အခ်စ္နွင့္ဘဝ

လူတစ်ယောက်ကို ကြိုးစားပြီး လက်လွှတ်ကြည့်ဖူးလား

လူတစ်ယောက်ကို ကြိုးစားပြီး လက်လွှတ်ကြည့်ဖူးလား။ ဘယ်လောက်ပဲ သတိရရ သူ့ newsfeedကို သွားမကြည့်မိအောင်နေတာမျိုး၊ သူနဲ့ မဆက်သွယ်မိအောင်နေတာမျိုးပေါ့။

“လူတစ်ယောက်ကို unfriend လုပ်တာဟာ add friend လုပ်ရတာထက် သတ္တိရှိဖို့ ပိုလိုတယ်” တဲ့။ ပြီးဆုံးပြီဆိုတာက စတင်တာထက် ဆုံးဖြတ်ချက်ချရ ပိုခက်တယ်လေ။ လူတစ်ယောက်ကို unfriend တယ်ဆိုတာဟာ ငါတို့ရဲ့ဇာတ်လမ်း ဒီမှာတင်အဆုံးသတ်ပြီဆိုတဲ့ သဘောပါပဲ။ နောင်နောက် နင်နဲ့ပတ်သက်တဲ့ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာတွေဟာ ငါနဲ့ မပတ်သက်တော့ဘူး။ နင့်ရဲ့ နေ့စဉ်ဘဝမှာ ငါပါဝင် မပတ်သက်တော့ဘူးဆိုတဲ့ သဘောပါပဲ။

တစ်ခါတလေမှာ လူလူချင်းကြားက ဆက်ဆံရေးဟာ ထွက်ပေါက်မရှိတဲ့ အဝိုင်းတစ်ခုလိုပဲ တဝဲဝဲလည်နေတယ်။ စစချင်းမှာ ငါတို့ဟာ ဘာမှမသက်ဆိုင်တဲ့ သူစိမ်းနှစ်ယောက်ပေါ့။ အချိန်တစ်ခုခုမှာ တွေ့ဆုံပြီးတဲ့နောက် ငါတို့ရင်းနှီးသွားခဲ့ကြတယ်၊ နောက် ချစ်ခဲ့ကြတယ်။ နောက်တော့ အကြောင်းအမျိုးမျိုးကြောင့် ငါတို့ အေးစက်သွားကြတယ်။ ဆက်ဆံရေးဟာ အစကိုပြန်ရောက်သွားခဲ့တယ်။ ဒါပေမဲ့ ဘာမှမသက်ဆိုင်တဲ့ သူစိမ်းတော့မဟုတ်တော့ဘူး အရင်းနှီးဆုံးသူစိမ်း ဖြစ်သွားကြတာပါ။

တွေးကြည့်တော့လည်း ရင်ထဲဆို့နင့်ရပါတယ်။ အရင်းနှီးဆုံးသူစိမ်းမဖြစ်ခင် နင်ဟာ ငါရေချိုးနေချိန်မှာတောင် လက်သုတ်ပြီး မက်ဆေ့ပြန်ရသူပါ။ နင်ဟာ ငါထမင်းစားချိန်မှာတောင် မက်ဆေ့ပြန်မပျက်တဲ့သူပါ။ နင်ဟာ ခရီးဝေးကြီးသွားပြီး ငါသွားတွေ့ရတဲ့သူပါ။ နင်ဟာ နေ့နေ့ညည ငါသတိရခဲ့သူပါ။ နာရီစက္ကန့်မလပ် လွမ်းဆွတ်ခဲ့သူပါ။

ဝမ်းနည်းစရာကောင်းတာက သတ်မှတ်ထားတဲ့လမ်းဆုံးကို မရောက်ခင်မှာပဲ ငါတို့ဟာ အချင်းချင်းရဲ့အရိပ်ကို ပျောက်ပျက်စေခဲ့မိကြတယ်။ တချို့ကပြောတယ် ဆုံးရှုံးခြင်းဟာ စတင်ခြင်းတစ်မျိုးတဲ့။ ဘယ်လောက်ပဲ မခွဲမခွာရက်လည်း အချိန်ရဲ့ အဆုံးအဖြတ်အတိုင်း ငါတို့ လက်ခံကြရုံပေါ့။ ဘယ်လောက်ပဲ နာကျင်ဝမ်းနည်းလည်း သင့်မြတ်ခြင်းနဲ့ ငါတို့လမ်းခွဲကြရုံပေါ့။ ကိုယ်ပေါ်ကဖုန်တွေကိုခါပြီး တစ်ယောက်တည်း ခရီးစရုံပေါ့။

ချစ်ခင်ရင်းနှီးခဲ့တဲ့ နေ့ရက်တွေကို တစ်ခုခုပြောရမယ်ဆိုရင် “ကုန်လွန်ခဲ့တဲ့နေ့ရက်တွေမှာ အဖော်ပြုပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ ငါပြောချင်တယ်။ ရှေ့ဆက်မယ့်နေ့ရက်တွေမှာ နင်မပါတော့ပေမယ့် နင် ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ် ပေါ့။

နိုင်းနိုင်းစနေ

လူတစ္ေယာက္ကို ႀကိဳးစားၿပီး လက္လႊတ္ၾကည့္ဖူးလား။ ဘယ္ေလာက္ပဲ သတိရရ သူ႔ newsfeedကို သြားမၾကည့္မိေအာင္ေနတာမ်ိဳး၊ သူနဲ႔ မဆက္သြယ္မိေအာင္ေနတာမ်ိဳးေပါ့။

“လူတစ္ေယာက္ကို unfriend လုပ္တာဟာ add friend လုပ္ရတာထက္ သတၱိရွိဖို႔ ပိုလိုတယ္” တဲ့။ ၿပီးဆုံးၿပီဆိုတာက စတင္တာထက္ ဆုံးျဖတ္ခ်က္ခ်ရ ပိုခက္တယ္ေလ။ လူတစ္ေယာက္ကို unfriend တယ္ဆိုတာဟာ ငါတို႔ရဲ႕ဇာတ္လမ္း ဒီမွာတင္အဆုံးသတ္ၿပီဆိုတဲ့ သေဘာပါပဲ။ ေနာင္ေနာက္ နင္နဲ႔ပတ္သက္တဲ့ ေပ်ာ္႐ႊင္စရာ၊ ဝမ္းနည္းစရာေတြဟာ ငါနဲ႔ မပတ္သက္ေတာ့ဘူး။ နင့္ရဲ႕ ေန႔စဥ္ဘဝမွာ ငါပါဝင္ မပတ္သက္ေတာ့ဘူးဆိုတဲ့ သေဘာပါပဲ။

တစ္ခါတေလမွာ လူလူခ်င္းၾကားက ဆက္ဆံေရးဟာ ထြက္ေပါက္မရွိတဲ့ အဝိုင္းတစ္ခုလိုပဲ တဝဲဝဲလည္ေနတယ္။ စစခ်င္းမွာ ငါတို႔ဟာ ဘာမွမသက္ဆိုင္တဲ့ သူစိမ္းႏွစ္ေယာက္ေပါ့။ အခ်ိန္တစ္ခုခုမွာ ေတြ႕ဆုံၿပီးတဲ့ေနာက္ ငါတို႔ရင္းႏွီးသြားခဲ့ၾကတယ္၊ ေနာက္ ခ်စ္ခဲ့ၾကတယ္။ ေနာက္ေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ငါတို႔ ေအးစက္သြားၾကတယ္။ ဆက္ဆံေရးဟာ အစကိုျပန္ေရာက္သြားခဲ့တယ္။ ဒါေပမဲ့ ဘာမွမသက္ဆိုင္တဲ့ သူစိမ္းေတာ့မဟုတ္ေတာ့ဘူး အရင္းႏွီးဆုံးသူစိမ္း ျဖစ္သြားၾကတာပါ။

ေတြးၾကည့္ေတာ့လည္း ရင္ထဲဆို႔နင့္ရပါတယ္။ အရင္းႏွီးဆုံးသူစိမ္းမျဖစ္ခင္ နင္ဟာ ငါေရခ်ိဳးေနခ်ိန္မွာေတာင္ လက္သုတ္ၿပီး မက္ေဆ့ျပန္ရသူပါ။ နင္ဟာ ငါထမင္းစားခ်ိန္မွာေတာင္ မက္ေဆ့ျပန္မပ်က္တဲ့သူပါ။ နင္ဟာ ခရီးေဝးႀကီးသြားၿပီး ငါသြားေတြ႕ရတဲ့သူပါ။ နင္ဟာ ေန႔ေန႔ညည ငါသတိရခဲ့သူပါ။ နာရီစကၠန႔္မလပ္ လြမ္းဆြတ္ခဲ့သူပါ။

ဝမ္းနည္းစရာေကာင္းတာက သတ္မွတ္ထားတဲ့လမ္းဆုံးကို မေရာက္ခင္မွာပဲ ငါတို႔ဟာ အခ်င္းခ်င္းရဲ႕အရိပ္ကို ေပ်ာက္ပ်က္ေစခဲ့မိၾကတယ္။ တခ်ိဳ႕ကေျပာတယ္ ဆုံးရႈံးျခင္းဟာ စတင္ျခင္းတစ္မ်ိဳးတဲ့။ ဘယ္ေလာက္ပဲ မခြဲမခြာရက္လည္း အခ်ိန္ရဲ႕ အဆုံးအျဖတ္အတိုင္း ငါတို႔ လက္ခံၾက႐ုံေပါ့။ ဘယ္ေလာက္ပဲ နာက်င္ဝမ္းနည္းလည္း သင့္ျမတ္ျခင္းနဲ႔ ငါတို႔လမ္းခြဲၾက႐ုံေပါ့။ ကိုယ္ေပၚကဖုန္ေတြကိုခါၿပီး တစ္ေယာက္တည္း ခရီးစ႐ုံေပါ့။

ခ်စ္ခင္ရင္းႏွီးခဲ့တဲ့ ေန႔ရက္ေတြကို တစ္ခုခုေျပာရမယ္ဆိုရင္ “ကုန္လြန္ခဲ့တဲ့ေန႔ရက္ေတြမွာ အေဖာ္ျပဳေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္” လို႔ ငါေျပာခ်င္တယ္။ ေရွ႕ဆက္မယ့္ေန႔ရက္ေတြမွာ နင္မပါေတာ့ေပမယ့္ နင္ က်န္းမာေပ်ာ္႐ႊင္ပါေစလို႔ ဆုေတာင္းေပးပါတယ္ ေပါ့။

ႏိုင္းႏိုင္းစေန