ၾကားသိရသမွ်

တောထဲတောင်ထဲမှာပဲ မင်္ဂလာသက်တမ်း (၁)နှစ်ပြည့်ကို ဖြတ်သန်းနေရင်း သူနောက်ကို သစ္စာရှိရှိ ကောက်ကောက်ပါအောင်လိုက်ခဲ့တဲ့ ဇနီးသည်လေးကို ချီးကျူးစကားဆိုလိုက်တဲ့ သရုပ်ဆောင် အောင်မြင့်မြတ်..

ဥပါတံမျဉ်ရုပ်ရုပ်ဇာတ်ကားထဲက သိန်းစိုးဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့ရင်ထဲကိုစတင်ရောက်ရှိခဲ့တဲ့ အောင်မြင့်မြတ် ကတေ့ာ ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အောင်မြင့်မြတ် ကတော့ နားလည်မှု့ရှိတဲ့ Relationship တစ်ခုကိုပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။

‌သူကတော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တာကြောင့်စစ်ကောင်စီဘက်ကနေ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုခံထားရပြီးနောက် လက်ရှိမှာ လွတ်မြောက်နယ်မြေမှာရောက်ရှိနေတာပဲဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ အောင်မြင့်မြတ် ကတော့ အိမ်ကိုလွမ်းနေတယ်လို့ တစ်ခါတလေ သူ့ရဲ့ဖေ့ဘွတ်မှာ ရေးတင်လေ့ရှိပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၂ဝရက်နေ့ကတော့ အောင်မြင့်မြတ် ရဲ့ဇနီးမောင်နှံရဲ့တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့လေးပဲဖြစ်ပါတယ်။

” 20.12.20 မှာ မင်္ဂလာဆောင်တယ်..မညားခင်တော့ ညားပြီးရင် ဘယ်လိုထားမယ် ညာလိုထားမယ် ဟိုဟာ ဝယ်ပေးမယ် ဒီဟာဝယ်ပေးမယ် ပေါ့.. ဒီနေ့ 20.12.21 မှာ တစ်နှစ်လဲပြည့်ရော ဘောလုံးဘောင်းဘီနဲ့ တောထဲရောက်နေကြပြီ သူကလဲ ဘာမှမပြောပါဘူး ကောက်ကောက်နောက်ကို ကောက်ကောက်ပါအောင်လိုက်လာတာပါပဲ.. မင်္ဂလာပွဲက ရိုက်ထားတဲ့ ဓာတ်ပုံတွေတောင်စုံအောင်မတင်လိုက်ရပါဘူး မကျေနပ်ချက်တွေ နာတဲ့စိတ်တွေနဲ့ ထွက်လာကြတာမင်္ဂလာဆောင်ပြီးတာတောင် တစ်နှစ်ပြည့်သွားပါရော…နောက်ပိုင်း နှစ်နှစ်ပြည့် သုံးနှစ်ပြည့် အထိမ်းအမှတ်တွေကျရင်တော့ ဘယ်လိုပုံတွေတင်ဖြစ်မလဲဆိုပြီး ရင်ခုန်မိပါသေးတယ် …. ” လို့အောင်မြင်မြတ် ဟာသူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတဲ့သတင်‌လေးကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့ တောထဲမှာတော်လှန်ရေးတိုက်ပွဲအတွက် နေထိုင်ကြသူအားလုံးလည်း လေးစားစရာကောင်းလွန်းပါတယ်။အောင်မြင်‌တွေရရှိ‌နေပြီဖြစ်တဲ့ တက်သစ်စမင်းသားလေးဟာ နှောင်ကြိုး‌တွေဖြတ်ကာ လွတ်မြောက်နယ်မြေမှာ အခက်အခဲ‌တွေကြားကနေ ရုန်းကန်ရင်း စိတ်အား တက်ကြွစွာနဲ့ ကြိုးစားနေကြတာ အလွန်ဂုဏ်ယူစရာကောင်းလှပါတယ်နော်။

ပရိသတ်တွေနဲ့ တစ်သွေးထည်းတစ်သားတည်းရပ်တည်နေကြတဲ့ အနုပညာရှင်တွေအားလုံးဟာ ‌ဂုဏ်ယူစရာကောင်းပါတယ်။ ကဲ ပရိသတ်ကြီးရေ… အောင်မြင့်မြတ် တို့ဇနီးမောင်နှံအတွက် ပျော်ရွှင်စရာ မင်္ဂနှစ်ပတ်လည်နေ့လေးဖြစ်ပါစေလို့ ကောမန့်မှာဆုတောင်းစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။