မိန်းကလေးတွေ ဝေးဝေး ရှောင်သင့်တဲ့ ယောင်္ကျားညံ့ ( ၆ ) မျိုး
ဘယ်လောက်တောင်ပဲ လန်းနေနေ၊ မိုက်နေနေ လုံးဝ မပတ်သင့်တဲ့ ယောင်္ကျားမျိုးတွေ ရှိပါတယ်။
ကိုယ့်အနားမှာ ဒီလို လူမျိုးတွေက မိတ်ဆွေ သူငယ်ချင်းအဖြစ် ရှိနေရင် မိတ်ဆွေ ဆက်ဆံရေး အတိုင်းပဲ ထားပါ။
လုံးဝကို ကိုယ့်ဘဝထဲ၊ ကိုယ့်နှလုံးသားထဲ အဝင်မခံပါနဲ့။
ဖြစ်နိုင်ရင်တော့ အနေနီးပြီး စိတ်ယိမ်းယိုင် တာမျိုး မဖြစ်ရအောင် ရှောင်ပါ။
သင် လုံးဝ ရှောင်သင့်တဲ့ ယောင်္ကျား အမျိုးအစားတွေကတော့…
( ၁ ) ချစ်သူရှိနေပီးသူ
ဘယ်လောက်ပဲ လန်းနေနေ၊ တော်နေနေ လုံးဝ ရှောင်သင့်တဲ့ ယောက်ျား အမျိုးအစားထဲမှာ ဒီလို လူမျိုး ပါပါတယ်။
ချစ်သူ ရှိနှင့်နေပြီး ဖြစ်တဲ့ ယောက်ျားမျိုး ဆိုရင် ဘယ်လောက်ပဲ စိတ်ထဲက သဘောကျမိနေနေ
လုံးဝ ရှေ့မတိုးပဲ ရှောင်ပါ။
( ၂ ) ပိုက်ဆံ ဖြုန်းတီးသူ
ဒီလို လူမျိုးကလည်း သင် မပတ်သင့်တဲ့ အထဲမှာ ပါပါတယ်။
အားအားရှိ ပါတီတက်၊ ကလပ်တက် လိုက်နဲ့ သောက်သောက် စားစား အချိန်ကုန်တတ်တဲ့ သူမျိုးကို ဆိုရင် လုံးဝရှောင်ပါ။
ဒီလို လူမျိုးဟာ ကိုယ့်ဘဝ တိုးတက်ရာ တိုးတက်ကြောင်းကို ဘယ်တော့မှ မကြံဆပဲ ဒီပုံစံ အတိုင်းပဲ အချိန်ကုန်နေမယ့် သူမျိုးပါ။
( ၃ ) အလုပ် မရှိတဲ့သူ
ဒီလို လူမျိုးကလည်း ရှောင်သင့်တဲ့ အထဲမှာ ပါပါတယ်။
ကျောင်းပြီးခါစ အလုပ် ရှာဖွေနေတဲ့ သူမျိုးတွေကို ဆိုလိုချင်တာ မဟုတ်ပါဘူး။
ကျောင်းပြီးတာ တော်တော်ကြာတဲ့ အထိ ဘာအလုပ်ကိုမှ မယ်မယ်ရရ မလုပ်ပဲ
အိမ်က မိဘလုပ်စာကို ထိုင်စားနေတဲ့ သူမျိုးကို ဆိုလိုချင်တာပါ။
အဲ့ဒီလို ယောက်ျားမျိုးဟာ သင့်အတွက် ဘယ်တော့မှ ချစ်သူကောင်း
ဘဝ လက်တွဲဖော်ကောင်း ဖြစ်လာမှာ မဟုတ်ပါဘူး။
( ၄ ) အချစ်ကို ကစားစရာ လောက်သာ မြင်သူ
မိန်းမ တကာနဲ့ လှည့်ပတ် တွဲနေပြီး အချစ်ကို ကစားစရာလောက်ပဲ သဘောထားတဲ့ သူမျိုးကို ရှောင်ပါ။
ဒီလို လူမျိုးဟာ ကောင်မလေး တော်တော် များများကို ကျအောင် ပြောတတ်ပါတယ်။
သူတို့နဲ့ တွေ့ရင် ဝေးဝေးက ရှောင်တာ အကောင်းဆုံးပါ။
သူ့စိတ်ထဲမှာက အချစ်ကိစ္စဆိုတာ sex ကိစ္စသာသာ လောက်ပဲ လို့ သဘောထားတတ်သူပါ။
( ၅ ) ယောင်္ကျား ဝါဒကို လက်ကိုင်ထားသူ
ယောင်္ကျား ဝါဒကို အရမ်း လက်ကိုင်ထားတတ်တဲ့ သူမျိုးကိုလည်း တတ်နိုင်သမျှ ရှောင်ပါ။
သူ့အတွက်ကတော့ မိန်းမဆိုတာ မီးဖိုချောင်ဝင်ဖို့ ကလေး မွေးပေးဖို့ လောက်ပဲ အသုံးဝင်သူလို့ ထင်နေမှာပါ။
မီးဖိုချောင် ချက်ရေးပြုတ်ရေး ကိစ္စကို ဝင်ကူဖို့ မဆိုထားနဲ့
သင် တစ်ယောက်တည်းကပဲ အကုန်သိမ်းကြုံး လုပ်ရမှာပါ။
( ၆ ) သဝန္တို တတ္တဲ့သူ
ဒီ လူမျိုးကတော့ တကယ့် ပြသနာပါ။
နေရာတကာမှာ လိုက်ပြီး သဝန်တို တတ်တဲ့ ယောက်ျားမျိုးက လုပ်ငန်းခွင်မှာ အမျိုးသားတွေနဲ့
ရင်ဘောင် တန်း အလုပ်လုပ် နေကြရတဲ့ မိန်းကလေးတွေ အတွက်တော့ လုံးဝ ရှောင်ပါ။
နေရာတကာ လိုက်ထိန်းချုပ် ချင်နေတဲ့ သူ့စိတ်က သင်တို့ ကြားမှာ အနှောင့်အယှက် အတားအဆီးပါ။
ဘယ်သူနဲ့ မပေါင်းနဲ့၊ ဘာလိုမျိုးတွေ မဝတ်နဲ့ ဆိုတာတွေက ရေရှည်မှာ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။
Credit
Unicode
မိန်းကလေးတွေ ဝေးဝေး ရှောင်သင့်တဲ့ ယောင်္ကျားညံ့ ( ၆ ) မျိုး
ဘယ်လောက်တောင်ပဲ လန်းနေနေ၊ မိုက်နေနေ လုံးဝ မပတ်သင့်တဲ့ ယောင်္ကျားမျိုးတွေ ရှိပါတယ်။
ကိုယ့်အနားမှာ ဒီလို လူမျိုးတွေက မိတ်ဆွေ သူငယ်ချင်းအဖြစ် ရှိနေရင် မိတ်ဆွေ ဆက်ဆံရေး အတိုင်းပဲ ထားပါ။
လုံးဝကို ကိုယ့်ဘဝထဲ၊ ကိုယ့်နှလုံးသားထဲ အဝင်မခံပါနဲ့။
ဖြစ်နိုင်ရင်တော့ အနေနီးပြီး စိတ်ယိမ်းယိုင် တာမျိုး မဖြစ်ရအောင် ရှောင်ပါ။
သင် လုံးဝ ရှောင်သင့်တဲ့ ယောင်္ကျား အမျိုးအစားတွေကတော့…
( ၁ ) ချစ်သူရှိနေပီးသူ
ဘယ်လောက်ပဲ လန်းနေနေ၊ တော်နေနေ လုံးဝ ရှောင်သင့်တဲ့ ယောက်ျား အမျိုးအစားထဲမှာ
ဒီလို လူမျိုး ပါပါတယ်။
ချစ်သူ ရှိနှင့်နေပြီး ဖြစ်တဲ့ ယောက်ျားမျိုး ဆိုရင် ဘယ်လောက်ပဲ စိတ်ထဲက
သဘောကျမိနေနေ လုံးဝ ရှေ့မတိုးပဲ ရှောင်ပါ။
( ၂ ) ပိုက်ဆံ ဖြုန်းတီးသူ
ဒီလို လူမျိုးကလည်း သင် မပတ်သင့်တဲ့ အထဲမှာ ပါပါတယ်။
အားအားရှိ ပါတီတက်၊ ကလပ်တက် လိုက်နဲ့ သောက်သောက် စားစား အချိန်ကုန်တတ်တဲ့ သူမျိုးကို ဆိုရင်
လုံးဝရှောင်ပါ။
ဒီလို လူမျိုးဟာ ကိုယ့်ဘဝ တိုးတက်ရာ တိုးတက်ကြောင်းကို ဘယ်တော့မှ မကြံဆပဲ ဒီပုံစံ အတိုင်းပဲ
အချိန်ကုန်နေမယ့် သူမျိုးပါ။
( ၃ ) အလုပ် မရှိတဲ့သူ
ဒီလို လူမျိုးကလည်း ရှောင်သင့်တဲ့ အထဲမှာ ပါပါတယ်။
ကျောင်းပြီးခါစ အလုပ် ရှာဖွေနေတဲ့ သူမျိုးတွေကို ဆိုလိုချင်တာ မဟုတ်ပါဘူး။
ကျောင်းပြီးတာ တော်တော်ကြာတဲ့ အထိ ဘာအလုပ်ကိုမှ မယ်မယ်ရရ မလုပ်ပဲ အိမ်က မိဘလုပ်စာကို ထိုင်စားနေတဲ့ သူမျိုးကို ဆိုလိုချင်တာပါ။
အဲ့ဒီလို ယောက်ျားမျိုးဟာ သင့်အတွက် ဘယ်တော့မှ ချစ်သူကောင်း ဘဝ လက်တွဲဖော်ကောင်း ဖြစ်လာမှာ မဟုတ်ပါဘူး။
( ၄ ) အချစ်ကို ကစားစရာ လောက်သာ မြင်သူ
မိန်းမ တကာနဲ့ လှည့်ပတ် တွဲနေပြီး အချစ်ကို ကစားစရာလောက်ပဲ သဘောထားတဲ့ သူမျိုးကို ရှောင်ပါ။
ဒီလို လူမျိုးဟာ ကောင်မလေး တော်တော် များများကို ကျအောင် ပြောတတ်ပါတယ်။
သူတို့နဲ့ တွေ့ရင် ဝေးဝေးက ရှောင်တာ အကောင်းဆုံးပါ။
သူ့စိတ်ထဲမှာက အချစ်ကိစ္စဆိုတာ sex ကိစ္စသာသာ လောက်ပဲ လို့ သဘောထားတတ်သူပါ။
( ၅ ) ယောင်္ကျား ဝါဒကို လက်ကိုင်ထားသူ
ယောင်္ကျား ဝါဒကို အရမ်း လက်ကိုင်ထားတတ်တဲ့ သူမျိုးကိုလည်း တတ်နိုင်သမျှ ရှောင်ပါ။
သူ့အတွက်ကတော့ မိန်းမဆိုတာ မီးဖိုချောင်ဝင်ဖို့ ကလေး မွေးပေးဖို့ လောက်ပဲ အသုံးဝင်သူလို့ ထင်နေမှာပါ။
မီးဖိုချောင် ချက်ရေးပြုတ်ရေး ကိစ္စကို ဝင်ကူဖို့ မဆိုထားနဲ့ သင် တစ်ယောက်တည်းကပဲ
အကုန်သိမ်းကြုံး လုပ်ရမှာပါ။
( ၆ ) သဝန်တို တတ်တဲ့သူ