အခ်စ္နွင့္ဘဝ

ယာဉ်တိုက်မှုကြောင့် မင်္ဂလာဆောင်ခဲ့မှန်း သတိမရတော့တဲ့ ဇနီးအတွက် ဒုတိယမင်္ဂလာပွဲကို စီစဉ်ပေးခဲ့တဲ့ ခင်ပွန်း

လူတိုင်းအတွက် စစ်မှန်တဲ့ လက်ထပ်ခြင်းက သူတို့ရဲ့ မင်္ဂလာဆောင်တဲ့နေ့မှာ သတို့သမီး၊ သတို့သား၊ မိသားစုဆွေမျိုး နဲ့ ရင်းနှီးခဲ့ရတဲ့ သူငယ်ချင်းတွေ စုံစုံလင်လင်ပါဝင်မှသာ လက်ထပ်ယူချင်းလို့ခေါ်ပါတယ်။ အဲ့ဒီနေ့တွေမှာဆိုသတို့သား၊ သတို့သမီးတွေက သူတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေနဲ့ အခြားသောသူတွေအတွက် သူတို့ရဲ့ချစ်ခြင်းမေတ္တာတွေကို ဝေမျှပေးကြပါတယ်။ လက်ထပ်ယူခြင်းဟာ လူတွေတွက် တစ်သက်မှာတခါသာ ကြုံတွေ့ရတာကြောင့် မင်္ဂလာဆောင်တဲ့နေ့ကို မကြာခဏ ပြန်ပြီးခံစားချင်ကြတယ်။ဒါပေမဲ့ ကိုယ့်ရဲ့ထိမ်းမြှားမင်္ဂလာဆောင်ခဲ့တဲ့နေ့ကို မမှတ်မိတော့တဲ့အခါမှာ ဘယ်လိုခံစားရလဲဆိုတာကို ဖော်ပြပေးမှာပါ

Justice နဲ့ Jeremy Stamper ဟာ ကျောင်းသားဘဝအသက်10နှစ်အရွယ်မှာ ဆုံတွေ့ခဲ့ကြတာပါ။ သူတို့တွေ အချိန်အနည်းငယ်သာတွဲကြပြီး အဲ့ဒီနောက် သြဂုတ်လ 1ရက်နေ့မှာ လက်ထပ်ယူခဲ့ကြပါတယ်။ သူတို့ရဲ့ Honeymoon ခရီးလည်းဖြစ်တဲ့ Smoky တောင်မှာ သွားရောက် မင်္ဂလာဆောင်ခဲ့ကြတယ်။ ဒါပေမဲ့ လက်ထပ်ပြီး 19ရက်နေ့အတွင်းမှာဘဲ Jeremyက ပြင်းပြင်းထန်ထန် ကား accident တစ်ခု ဖြစ်ခဲ့တာကြောင့် Justice က သူ့ရဲ့အလုပ်ကို ထွက်ပြီး Jeremy ရှိတဲ့ သူမဦးလေးရဲ့အိမ်ကို သွားပြီး သူမကိုစောင့်ရှောက်ပေးခဲ့ပါတယ်။ accident ဖြစ်ပြီး တစ်လ‌လောက်မှာ Justice က Jeremyအပေါ် “သူမပြန်ကောင်းလာပြီ”ဆိုတဲ့အတွေးနဲ့ယုံကြည်ခဲ့ပါတယ်။

ဒါပေမဲ့ သူမဟာ 5ပတ်‌လောက် မှတ်ဉာဏ်ဆုံးရှုံးခဲ့ပြီး မင်္ဂလာဆောင်ခဲ့တဲ့နေ့ကိုလည်း မမှတ်မိခဲ့ပါဘူး။”သူကျွန်မအတွက် နောက်တစ်ခေါက် လက်ထပ်ကြမယ်လို့ ပြောလိုက်တဲ့အခါမှာ ကျွန်မ ချက်ချင်းဘဲ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျခဲ့တယ်”လို့ Jeremy က ပြောခဲ့ပါတယ်။ သူတို့ရဲ့ 1နှစ်ပြည့် anniversary အထိမ်းအမှတ်အနေနဲ့ သြဂုတ်လ 1ရက်နေ့မှာ နောက်တစ်ဖန် လက်ထပ်ယူခဲ့ကြပါတော့တယ်။ နောက်တော့ သူမဘဝရဲ့ အပျော်ဆုံးဖြစ်တဲ့ နေတစ်နေ့ကို ပြန်လည်ခံစားခွင့်ရသွားခဲ့ပါတယ်။

1

2

3

Mia (Mckzone Daily)

Source : buzznicked

Unicode

လူတိုင်းအတွက် စစ်မှန်တဲ့ လက်ထပ်ခြင်းက သူတို့ရဲ့ မင်္ဂလာဆောင်တဲ့နေ့မှာ သတို့သမီး၊ သတို့သား၊ မိသားစုဆွေမျိုး နဲ့ ရင်းနှီးခဲ့ရတဲ့ သူငယ်ချင်းတွေ စုံစုံလင်လင်ပါဝင်မှသာ လက်ထပ်ယူချင်းလို့ခေါ်ပါတယ်။ အဲ့ဒီနေ့တွေမှာဆိုသတို့သား၊ သတို့သမီးတွေက သူတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေနဲ့ အခြားသောသူတွေအတွက် သူတို့ရဲ့ချစ်ခြင်းမေတ္တာတွေကို ဝေမျှပေးကြပါတယ်။

Justice နဲ့ Jeremy Stamper ဟာ ကျောင်းသားဘဝအသက်10နှစ်အရွယ်မှာ ဆုံတွေ့ခဲ့ကြတာပါ။ သူတို့တွေ အချိန်အနည်းငယ်သာတွဲကြပြီး အဲ့ဒီနောက် သြဂုတ်လ 1ရက်နေ့မှာ လက်ထပ်ယူခဲ့ကြပါတယ်။ သူတို့ရဲ့ Honeymoon ခရီးလည်းဖြစ်တဲ့ Smoky တောင်မှာ သွားရောက် မင်္ဂလာဆောင်ခဲ့ကြတယ်။

ဒါပေမဲ့ သူမဟာ 5ပတ်‌လောက် မှတ်ဥာဏ်ဆုံးရှုံးခဲ့ပြီး မင်္ဂလာဆောင်ခဲ့တဲ့နေ့ကိုလည်း မမှတ်မိခဲ့ပါဘူး။”သူကျွန်မအတွက် နောက်တစ်ခေါက် လက်ထပ်ကြမယ်လို့ ပြောလိုက်တဲ့အခါမှာ ကျွန်မ ချက်ချင်းဘဲ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျခဲ့တယ်”လို့ Jeremy က ပြောခဲ့ပါတယ်။ သူတို့ရဲ့ 1နှစ်ပြည့် anniversary အထိမ်းအမှတ်အနေနဲ့ သြဂုတ်လ 1ရက်နေ့မှာ နောက်တစ်ဖန် လက်ထပ်ယူခဲ့ကြပါတော့တယ်။ နောက်တော့ သူမဘဝရဲ့ အပျော်ဆုံးဖြစ်တဲ့ နေတစ်နေ့ကို ပြန်လည်ခံစားခွင့်ရသွားခဲ့ပါတယ်။

Mia (Mckzone Daily)