Unicode
မိန်းကလေး တစ်ယောက်က သူ့ချစ်သူ ကောင်လေးကို အရမ်းချစ်မိသွားတဲ့အခါ ဆေးလိပ်မသောက်နဲ့ ကွမ်းမစားနဲ့ အရက်မသောက်နဲ့ ဆေးမချနဲစသဖြင့်..၊
လောင်းကစားမလုပ်နဲံ မကောင်းတာတွေ မလုပ်ဖို့ပြောကောင်းပြောပါလိမ့်မယ်။အဲ့ဒီလို ပြောတယ်ဆိုတာ သူ့ကို ကိုယ်ကအထင်သေးလို့မဟုတ်ဘူူးရွံလို့လဲ မဟုတ်ပါဘူး..။
ဘေးလူတွေအမြင်မှာ ပေပေတေတေကောင်လေးနဲ့တွဲတယ်ဆိုပီး သူ့သိက္ခာကျမှာ စိုးလို့လဲ မဟုတ်ပါဘူး။ သူများကြိုက်တဲ့အရာကို ချုပ်ချယ်တာမျိုးလဲမဟုတ်ပါဘူး..။
တကယ်လို့ အဲ့ဒါတွေက ဘာဆိုးကျိုးမှ မရှိဘူး လူကိုအန္တရာယ်မပေးခဲ့ဘူး အသက်မတိုဘူးဆိုရငါ အတူတွဲသောက် အတူတွဲစားဖို့တောင် ဝန်လေးမှာ မဟုတ်ပါဘူး..။
တကယ်တော့ အဲ့ဒါတွေ လုပ်ခဲ့ရင် ရောဂါတွေရပီး သူနဲ့အတူ အသက်စေ့ မနေရပဲ လူ့လောကထဲက သူ့ကို ထားခဲ့ပီး အစောကြီး မထွက်သွားစေချင်လို့ပါ..။
ချစ်သူဘဝရော အိမ်ထောင်သည်ဘဝပါ သက်တမ်းစေ့ အေးအတူပူအမျှ အဘိုးကြီးအဘွားကြီးဖြစ်တဲ့အထိ..၊
ဖြတ်သန်းချင်လို့ဆိုတာ ဂျစ်ကန်ကန်နဲ့ ပြန်မပြော နားမထောင် ကောင်လေးတွေ သိထားကြပါ..။
တကယ်တော့ အချိန်မတန်သေးပဲနဲ့ သေသွားခဲ့ရင် ကျန်ခဲ့တဲ့သူလဲ လွမ်းတသသနဲ့ ချစ်လို့မဝသေးပဲနဲ့ တစ်သက်လုံး စွဲလန်းပြီး နာကျင်ခံစားရမယ်..။
သေသွားခဲ့တဲ့သူကလဲ ရခဲလှတဲ့ လူ့ဘဝကို ဘဝအတွက် လုပ်ချင်တာတွေ မလုပ်လိုက်ရပဲ ချစ်သူနဲ့လဲ ပျော်ပျော်ရွှင်ရွှင်နဲ့..၊
သက်တမ်းစေ့ မဖြတ်သန်းရပဲ စောစီးစွာ ထွက်သွားရမှာမို့ အတတ်နိုင်ဆုံး ဆင်ခြင်သင့်ပေးစေချင်တာပါ..။
ဘယ်သူမဆို ကိုယ့်ချစ်သူက ရေရှည်ကြည့်ပြီး သတိပေးပြောပြနေတာကို သေချာစဉ်းစားပြီး လက်ခံနားထောင်သင့်ပါတယ်..။