်း ၂၀၂၁ ခုနှစ်။ မွေးတဲ့အချိန်က ၁၁နာရီ ၂၁မိနစ်။ အမေဖြစ်သူ အသက်က ၂၁နှစ်။

ယောကျာ်းသား ဘေးတွင် မရှိသော်လည်း စိတ်အားငယ်တာမျိုး မရှိကြောင်း ကလေးမိခင်က ဆိုသည်။

”ယောကျာ်းလေးမွေးတယ်ဆိုတော့ နာကျင်တာတွေ အကုန်ပျောက်တာပဲ”ဟု သူက ဆိုသည်။

သူမအတွက် စစ်ဘေးရှောင်ရင်း ကလေးမွေးကသည်က ပထမအကြိမ်ဆုံးတော့မဟုတ်ချေ။ ပထမ ကလေးမွေးစဉ်တုန်းက မြိုင်ကြီးငူဘက်တွင် တိုက်ပွဲဖြစ်တုန်းက

မွေးခဲ့ရခြင်းဖြစ်သည်။

လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က သူမ သားဦးမွေးစဉ် မြိုင်ကြီးငူတစ်ကြောတွင် တိုက်ပွဲဖြစ်ပွားနေပြီး ပြေးရင်းလွှားရင်း မွေးဖွားခဲ့သည်။ ထိုတိုက်ပွဲများကြားတွင် သူမ၏

အမေဖြစ်သူမှာ သေနတ်ကျည်မှန်ပြီး တိမ်းပါးခဲ့သည်။

ယခု ဒုတိယမြောက်သားလေးမွေးတော့လည်း အဖေဖြစ်သူကရှေ့တန်း ရောက်နေချိန်။ သူမပြောပုံက ဒီအဖြစ်ပျက်များသည် သာမန်ဖြစ်ရိုးဖြစ်စဉ်လိုပင်။

”မွေးမွေးချင်းတော့ မသိဘူးလေ။ လက်နက်ကြီးတွေကျလို့ ရှေ့တန်းရောက်နေတာ။ တညလုံးလည်း မအိပ်ရဘူး။ သတင်းကြားကြားခြင်းတော့ အရမ်းပျော်တာ

ပေါ့”ဟု ကလေးဖခင်ဖြစ်သူ တဖြစ်လဲ ကရင်တော်လှန်ရေး ရဲဘော်ဖြစ်သူက ပြောသည်။

ကလေးအဖေကို စောင့်မျှော်ရင်း ကလေးမှာ ရေမွမ်းခဲ့သော်လည်း လက်ရှိတွင် ကလေးရောမိခင်ပါ ကျန်းမာသည်။

”ယောကျာ်းလေးမွေးတော့ ပျော်လည်းပျော်တယ် ပိုပြီးလည်း စိတ်ချရတာပေါ့”ဟု ၎င်းပြောသည်။

ကလေးမွေးပြီးသော်လည်း လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပေါ်နေသောကြောင့် စစ်ဘေးရှောင်စခန်းတွင် မည်သည့်အချိန်ထိ နေရမည် မည်သည့်နေရာကို ထပ်မံပြေးရ

မည်ကို သူမ မသိပေ။

ဒီဇင်ဘာလ ၁၅ရက်က KNU တပ်မဟာ ၆နယ်မြေ၊ လေးကေ့ကော်ဒေသတွင် အာဏာသိမ်းစစ်ကောင်စီ၏ ကျူးကျော်ဝင်ရောက်မှုကြောင့် တိုက်ပွဲများဖြစ်ပွား

နေသည်။

ဖလူးဒေသတွင် ဒီဇင်ဘာလ ၁၉ရက်က တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။ ဖလူးဒေသတွင် စစ်ဘေးရှောင် ၆၀၀၀ ခန့်ရှိ

ပြီး လေးကေ့ကော်ဒေသတစ်ခုလုံးဆိုပါက စစ်ဘေးရှောင်ပြည်သူ သောင်းနှင့်ချီရှိနေသည်။

မောင်မျိုး

#MeKongNews