လိုတဲ့အခါမှသာ တပြီး မလိုတဲ့အခါ ကျွန်မကို မေ့ထားတတ်တဲ့ ဆက်ဆံရေးတွေ
ကိုယ့်ဘဝမှာ ဧည့်သည်အရမ်းကို များပါတယ် ခဏတဖြုတ်အလည်လာတာလေ ဘယ်သူမှ ကိုယ့်အနား ကြာကြာမနေကြဘူး
ကိုယ့်ဘက်စပြီး ခေါ်မှသာ ဆက်ဆံရေးတွေက အသက်ဝင်တာပါ ဘယ်သူကမှ ကိုယ့်ကို စခေါ်ဖို့ သတိမရကြဘူး
ကျွန်မ မာနလေးနဲနဲထားပြီး မခေါ်မပြောပဲနေကြည့်လိုက်တာ သူစိမ်းတွေ ဖြစ်လာတာပဲ အဖတ်တင်တယ်
ကိုယ့်ကို ခေါ်ရကောင်းမှန်း ဘယ်သူမှ သတိမရကြဘူး ဒီဆက်ဆံရေးတွေက ကျွန်မ ဘက်ကစခေါ်မှ ဖြစ်မှာလား
တစ်ခါတစ်ရံ ကျွန်မကကော သတိရချင်စရာ မကောင်းခဲ့လို့များလား အပေါ်ယံလဲ မပေါင်းတတ်ခဲ့သလို ပေါင်းလဲ မပေါင်းဖူးခဲ့ပါဘူး
စစ်မှန်တာတွေပဲ ကိုယ့်ဘက်ကပေးခဲ့တာပါ ဒါပေမယ့် ကျွန်မ ကံပေါ့ . . .
မမှားပဲနဲ့လဲ တောင်းပန်ခဲ့ဘူးသလို မှန်နေရဲ့နဲ့လဲ နှုတ်ဆိတ်နေခဲ့ဖူးတယ်
ကျွန်မ မာနတွေထက် ခင်မင်မှုဆိုတာလေးကို ပိုပြီး တန်ဖိုးထားခဲ့မိလို့ပါ လိုတဲ့အခါမှသာ တပြီး
မလိုတဲ့အခါ ကျွန်မကို မေ့ထားတတ်တဲ့ ဆက်ဆံရေးတွေ တဖြေးဖြေး စိတ်ကုန်လာခဲ့ပါပြီ . . .
တစ်ယောက်တည်းလည်း နေတတ်ပါတယ် မဟုတ်ဘူး တစ်ယောက်တည်းမနေတတ်လဲ နေတတ်အောင်နေပါမယ်
မိန်းမသားတို့အတွက်
Creditသျှင်ယွန်း
Unicode