ၾကားသိရသမွ်

သားဖြစ်သူကိုမတွေ့လို့ လည်ပင်းတေ့ပစ်ခံခဲ့ရတဲ့ မိခင်ဖြစ်သူ၏ ဝိညာဉ်ဝင်ပူးပြောတဲ့ရုပ်သံ

ပုသိမ်ရဲတပ်ဖွဲ့၏ ရက်စက်စွာ ပစ်သတ်ခံခဲ့ရသူ ဒေါ်မဌေး၏ ဝိညာဉ် မိသားစုဝင်တဦးကို ဝင်ပူးသည်ဆိုသော ရုပ်သံဖိုင်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန်က ရဲတပ်ဖွဲ့၏ အနီးကပ် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရသူ ဒေါ်

မဌေးရဲ့ ရုပ်အလောင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ မီးသဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

ဗုဒ္ဓဘာသာ ဓလေ့အအရ ရုတ်တရက် ကွယ်လွန်ဆုံးပါးသူတွေရဲ့ဝိညာဉ်ဟာ ကွယ်လွန်ပြီးစအချိန်တွေမှာ လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ပူးကပ်ပြီး သူ့မိသားစုနဲ့

ပတ်သတ်တာတွေကို မှာကြားလေ့ရှိတယ်လို့ အများစုက ယုံကြည်ကြပါတယ်။

အခုလည်း ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ဒေါ်မဌေးဟာ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာပဲ မိသားစုဝင်တဦးကို ပြန်ဝင်ပူးပြီး စိတ်ပူတာတွေကို မှာကြားခဲ့တယ်

လို့ ဒေသခံတွေနဲ့ ကွယ်လွန်သူ ဒေါ်ဌေးရဲ့ မိသားစုဝင်တွေက ယုံကြည်ကြပါတယ်။

ရုပ်သံ – CJ

အောက်မှာတော့ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့က ဒေါ်မဌေးကို ဘယ်လိုသတ်ဖြတ်ခဲ့သလဲဆိုတာ ဧရာဝတီတိုင်းမ်ရဲ့ ဆက်သွယ်မေးမြန်းထားချက် ဖြစ်ပါတယ်။

“ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့က ဒေါ်မဌေးကို ဘယ်လိုသတ်ဖြတ်ခဲ့သလဲ”(ရုပ်/သံ)

ဒီဇင်ဘာလ ၁၉ ရက်နေ့ ညပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မာတလမ်းမကြီးပေါ်ရှိ မျိုးချစ်ဆန်စက်ရှေ့ တန်းလျားတွင်နေထိုင်သူ ဒေါ်မဌေးအား ၎င်း၏

နေအိမ်တွင် တရားခံတစ်ဦးအား လာရောက်ဖမ်းဆီးစဉ် လည်ပင်းအား အနီးကပ် ပစ်ခတ်သတ်ဖြတ်သွားကြောင်း ပုသိမ်မြို့ခံများထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့က ဒေါ်မဌေးကို ဘယ်လိုသတ်ဖြတ်ခဲ့သလဲဆိုတာကို ဖြစ်စဉ်အား အသေးစိတ်သိရှိသူများနှင့် ဧရာဝတီတိုင်းမ်သတင်းဌာန

အနေဖြင့် ဆက်သွယ်မေးမြန်ထပါတယ်။

ရုပ်သံ – ဧရာဝတီတိုင်းမ်