အချစ်ခံနေရတာကို စိတ်ကြီးဝင်ပြီး အနိုင်ယူဖို့ မကြိုးစားပါနဲ့
ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကို တွေ့ဖူးတယ် ။ သူ့ ချစ်သူ ကောင်မလေး အပေါ်မှာ သိပ်အနိုင်ယူလွန်းတာများ ဘေးကလူတောင် ဝင်တားရတာမျိုး အထိ။ရန်တွေ ဖြစ်ပြီး အနိုင်ယူတယ် ။
သူ့ ဘက်က စိတ်တွေ အရင်ဆိုး ၊ စိတ်တွေ အရင်ကောက်ပြီး အနိုင်ယူတယ် ။စကားပြောရင်တောင် ခပ်ကြမ်းကြမ်း။ သူ game ဆော့နေတဲ့ အချိန် ကောင်မလေး ။ဖုန်းဆက်လိုက်လို့ကတော့ အော်ပြီ ငေါက်ပြီ ။
ဒီလိုမျိုး စရိုက် ရှိတဲ့ ကျွန်တော့်သူငယ်ချင်းကို ဟိုဘက်က ကောင်မလေးများ ချစ်လိုက်တာ တုန်လို့ ။အရမ်းသည်းခံတယ် ။
ငေါက်နေရင် ၊ အော်နေရင်တောင် မျက်ရည်လေး ဝဲပြီး ဘာမှ ပြန်မပြောနိုင်ပဲ ကြည့်နေရှာတာမျိုး။ဒါပေမဲ့ပေါ့ ။
တစ်ဖက်က အရမ်းချစ်ပြီး ဂရုစိုက်ပေမဲ့လည်း ထက်တူညီ တုန့်ပြန်မှုတွေ ရောက်မလာတဲ့ နောက်ဆုံးတော့ ကောင်မလေး ဘက်က စ .ပြီး လမ်းခွဲထွက်သွားတယ်။ကျွန်တော့် ကောင်ကတော့ အစမှာ အေးဆေးပဲဗျ ။
ကျွန်တော်တို့ကိုတောင် –”game အေးဆေး ဆော့လို့ရတယ်””သူ မနေနိုင်ဘူး ငါ့ဆီ ပြန်လာလိမ့်မယ် ”ဆိုပြီး ဘာမှ မဖြစ်သလိုလေး ပြောတယ်။
သူ ထင်ထားသလိုတော့ ဖြစ်မလာခဲ့ဘူး။ကောင်မလေးကတော့ သူ့ဆီ ယောင်လို့တောင် ပေါ်မလာခဲ့တာပါ။
အဲ့ဒါမှသာ သူ အကြီးအကျယ် ကြေကွဲသွားရပြီ။သူ့ ဘက်မှာ အမြဲရှိနေခဲ့တဲ့သူ ၊ သူ့ ကို အရမ်းချစ်တဲ့သူ ၊ သူ့ ကို ဂရုစိုက်ပြီး သူ လုပ်သမျှ သည်းခံပေးတဲ့ သူကို ဆုံးရှုံးသွားရတယ် ။
သူ ဆကိသွယ်တဲ့ ဖုန်းတွေ ကောင်မလေး ဘက်ကမကိုင်တော့ဘူး။သွားတွေ့ရင်တောင် ထွက်မတွေ့တာမျိုး ။မမြင်အောင် ရှောင်တာမျိုးတွေ လုပ်လာတယ် ။
မရှိတော့တဲ့ အချိန်ကျမှ လူတစ်ယောက်ရဲ့ တန်ဖိုးကို သူ အကြီးအကျယ် နားလည်ပြီးအရမ်းကို ခံစားသွားလိုက်ရတယ်။
အလူးလူးအလဲလဲ ကြေကွဲရင်း နောင်တတွေ ဗလပွပေါ့။ကျွန်တော် သိလိုက်ရတာက အနိုင်ယူနေရတာ ကို မကြိုက်ပါနဲ့ ။
အချစ်ခံနေရတာကို ဘဝင်တမြင့်မြင့်ကြီး မဖြစ်ပါနဲ့။ ကိုယ် အရမ်းအချစ်ခံရသလို တစ်ဖက်ကိုလည်း ပြန်ချစ်ပေးသင့်ပါတယ် ။တစ်ဖက်ကိုလည်း ဂရုစိုက်မှုလေးတွေ ပြန်ပေးရပါမယ်။
ကိုယ် လိုတဲ့ အချိန် လှမ်းခေါ်မယ် ။ မလိုတဲ့ အချိန် ပစ်ထားမယ် ဆိုတဲ့ စိတ်ဓါတ်က အရမ်းကို အတ္တဆန်လွန်းတယ်။
အဲ့လိုလူမျိုးတွေ က တစ်ချိန်ချိန်မှာ ခံစားရဆုံးပဲ။ဘယ်လောက်ပဲ ချစ်ချစ် နာကျင်ရတာတွေ များလာတဲအခါ ထပ်ပြီးတော့ သည်းမခံနိုင်တဲ့ အဆုံး လူတွေက လက်လွှတ်ခြင်း ကို ရွေးချယ်တတ်ကြပါတယ်။
ချစ်လျက်နဲ့ လမ်းခွဲတတ်ကြတာမျိုးပါ။ဒါ့ကြောင့် အချစ်ခံနေရတာကို စိတ်ကြီးဝင်ပြီး အနိုင်ယူဖို့ မကြိုးစားပါနဲ့ ။
ခဲတံ
Zawgyi
အခ်စ္ခံေနရတာကို စိတ္ႀကီးဝင္ၿပီး အႏိုင္ယူဖို႔ မႀကိဳးစားပါနဲ႔
ကြၽန္ေတာ့္ သူငယ္ခ်င္း တစ္ေယာက္ကို ေတြ႕ဖူးတယ္ ။ သူ႔ ခ်စ္သူ ေကာင္မေလး အေပၚမွာ သိပ္အႏိုင္ယူလြန္းတာမ်ား ေဘးကလူေတာင္ ဝင္တားရတာမ်ိဳး အထိ။ရန္ေတြ ျဖစ္ၿပီး အႏိုင္ယူတယ္ ။
သူ႔ ဘက္က စိတ္ေတြ အရင္ဆိုး ၊ စိတ္ေတြ အရင္ေကာက္ၿပီး အႏိုင္ယူတယ္ ။စကားေျပာရင္ေတာင္ ခပ္ၾကမ္းၾကမ္း။ သူ game ေဆာ့ေနတဲ့ အခ်ိန္ ေကာင္မေလး ။ဖုန္းဆက္လိုက္လို႔ကေတာ့ ေအာ္ၿပီ ေငါက္ၿပီ ။
ဒီလိုမ်ိဳး စ႐ိုက္ ရွိတဲ့ ကြၽန္ေတာ့္သူငယ္ခ်င္းကို ဟိုဘက္က ေကာင္မေလးမ်ား ခ်စ္လိုက္တာ တုန္လို႔ ။အရမ္းသည္းခံတယ္ ။
ေငါက္ေနရင္ ၊ ေအာ္ေနရင္ေတာင္ မ်က္ရည္ေလး ဝဲၿပီး ဘာမွ ျပန္မေျပာႏိုင္ပဲ ၾကည့္ေနရွာတာမ်ိဳး။ဒါေပမဲ့ေပါ့ ။
တစ္ဖက္က အရမ္းခ်စ္ၿပီး ဂ႐ုစိုက္ေပမဲ့လည္း ထက္တူညီ တုန႔္ျပန္မႈေတြ ေရာက္မလာတဲ့ ေနာက္ဆုံးေတာ့ ေကာင္မေလး ဘက္က စ .ၿပီး လမ္းခြဲထြက္သြားတယ္။ကြၽန္ေတာ့္ ေကာင္ကေတာ့ အစမွာ ေအးေဆးပဲဗ် ။
ကြၽန္ေတာ္တို႔ကိုေတာင္ –”game ေအးေဆး ေဆာ့လို႔ရတယ္””သူ မေနႏိုင္ဘူး ငါ့ဆီ ျပန္လာလိမ့္မယ္ ”ဆိုၿပီး ဘာမွ မျဖစ္သလိုေလး ေျပာတယ္။
သူ ထင္ထားသလိုေတာ့ ျဖစ္မလာခဲ့ဘူး။ေကာင္မေလးကေတာ့ သူ႔ဆီ ေယာင္လို႔ေတာင္ ေပၚမလာခဲ့တာပါ။
အဲ့ဒါမွသာ သူ အႀကီးအက်ယ္ ေၾကကြဲသြားရၿပီ။သူ႔ ဘက္မွာ အၿမဲရွိေနခဲ့တဲ့သူ ၊ သူ႔ ကို အရမ္းခ်စ္တဲ့သူ ၊ သူ႔ ကို ဂ႐ုစိုက္ၿပီး သူ လုပ္သမွ် သည္းခံေပးတဲ့ သူကို ဆုံးရႈံးသြားရတယ္ ။
သူ ဆကိသြယ္တဲ့ ဖုန္းေတြ ေကာင္မေလး ဘက္ကမကိုင္ေတာ့ဘူး။သြားေတြ႕ရင္ေတာင္ ထြက္မေတြ႕တာမ်ိဳး ။မျမင္ေအာင္ ေရွာင္တာမ်ိဳးေတြ လုပ္လာတယ္ ။
မရွိေတာ့တဲ့ အခ်ိန္က်မွ လူတစ္ေယာက္ရဲ႕ တန္ဖိုးကို သူ အႀကီးအက်ယ္ နားလည္ၿပီးအရမ္းကို ခံစားသြားလိုက္ရတယ္။
အလူးလူးအလဲလဲ ေၾကကြဲရင္း ေနာင္တေတြ ဗလပြေပါ့။ကြၽန္ေတာ္ သိလိုက္ရတာက အႏိုင္ယူေနရတာ ကို မႀကိဳက္ပါနဲ႔ ။
အခ်စ္ခံေနရတာကို ဘဝင္တျမင့္ျမင့္ႀကီး မျဖစ္ပါနဲ႔။ ကိုယ္ အရမ္းအခ်စ္ခံရသလို တစ္ဖက္ကိုလည္း ျပန္ခ်စ္ေပးသင့္ပါတယ္ ။တစ္ဖက္ကိုလည္း ဂ႐ုစိုက္မႈေလးေတြ ျပန္ေပးရပါမယ္။
ကိုယ္ လိုတဲ့ အခ်ိန္ လွမ္းေခၚမယ္ ။ မလိုတဲ့ အခ်ိန္ ပစ္ထားမယ္ ဆိုတဲ့ စိတ္ဓါတ္က အရမ္းကို အတၱဆန္လြန္းတယ္။
အဲ့လိုလူမ်ိဳးေတြ က တစ္ခ်ိန္ခ်ိန္မွာ ခံစားရဆုံးပဲ။ဘယ္ေလာက္ပဲ ခ်စ္ခ်စ္ နာက်င္ရတာေတြ မ်ားလာတဲအခါ ထပ္ၿပီးေတာ့ သည္းမခံႏိုင္တဲ့ အဆုံး လူေတြက လက္လႊတ္ျခင္း ကို ေ႐ြးခ်ယ္တတ္ၾကပါတယ္။
ခ်စ္လ်က္နဲ႔ လမ္းခြဲတတ္ၾကတာမ်ိဳးပါ။ဒါ့ေၾကာင့္ အခ်စ္ခံေနရတာကို စိတ္ႀကီးဝင္ၿပီး အႏိုင္ယူဖို႔ မႀကိဳးစားပါနဲ႔ ။
Credit:ခဲတံ