အင်တာနက်ဖြတ်တောက်မှုနောက်ကွယ်က အာဏာသိမ်း စကစ ၏အမဲဖျက်ခြင်းခံနေရတဲ့ ဖားကန့်မြို့
ဒီအတိုင်းသာဆိုရင် သိပ်မကြာတော့တဲ့အချိန် မိမိတို့မျိုးဆက်လက်ထဲမှာတင် မရှုမလှသေဆုံးသွားတဲ့ ဖားကန့်အသုဘကို ကြုံတွေ့ကြရ
တော့မှာပါ။ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှု အခြေအနေကြောင့် လည်းကောင်း၊ မရိုးမသား အကြံအစည်ကြောင့် လည်းကောင်း
သြဂုတ်လ (၂၀) ရက်နေ့မှာ စစ်ကောင်စီက ဖားကန့်ကို အင်တာနက် ဖြတ်တောက်လိုက်ပါတယ်။

[ဓါတ်ပုံ▪︎စက်ယန္တရားကြီးများနှင့် ညဘက် ကျောက်စိမ်းတူးဖော်မှုမြင်ကွင်း]
ဒီလိုဖြတ်တောက်ပြီး တစ်ဆက်တည်းမှာပင် သိသာထင်ရှားတဲ့ပြောင်းလဲမှုက ဖားကန့်ဒေသအတွင်းမှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်း
တွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်လာတာ ဖြစ်ပါတယ်။
နေ့အချိန်ထက် ညဘက်တူးဖော်မှုကို ပိုမိုပြုလုပ်လာကြသလို အရည်အသွေးကောင်းပြီး အထွက်များတဲ့ ကျောက်စိမ်းကြောတွေကို
အားစိုက်တူးဖော်ကြတာ တွေ့ရပါတယ်။
စက်ယန္တရားကြီးများ အမြောက်အမြားသုံးစွဲပြီး တူးဖော်ကြတဲ့အတွက် ကျောက်စိမ်းကြောကောင်းတဲ့ အချို့တောင်ကုန်းတွေဟာ နောက်
(၂)လအတွင်း ပျောက်ဆုံးသွားနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
ကမ္ဘာ့အရည်အသွေးအမြင့်ဆုံး ဂျေဒိုက်အမျိုးအစား ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့ဟာ အင်တာနက် ဖြတ်တောက်ခံထားရတာ (၃)လ
ကျော် ကြာမြင့်လာပြီ ဖြစ်ပြီး
မကြာခင်မှာ မြန်မာနိုင်ငံရဲ့ အဖိုးတန်သယံဇာတတွေဟာ နိုင်ငံသူနိုင်ငံသားတွေအတွက် အကျိုးမများစေဘဲ တိတ်တဆိတ်ပျောက်ကွယ်
သွားတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွေကို ထပ်မံသက်တမ်းတိုးပေးခြင်း မရှိတာကြောင့် ၂၀၂၀ နှောင်း
ပိုင်းမှာ သက်တမ်းကုန်လုပ်ကွက်ဟာ (၉၀) % ခန့် ဖြစ်လာပြီး တစ်ဖက်မှာ တူးဖော်ထုတ်လုပ်မှု လျော့ကျစေခဲ့ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလ (၁)ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီက ဖားကန့်ဒေသမှာ စစ်အင်အားတိုးချဲ့မှုတွေ ရှိလာပြီး ယခုအခါ
မူဝါဒမရှိ၊ စည်းမရှိကမ်းမရှိ ကျောက်စိမ်းတူးဖော်မှုတွေရဲ့ အဓိကတာဝန်အရှိဆုံး ဖြစ်လာပါတယ်။
ထို့အတူ အင်တာနက်ဖြတ်တောက်မှုကို အခွင့်ကောင်းယူပြီး စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ကြတဲ့ ကိုယ်ကျိုးရှာ အခွင့်အရေးသမား
တွေ၊ ခရိုနီလက်ဟောင်းလက်သစ်တွေ၊ ပြည်သူ့အကျိုးမပါတဲ့ အဂတိလှိုက်စားမှုတွေ များစွာပေါ်ပေါက်လာနေတဲ့အကြောင်း အများပြည်သူ
သိအောင် တင်ပြလိုက်ရပါတယ်။
Crd..အောင်ဟိန်းမင်း
အင်တာနက်ဖြတ်တောက်မှုနောက်ကွယ်က အာဏာသိမ်း စကစ ၏အမဲဖျက်ခြင်းခံနေရတဲ့ ဖားကန့်မြို့
ဒီအတိုင်းသာဆိုရင် သိပ်မကြာတော့တဲ့အချိန် မိမိတို့မျိုးဆက်လက်ထဲမှာတင် မရှုမလှသေဆုံးသွားတဲ့ ဖားကန့်အသုဘကို ကြုံတွေ့ကြရတော့မှာပါ။
ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှု အခြေအနေကြောင့် လည်းကောင်း၊ မရိုးမသား အကြံအစည်ကြောင့် လည်းကောင်း သြဂုတ်လ (၂၀) ရက်နေ့မှာ စစ်
ကောင်စီက ဖားကန့်ကို အင်တာနက် ဖြတ်တောက်လိုက်ပါတယ်။

[ဓါတ်ပုံ▪︎စက်ယန္တရားကြီးများနှင့် ညဘက် ကျောက်စိမ်းတူးဖော်မှုမြင်ကွင်း]
ဒီလိုဖြတ်တောက်ပြီး တစ်ဆက်တည်းမှာပင် သိသာထင်ရှားတဲ့ပြောင်းလဲမှုက ဖားကန့်ဒေသအတွင်းမှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေ အရှိန်အဟုန်မြှင့်
ဆောင်ရွက်လာတာ ဖြစ်ပါတယ်။
နေ့အချိန်ထက် ညဘက်တူးဖော်မှုကို ပိုမိုပြုလုပ်လာကြသလို အရည်အသွေးကောင်းပြီး အထွက်များတဲ့ ကျောက်စိမ်းကြောတွေကို အားစိုက်တူးဖော်ကြတာ တွေ့ရပါ
တယ်။
စက်ယန္တရားကြီးများ အမြောက်အမြားသုံးစွဲပြီး တူးဖော်ကြတဲ့အတွက် ကျောက်စိမ်းကြောကောင်းတဲ့ အချို့တောင်ကုန်းတွေဟာ နောက် (၂)လအတွင်း ပျောက်ဆုံး
သွားနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
ကမ္ဘာ့အရည်အသွေးအမြင့်ဆုံး ဂျေဒိုက်အမျိုးအစား ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့ဟာ အင်တာနက် ဖြတ်တောက်ခံထားရတာ (၃)လ ကျော် ကြာမြင့်လာပြီ ဖြစ်
ပြီး
မကြာခင်မှာ မြန်မာနိုင်ငံရဲ့ အဖိုးတန်သယံဇာတတွေဟာ နိုင်ငံသူနိုင်ငံသားတွေအတွက် အကျိုးမများစေဘဲ တိတ်တဆိတ်ပျောက်ကွယ်သွားတော့မယ့် အန္တရာယ်နဲ့
ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွေကို ထပ်မံသက်တမ်းတိုးပေးခြင်း မရှိတာကြောင့် ၂၀၂၀ နှောင်းပိုင်းမှာ သက်တမ်းကုန်
လုပ်ကွက်ဟာ (၉၀) % ခန့် ဖြစ်လာပြီး တစ်ဖက်မှာ တူးဖော်ထုတ်လုပ်မှု လျော့ကျစေခဲ့ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလ (၁)ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီက ဖားကန့်ဒေသမှာ စစ်အင်အားတိုးချဲ့မှုတွေ ရှိလာပြီး ယခုအခါ မူဝါဒမရှိ၊ စည်းမရှိကမ်းမရှိ
ကျောက်စိမ်းတူးဖော်မှုတွေရဲ့ အဓိကတာဝန်အရှိဆုံး ဖြစ်လာပါတယ်။
ထို့အတူ အင်တာနက်ဖြတ်တောက်မှုကို အခွင့်ကောင်းယူပြီး စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ကြတဲ့ ကိုယ်ကျိုးရှာ အခွင့်အရေးသမားတွေ၊ ခရိုနီ
လက်ဟောင်းလက်သစ်တွေ၊ ပြည်သူ့အကျိုးမပါတဲ့ အဂတိလှိုက်စားမှုတွေ များစွာပေါ်ပေါက်လာနေတဲ့အကြောင်း အများပြည်သူသိအောင် တင်ပြလိုက်ရပါတယ်။
Crd..အောင်ဟိန်းမင်း



