လောကကြီး၏ လိုအပ်မှုကြောင့် ဘုရားသခင်သည် ယောက်ျား ကို ဖန်ဆင်းသည်။ ယောက်ျား၏ လိုအပ်မှုကြောင့် ဘုရားသခင်သည် မိန်းမကို ဖန်ဆင်းသည်။
ယောက်ျားလေးက မိန်းကလေးကို ချစ်မိလျှင် ကဗျာများရေးဖွဲ့ တတ်၏။ မိန်းကလေးက ယောက်ျားလေးကို ချစ်မိလျှင် စိတ်ကူးယဉ် အိပ်မက်မက်တတ်၏။
မိန်းကလေး၏ အကောင်းဆုံး ကိုယ်ပိုင် အရည်အချင်းမှာ ချွဲနွဲ့ခြင်းဖြစ်ပြီး ယောက်ျားလေး၏ အရည်အချင်းမှာ လိမ်ညာခြင်း ဖြစ်သည်။
မိန်းကလေးအတွက် ကံကောင်းခြင်းမှာ “သူ ငါ့ကို တကယ်ချစ်ရှာသည်”ဟု ယုံကြည်ခြင်းဖြစ်ပြီး ယောက်ျားလေးအတွက် ကံကောင်းခြင်းမှာ “သူ့ကို ချစ်ရတာ ထိုက်တန်သည်” ဟု ထင်မြင်ခြင်း ဖြစ်သည်။
မိန်းကလေးတွင် ပြေပြစ်သော ရုပ်ရည်ရှိသင့်ပြီး ယောက်ျားလေးတွင် ပြည့်စုံသော ဓနဥစ္စာရှိသင့်သည်။
မိန်းကလေးက ယောက်ျားလေးကို နမ်းခြင်းသည် စိတ်ကြည်နူးမှုဖြစ်ပြီး ယောက်ျားလေးက မိန်းကလေးကို နမ်းခြင်းသည် တဏှာ ဖြစ်သည်။
မိန်းကလေးများ ထွက်ပေါက်ရှာလျှင် အိမ်ထောင် ပြုတတ်ကြပြီး ယောက်ျားလေးများ ထွက်ပေါက်ရှာလျှင် ကွာရှင်းတတ်ကြသည်။
ရည်းစားဖြစ်ချိန်တွင် ယောက်ျားလေးများသည် မိန်းကလေးများကို ကြင်နာတတ်ပြီး အိမ်ထောင်ပြုပြီးချိန်တွင် ရက်စက်တတ်ကြသည်။
မိန်းမငယ်များသည် မျက်လုံးဖြင့် ယောက်ျားများကို ညို့စား တတ်ပြီး မိန်းမကြီးများသည် မျက်ရည်များဖြင့် လှည့်စားတတ်သည်။
မိန်းကလေးများအတွက် ကျမ်းကျိန်ဆိုသော ယောက်ျားသည် ရယ်စရာကောင်း၍ ဥစ္စာ ပစ္စည်းအရှာ တော်သော ယောက်ျားသည် ချစ်စရာကောင်းသည်။
ယောက်ျားလေးက ကွာရှင်းဖို့ စကားကမ်းလှမ်းခြင်းသည် မိန်းမကို စိတ်ကုန်လာခြင်းဖြစ်ပြီး မိန်းကလေးက ကွာရှင်းဖို့ စကား ကမ်းလှမ်းခြင်းသည် ယောက်ျားက သူ့ကိုမချစ်မှန်း သိလာခြင်းဖြစ်သည်။
မိန်းကလေးများ ယောက်ျားမယူဘဲ အပျိုကြီးအဖြစ် နေလျှင် နာတာရှည် ရှိသည်ဟု ထင်ကြပြီး ယောက်ျားလေးများ မိန်းမ မယူဘဲ လူပျိုကြီး အဖြစ်နေလျှင် စီးပွားလုပ်ငန်း ဖြင့် မအားလပ်ဟု ထင်ကြသည်။
(တကယ်တမ်း ဆိုရလျှင်…..မိန်းကလေးများ အပျိုကြီး ဖြစ်နေခြင်းသည်ယောက်ျားကောင်းများ မရှိသောကြောင့်ဖြစ်ပြီး ယောက်ျားလေးများ လူပျိုကြီး ဖြစ်နေခြင်းသည် မိန်းကလေးများက ပြန်မချစ်သောကြောင့်ဖြစ်သည်။ )
မိန်းကလေးများသည် လောင်းကြေးကို အချစ်တွင် ပုံအပ်တတ်ကြပြီး ယောက်ျားလေးများသည်လောင်းကြေးကို လက်ထပ်ခြင်းတွင် ပုံအပ်တတ်ကြသည်။
ယောက်ျားလေးများသည် မပြေလည်သော အချစ်ရေးကို ခံနိုင်ရည် ရှိသော်လည်း မပြေလည်သော အိမ် ထောင်ရေးကို ကိုယ်လွတ်ရုန်းချင်ကြသည်။
မိန်းကလေးများ လွမ်းဆွေးအားငယ်နေလျှင် ၀မ်းနည်းစရာ အချစ်ဇာတ်လမ်း ရှိခဲ့ဖူးသောကြောင့်ဖြစ်ပြီးယောက်ျားလေးများ စိတ်ပျက် စိတ်ညစ်နေလျှင် အဆင်မပြေသော အိမ်ထောင်ရေးကြောင့်ဖြစ်သည်။
မိန်းကလေးများကသူသည်ထိုယောက်ျားလေး၏ နောက်ဆုံးတယောက်အဖြင့် မျှော်လင့်တတ်ကြပြီး ယောက်ျားလေးများကသူသည်ထိုမိန်းကလေး၏ပထမဆုံးတစ်ယောက်အဖြင့် မျှော်လင့်တတ်ကြသည်။
unicode,
လောကကြီး၏ လိုအပ်မှုကြောင့် ဘုရားသခင်သည် ယောကျ်ား ကို ဖန်ဆင်းသည်။ ယောကျ်ား၏ လိုအပ်မှုကြောင့် ဘုရားသခင်သည် မိန်းမကို ဖန်ဆင်းသည်။
ယောကျ်ားလေးက မိန်းကလေးကို ချစ်မိလျှင် ကဗျာများရေးဖွဲ့တတ်၏။ မိန်းကလေးက ယောကျ်ားလေးကို ချစ်မိလျှင် စိတ်ကူးယဉ် အိပ်မက်မက်တတ်၏။
မိန်းကလေး၏ အကောင်းဆုံး ကိုယ်ပိုင် အရည်အချင်းမှာ ချွဲနဲ့ွခြင်းဖြစ်ပြီး ယောကျ်ားလေး၏ အရည်အချင်းမှာ လိမ်ညာခြင်း ဖြစ်သည်။
မိန်းကလေးအတွက် ကံကောင်းခြင်းမှာ “သူ ငါ့ကို တကယ်ချစ်ရှာသည်”ဟု ယုံကြည်ခြင်းဖြစ်ပြီး ယောကျ်ားလေးအတွက် ကံကောင်းခြင်းမှာ “သူ့ကို ချစ်ရတာ ထိုက်တန်သည်” ဟု ထင်မြင်ခြင်း ဖြစ်သည်။
မိန်းကလေးတွင် ပြေပြစ်သော ရုပ်ရည်ရှိသင့်ပြီး ယောကျ်ားလေးတွင် ပြည့်စုံသော ဓနဥစ္စာရှိသင့်သည်။
မိန်းကလေးက ယောကျ်ားလေးကို နမ်းခြင်းသည် စိတ်ကြည်နူးမှုဖြစ်ပြီး ယောကျ်ားလေးက မိန်းကလေးကို နမ်းခြင်းသည် တဏှာ ဖြစ်သည်။
မိန်းကလေးများ ထွက်ပေါက်ရှာလျှင် အိမ်ထောင် ပြုတတ်ကြပြီး ယောကျ်ားလေးများ ထွက်ပေါက်ရှာလျှင် ကွာရှင်းတတ်ကြသည်။
ပါးနပ်ထက်မြက်သော မိန်းကလေးများက သူ့ချစ်ကိုရှာပြီး အိမ်ထောင်ပြုတတ်ကြ၏။ တုံးအသော မိန်းကလေးများက ကိုယ့်ချစ်ကိုရှာပြီး အိမ်ထောင် ပြုတတ်ကြသည်။
ရည်းစားဖြစ်ချိန်တွင် ယောကျ်ားလေးများသည် မိန်းကလေးများကို ကြင်နာတတ်ပြီး အိမ်ထောင်ပြုပြီးချိန်တွင် ရက်စက်တတ်ကြသည်။
မိန်းမငယ်များသည် မျက်လုံးဖြင့် ယောကျ်ားများကို ညို့စား တတ်ပြီး မိန်းမကြီးများသည် မျက်ရည်များဖြင့် လှည့်စားတတ်သည်။
မိန်းကလေးများအတွက် ကျမ်းကျိန်ဆိုသော ယောကျ်ားသည် ရယ်စရာကောင်း၍ ဥစ္စာ ပစ္စည်းအရှာ တော်သော ယောကျ်ားသည် ချစ်စရာကောင်းသည်။
ယောကျ်ားလေးက ကွာရှင်းဖို့ စကားကမ်းလှမ်းခြင်းသည် မိန်းမကို စိတ်ကုန်လာခြင်းဖြစ်ပြီး မိန်းကလေးက ကွာရှင်းဖို့ စကား ကမ်းလှမ်းခြင်းသည် ယောကျ်ားက သူ့ကိုမချစ်မှန်း သိလာခြင်းဖြစ်သည်။
မိန်းကလေးများ ယောကျ်ားမယူဘဲ အပျိုကြီးအဖြစ် နေလျှင် နာတာရှည် ရှိသည်ဟု ထင်ကြပြီး ယောကျ်ားလေးများ မိန်းမ မယူဘဲ လူပျိုကြီး အဖြစ်နေလျှင် စီးပွားလုပ်ငန်း ဖြင့် မအားလပ်ဟု ထင်ကြသည်။
(တကယ်တမ်း ဆိုရလျှင်…..မိန်းကလေးများ အပျိုကြီး ဖြစ်နေခြင်းသည်ယောကျ်ားကောင်းများ မရှိသောကြောင့်ဖြစ်ပြီး ယောကျ်ားလေးများ လူပျိုကြီး ဖြစ်နေခြင်းသည် မိန်းကလေးများက ပြန်မချစ်သောကြောင့်ဖြစ်သည်။ )
မိန်းကလေးများသည် လောင်းကြေးကို အချစ်တွင် ပုံအပ်တတ်ကြပြီး ယောကျ်ားလေးများသည်လောင်းကြေးကို လက်ထပ်ခြင်းတွင် ပုံအပ်တတ်ကြသည်။
မိန်းကလေးများသည် မပြေလည်သော အိမ်ထောင်ရေးကို ခံနိုင်ရည်ရှိသော်လည်း မပြေလည်သော အချစ်ရေးတွင် ခံနိုင်ရည် မရှိကြ။
ယောကျ်ားလေးများသည် မပြေလည်သော အချစ်ရေးကို ခံနိုင်ရည် ရှိသော်လည်း မပြေလည်သော အိမ် ထောင်ရေးကို ကိုယ်လွတ်ရုန်းချင်ကြသည်။
မိန်းကလေးများ လွမ်းဆွေးအားငယ်နေလျှင် ဝမ်းနည်းစရာ အချစ်ဇာတ်လမ်း ရှိခဲ့ဖူးသောကြောင့်ဖြစ်ပြီးယောကျ်ားလေးများ စိတ်ပျက် စိတ်ညစ်နေလျှင် အဆင်မပြေသော အိမ်ထောင်ရေးကြောင့်ဖြစ်သည်။
မိန်းကလေးများ နောက်အိမ်ထောင် ပြုခြင်းသည် မှားယွင်းမှုကို ရှာခြင်းဖြစ်ပြီး ယောကျာ်းလေးများ နောက်အိမ်ထောင်ပြုခြင်းသည် ကံစမ်းခြင်းသာ ဖြစ်သည်။
မိန်းကလေးများကသူသည်ထိုယောကျ်ားလေး၏ နောက်ဆုံးတယောက်အဖြင့် မျှော်လင့်တတ်ကြပြီး ယောကျ်ားလေးများကသူသည်ထိုမိန်းကလေး၏ပထမဆုံးတစ်ယောက်အဖြင့် မျှော်လင့်တတ်ကြသည်။
မနိုင်းနိုင်းရဲ့ အိမ်ထောင်ရေး ဗဟုသုတ