အခ်စ္နွင့္ဘဝ

သင့်အနာဂတ်ကို ပံ့ပိုးကူညီနေမယ့် ချစ်သူတစ်ယောက်ရဲ့လက္ခဏာများ

အချို့ချစ်သူတွေဟာ ကိုယ်ရဲ့အတ္တကို ရှေ့တန်းတင်ပြီး

ချစ်သူရဲ့ အနာဂတ်ရည်မှန်းချက်တွေကို ပုံဖော်ခွင့်မပေးတာမျိုးတွေ ရှိပါတယ်။

ဒါပေမယ့် တစ်ချို့ချစ်သူမိန်းကလေးကျတော့လည်း ချစ်သူအပေါ်မှာ နားလည်မှုတွေ

ရှိပြီး အနာဂတ်ရည်မှန်းချက်တွေ အကောင်အထည်အဖော်ရမှာလည်း အားပေးအားမြှောက် ပြုလုပ်ပေးလေ့ရှိပါတယ် …။

ယခုအခါမှာတော့ ချစ်တို့အတွက် အနာဂတ်ကို ပံ့ပိုးကူညီပေးမယ့်

ချစ်သူတစ်ယောက်ရဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။

(၁) အနှောက်အယှက်မပေးဘူး။

ဥပမာအားဖြင့် သင်ဟာ စာရေးတာ ဝါသနာပါသူတစ်ယောက် ဆိုပါတော့ …။

သင်စာရေးနေရင် အခြား ဆူညံသံပြုနေတယ်ဆိုရင်တောင် အလိုက်တသိ ရပ်ပေးလိုက်တယ်။

သင် စိတ်အာရုံစုစည်းမှုကို ပျက်ပြားစေမယ့် အရာတွေကို မလုပ်ဘူး …။

သီချင်းဆိုတာ ဝါသနာပါတယ် ဆိုရင်လည်း သင် ဂစ်တာတီးလုံး စမ်းနေချိန်၊

Note ရေးနေတဲ့ အချိန်မျိုးမှာ ဆိုရင်လည်း ဒီသဘောပါပဲ …။

ငြိမ်ငြိမ်လေးနေပြီး ကော်ဖီရေ အဆင်သင့်ချပေးတယ်ဆိုရင်

သင်ဟာ အလွန်ချစ်စရာကောင်းတဲ့ ချစ်သူကို ရထားတာပဲ ဖြစ်ပါတယ် …။

(၂) လိုအပ်ရင် အားသွန်ခွန်စိုက်ကူညီတယ်။

သင့်ချစ်သူဟာ သင့်ဝါသနာတွေ၊ အနာဂတ် စိတ်ကူးအိပ်မက်တွေအတွက်

အကူအညီ လိုအပ်လာရင်လည်း သူ့မှာ ငွေရှိရင် ငွေ၊ ရွှေရိရင် ရွှေ၊ လူအားနဲ့ကူညီဖို့ ဆိုရင်လည်း

အဆင်သင့် ဖြစ်နေတတ်တယ် ဆိုရင်လည်း သင် ကံကောင်းပါတယ် …။

(၃) အောင်မြင်မှုတွေအတွက် အပြည့်အဝဂုဏ်ယူတယ်။

သင်ဟာ သင့်အနာဂတ်လမ်းကြောင်းပေါ်မှာ အထိုက်အလျှောက် အောင်မြင်မှုတွေ

ရလာခဲ့ပြီဆိုရင်လည်း သင်နဲ့ထပ်တူ ဝမ်သာပျော်ရွှင်တဲ့သူဟာ သင့် ချစ်သူပဲ ဖြစ်ပါလိမ့်မယ် …။

သင့်အတွက် သူဟာ ဂုဏ်ယူနေမယ်၊ ဝမ်းမြောက်နေမယ်၊

ဒီအကြောင်းဟာ သူ့ပါးစပ်ဖျားမှာ ဘယ်တော့မှ မရိုးနိုင်တဲ့ စကားဖြစ်နေပါလိ့မ်မယ်နော် …။

(၄) စိတ်ပျက်မှုတွေအတွက် ကူညီပေးတယ်။

သင်ဟာ သင့်အနာဂတ်လမ်းကြောင်းတစ်လျှောက်မှာ အမြဲတမ်း အဆင်ပြေနေမှာတော့ မဟုတ်ပါဘူး …။

စိတ်ညစ်စရာတွေ စိတ်ပျက်ဝမ်းနည်းစရာတွေလည်း ကြုံရမှာပဲ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ သင့်ချစ်သူဟာ စိတ်မပျက်ဖို့၊ အားမငယ်ဖို့ အထိရောက်ဆုံး

တစ်နေရာကနေ အားပေးဖော်အဖြစ် ရှိနေတယ်ဆိုရင် သင်ဟာ တကယ်ကို ကံကောင်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ် …။

(၅) ပင်ပန်းနွမ်းနယ်နေရင် အမောပြေဆေး

အရာမရောက်တာတွေ လျှောက်လုပ်မှတော့ ငွေကုန်သံပြာ ဖြစ်ပြီပေါ့လို့ ချစ်သူက အပြစ်တင်မယ့်အစား

သင့်ချစ်သူဟာ သင့်မှာရှိနေတဲ့ စိတ်ဖိစီးမှုတွေကို သက်သာစေဖို့၊ စိတ်ညစ်တာတွေ

ပြေပျောက်စေဖို့အတွက် အကောင်းဆုံး ပါရမီဖြည့်ဘက် ဖြစ်နေတယ်ဆိုရင် သင် ချစ်သူထားရကျိုး နပ်ပါပြီနော် …။ ။

Credit

Unicode