အခ်စ္နွင့္ဘဝ

တချိန်မှာ ပြန်ထွက်သွားဖို့ အစီအစဉ်ရှိခဲ့ရင်

ကျမကမ္ဘာမှာ ခြေမချပါနဲ့ .. နာကျင်စရာတွေကို ကိုယ်မမွေးမြူထားတတ်လို့ပါ ။

ယာယီချစ်ဖို့ပဲ ဆန္ဒရှိရင်
ကိုယ့်နှလုံးသားကို မဖြားယောင်းပါနဲ့ .. ကိုယ့်စိတ်ကို ဒဏ်ရာရစေမယ့်အရာမျိုး ကိုယ်အလိုမရှိလို့ပါ ။

အတုအယောင်တွေပေးမယ်လို့ စဉ်းစားထားရင်
ကိုယ့်အနားရောက်မလာပါနဲ့ .. ကိုယ်ကိုယ်တိုင်ကလည်း စစ်မှန်ခြင်းတွေပဲကျင့်သုံးလို့ အပေါ်ယံတွေဆို ကိုယ်ရွံတတ်လို့ပါ ။

နောက်တစ်ကြိမ်ပြန်စွန့်ပစ်ဖို့ အခြေအနေရှိသေးရင် တောင်းပန်ပါတယ်ဆိုပြီး ပြန်မလာပါနဲ့ ..
နောက်တကြိမ်ထပ်နာကျင်မှာထက်စာရင် အလွမ်းတွေနဲ့နေရတာပဲ ကိုယ်ကြိုက်လို့ပါ ။

ရက်ရက်စက်စက် စွန့်ပစ်ပြီးမှတော့
ကိုယ်ချင်းမစာမနာ ဒဏ်ရာကို လာလာမဆွပါနဲ့ ..
အဲ့ဒီလူဟာ မင်းစွန့်ခွာပြီးကတည်းက ..
နှလုံးသားမှာ သေရာပါဒဏ်ရာတွေနဲ့ ကျန်ခဲ့သူမို့ပါ ။

အသက်ရှင်ရတာကို တာဝန်တစ်ခုလိုပဲ သဘောထားပြီး ရှင်သန်နေရသူတစ်ဦးပါ .. လူသားချင်းစာနာထောက်ထားသောအားဖြင့် ..

သူ့အနားမှာ ထာဝရမနေနိုင်ရင် အလွမ်းတွေနဲ့ပဲ အချိန်ကုန်ပါစေ .. သွားပြီး မပတ်သက်ပါနဲ့တော့ ..
သူ့ဘဝဟာ သေဆုံးပြီးသားပါ ။

သက္ထားခင္(THK)

Unicode

သက်ထားခင်(THK)