အခ်စ္နွင့္ဘဝ

ကိုယ့္ကိုယ္ကို ခ်စ္တတ္သြားတဲ့အခါ ရ႐ွိခံစားလာရမယ့္ ေကာင္းမြန္တဲ့ အရာေလးေတြ……

ေတာ္ေတာ္မ်ားမ်ား ၾကားဖူးတဲ့ စကားေလးတစ္ခြန္းက ကိုယ့္ကို္ယ္ကို ခ်စ္တတ္ဖို႔လုိအပ္ တယ္ဆုိိတဲ့ စကားေလးပါ။ ဒီအရာက အေျပာလြယ္သေလာက္ လုပ္ရခက္တဲ့အ ရတစ္ခုလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ကိုယ့္ကိုယ္ကို ခ်စ္တတ္သြား တဲ့အခါမွာေတာ့ လံုးဝကို ေကာင္းမြန္တဲဲ့ အရာေလးေတြြကို ပို္င္ဆုိင္လာေစမွာျဖစ္လုိ႔ ကိုယ့္ကို္ယ္ကို ခ်စ္ဖို႔သင္ယူသင့္ပါတယ္။

လူေတြရဲ႕ ေလးစားျခင္းကို ခံလာရမယ္

ကိုယ့္ကိုယ္ကို ေလးစားမႈထားၿပီး ခ်စ္ခင္တတ္တဲဲ့ သူတစ္ေယာက္ကို တစ္ျခားသူေတြကလည္း လြယ္လြယ္မဆက္ဆံံတတတ္သလုိ ေလးေလးစားစား ဆက္ဆံရေကာင္းမွန္း နားလည္ပါတယ္။

ဒီေတာ့ သူမ်ားေတြ ကိုယ့္အေပၚ ေလးေလးစားစား ဆက္ဆံံေစခ်င္ရင္ေတာ့ ကိုယ့္ကိုယ္ကို ေလးစားမႈ အရင္႐ွိဖုိ႔လုိအပ္တယ္ဆုိတာပါပဲ။ လူတိုင္းမွာ တန္ဖိုးကိုယ္စီ႐ွိတာမုိ႔ ကိုယ့္ရဲ႕တန္ဖိုးကို ကိုယ္တုိင္ျမွင့္တင္ဖုိ႔ပဲ လိုတာပါ။

တစ္ျခားသူေတြရဲ႕ အျမင္ေတြကို လ်စ္လ်ဴ႐ႈတတ္လာမယ္

ကိုယ့္ကို္ယ္ကို ခ်စ္္တတ္ လာတဲ့အခါ ကိုယ္ရဲ႕တန္ဖိုးကို ဘယ္သူမွသတ္မွတ္စရာမလိုပဲ ကိုယ္တုိင္သတ္မွတ္တတ္လာတာပဲ ျဖစ္ပါတယ္။ ဒီေတာ့ တစ္ျခားသူေတြက ကိုယ့္အေပၚ ဘယ္ေလာက္ပဲ ေဝဖန္ေျပာဆုိေနၾကပါေစ

ဒါေတြကို ဂ႐ုမစိုက္ေတာ့သလုိ ေျဖ႐ွင္းေျပာဆုိတာမ်ိဳးလည္း လုပ္မေနတတ္ေတာ့ပါဘူး။ ကိုယ့္အတြက္ အသံုးမဝင္တဲ့ တစ္ျခားသူေတြရဲ႕ အျမင္ေတြကို လ်စ္လ်ဴ႐ႈလုိက္တာ အေကာင္းဆံုးဆုိတာကို သိလာတတ္ပါတယ္။

ဆိုးဝါးတဲ့ relationship ေတြကို ျဖတ္ေတာက္ပစ္လာႏုိင္တယ္

ကိုယ့္အတြက္ နာက်င္ရတဲ့ အခ်စ္ေတြ၊ တစ္ဖက္သတ္ ေပးဆပ္ပင္ပန္းေနရတဲဲ့ အခ်စ္ေတြ၊ ကိုယ့္ရဲ႕ တန္္ဖိုးကို နားမလည္တဲ့ သူေတြ စသျဖင့္ ကိုယ့္အတြက္ ထိခုိက္နာက်င္ရတဲဲ့ relationship ေတြကို ျဖတ္ေတာက္ပစ္ လာႏုိင္တာပါ။ ကိုယ့္ရဲ႕ တန္ဖိုးကို သိလာတဲ့အခါ၊ ကိုယ့္ကို္ယ္ကို ခ်စ္တတ္လာတဲ့အခါ ကိုယ္နာက်င္ရမယ့္ အရာေတြကို လႊတ္ခ်တတ္လာတာ ျဖစ္ပါတယ္။

ကိုယ္ျဖစ္ခ်င္တာေတြေနာက္ လုိက္တတ္လာတယ္

ကိုယ့္ကို္ယ္ကို ခ်စ္တတ္သြားတဲ့အခါ ကိုယ္ဘာျဖစ္ခ်င္တယ္၊ ဘာလုပ္ခ်င္တယ္ ဆုိတာကို ပိုသိလာၿပီး ကိုယ့္ကိုယ္ကို ဦးစားေပးရေကာင္းမွန္းလည္း သိလာပါတယ္။ ဒီေတာ့ ျဖစ္ခ်င္တဲ့ အိပ္မက္ေတြ၊ ပန္းတိုင္ေတြ အတြက္လည္း ႀကိဳးစားလာတတ္ၿပီး ကိုယ့္ကို္ယ္ကို အေကာင္းဆံုးျဖစ္ေအာင္ တည္ေဆာက္ တတ္လာပဲ ျဖစ္ပါတယ္ေနာ္။

Khin

Credit

Unicode,

ကိုယ့်ကိုယ်ကို ချစ်တတ်သွားတဲ့အခါ ရရှိခံစားလာရမယ့် ကောင်းမွန်တဲ့ အရာလေးတွေ

တော်တော်များများ ကြားဖူးတဲ့ စကားလေးတစ်ခွန်းက ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့လိုအပ် တယ်ဆိုတဲ့ စကားလေးပါ။ ဒီအရာက အပြောလွယ်သလောက် လုပ်ရခက်တဲ့အ ရတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ချစ်တတ်သွား တဲ့အခါမှာတော့ လုံးဝကို ကောင်းမွန်တဲ့ အရာလေးတွေကို ပိုင်ဆိုင်လာစေမှာဖြစ်လို့ ကိုယ့်ကိုယ်ကို ချစ်ဖို့သင်ယူသင့်ပါတယ်။

လူတွေရဲ့ လေးစားခြင်းကို ခံလာရမယ်

ကိုယ့်ကိုယ်ကို လေးစားမှုထားပြီး ချစ်ခင်တတ်တဲ့ သူတစ်ယောက်ကို တစ်ခြားသူတွေကလည်း လွယ်လွယ်မဆက်ဆံံတတတ်သလို လေးလေးစားစား ဆက်ဆံရကောင်းမှန်း နားလည်ပါတယ်။

ဒီတော့ သူများတွေ ကိုယ့်အပေါ် လေးလေးစားစား ဆက်ဆံံစေချင်ရင်တော့ ကိုယ့်ကိုယ်ကို လေးစားမှု အရင်ရှိဖို့လိုအပ်တယ်ဆိုတာပါပဲ။ လူတိုင်းမှာ တန်ဖိုးကိုယ်စီရှိတာမို့ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်တိုင်မြှင့်တင်ဖို့ပဲ လိုတာပါ။

တစ်ခြားသူတွေရဲ့ အမြင်တွေကို လျစ်လျူရှုတတ်လာမယ်

ကိုယ့်ကိုယ်ကို ချစ်တတ် လာတဲ့အခါ ကိုယ်ရဲ့တန်ဖိုးကို ဘယ်သူမှသတ်မှတ်စရာမလိုပဲ ကိုယ်တိုင်သတ်မှတ်တတ်လာတာပဲ ဖြစ်ပါတယ်။ ဒီတော့ တစ်ခြားသူတွေက ကိုယ့်အပေါ် ဘယ်လောက်ပဲ ဝေဖန်ပြောဆိုနေကြပါစေ

ဒါတွေကို ဂရုမစိုက်တော့သလို ဖြေရှင်းပြောဆိုတာမျိုးလည်း လုပ်မနေတတ်တော့ပါဘူး။ ကိုယ့်အတွက် အသုံးမဝင်တဲ့ တစ်ခြားသူတွေရဲ့ အမြင်တွေကို လျစ်လျူရှုလိုက်တာ အကောင်းဆုံးဆိုတာကို သိလာတတ်ပါတယ်။

ဆိုးဝါးတဲ့ relationship တွေကို ဖြတ်တောက်ပစ်လာနိုင်တယ်

ကိုယ့်အတွက် နာကျင်ရတဲ့ အချစ်တွေ၊ တစ်ဖက်သတ် ပေးဆပ်ပင်ပန်းနေရတဲ့ အချစ်တွေ၊ ကိုယ့်ရဲ့ တန်ဖိုးကို နားမလည်တဲ့ သူတွေ စသဖြင့် ကိုယ့်အတွက် ထိခိုက်နာကျင်ရတဲ့ relationship တွေကို ဖြတ်တောက်ပစ် လာနိုင်တာပါ။ ကိုယ့်ရဲ့ တန်ဖိုးကို သိလာတဲ့အခါ၊ ကိုယ့်ကိုယ်ကို ချစ်တတ်လာတဲ့အခါ ကိုယ်နာကျင်ရမယ့် အရာတွေကို လွှတ်ချတတ်လာတာ ဖြစ်ပါတယ်။

ကိုယ်ဖြစ်ချင်တာတွေနောက် လိုက်တတ်လာတယ်

ကိုယ့်ကိုယ်ကို ချစ်တတ်သွားတဲ့အခါ ကိုယ်ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ် ဆိုတာကို ပိုသိလာပြီး ကိုယ့်ကိုယ်ကို ဦးစားပေးရကောင်းမှန်းလည်း သိလာပါတယ်။ ဒီတော့ ဖြစ်ချင်တဲ့ အိပ်မက်တွေ၊ ပန်းတိုင်တွေ အတွက်လည်း ကြိုးစားလာတတ်ပြီး ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက် တတ်လာပဲ ဖြစ်ပါတယ်နော်။

Khin