5.11.2020 မှ 11.11.2020အထိ တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း
တနင်္ဂနွေ
ယခုကာလများအတွင် မိန်းမနှင့် ပတ်သက်သော အရှုတ်အထွေးများ ရင်ဆိုင်ရတတ်ပါသည်။ မျက်နှာမှာ လည်း မတော်တဆ ထိခိုက်ဒဏ်ရာများ ရတတ်ပါသည်။ လုပ်ငန်းအကြံအစည်သစ်များ ပေါ်ပေါက် လုပ်ကိုင်ရ တတ်သည်။
သင်အလွန်အမင်း အဆင်ပြေနေပြီဟု ဆွေမျိုးအပေါင်းအသင်းတို့အားလုံး၏ အထင်ကြီး လေးစားမှုကို ခံရမည်။ သူခိုး၊ သူဝှက် မျက်စိကျနေသော အချိန်ကာလဖြစ်ပါသည်။ သွပ်၊ သံ၊ သစ်၊အိမ်ဆောက်ပစ္စည်း လုပ်ငန်း များ လုပ်ကိုင်သူများ အထူးအကျိုးပေးသော အချိန်ကာလဖြစ်ပါသည်
သင့်လက်တစ်ကမ်းသို့ ရောက်ရှိ နေသော ကံကြမ္မာ အခွင့်အလမ်းကောင်းများကို အမိအရဆုပ်ကိုင်၍ လုပ်ဆောင်ပါ။ မိတ်ကောင်း ၊ ဆွေကောင်းတစ်ယောက် နှင့် ဆုံတွေ့ရမည်။ ပညာရပ်တစ်ခုခု ကိုလည်း သင်ရတတ်မည်။ သို့သော် နားလည်တက်မြောက်ဖို့ခက်နေလိမ့်မည်။
မိမိအိမ်အနီးအနားတွင် ကိုယ်ဝန်ဆောင်သည် များမွေးဖွားသည့်သတင်းကြားရင်ထီထိုးလိုက်ပါ။အိမ်ထောင်ရေး အညံ့အဆိုးမရှိသလောက်နည်းပါတယ်။ကွဲကွာနေသော ၊ဝေးကွားနေသောချစ်သူနှင့် ပြန်လည်ဆုံတွေ့ရတတ်သည်။
မည်သည့်အလုပ်ကိုမဆို မိမိကိုယ်ကျိုးအတွက် အဓိကဦးစားပေးပြီး လုပ်ကိုင် ဆောင်ရွက်ပါ။ ကျန်းမာရေးအတွက် အနည်းငယ်သာစိတ်ပူပန်ရတတ်ပါတယ်။
အကျိုးပေးဂဏန်း ၁/၅/၆ အထူးဟော အလုပ်တွေများနေတတ်သည်။ ယတြာ ပျားရည်ဘုရားကပ်လှူပါ။
တနင်္လာ
ယခုကာလအတွင်း အစိုးရအကြီးအကဲများ၏ ချီးမြှင့် မြှောက်စားခြင်းကို ခံရနိုင်ပါသည်။ ရာထူးတိုးခြင်း နှင့်အတူ လုပ်ငန်းတာဝန်အသစ်များကို ပူးတွဲတာဝန်ထမ်ဆောင် နေရတတ်သည်။ အလုပ်ကောင်းရခြင်း ကြုံပြီး အဆင်ပြေလာတတ်ပါသည်။
လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်အတွင်း နေရာကောင်းရတတ်ခြင်း၊ ဂုဏ်သတင်း ကျော် ဇော ခြင်း များနှင့် အထူးကြုံတွေ့နေရမည်။ သင့်အိမ်အတွင်းထဲသို့ အတောင်ပါသော သတ္တဝါများ ရောက်ရှိလာပါက အလွန်ကောင်းသော အတိတ်နိမိတ်ထူးပင် ဖြစ်ပါသည်။
စက်ပစ္စည်းများ အသစ်လဲရတတ်သည်။ လုပ်ငန်းခွင်အတွင်း မနာလိုသူများရဲ့အတိုက်အခံ၊ အပြိုင်အဆိုင်များနှင့် ထိပ်တိုက်ရင်ဆိုင် ကြုံတွေ့ ဖြေရှင်းနေရလိမ့်မည်။ ဖခင်အကြီး အကဲ၏ ကျန်းမာရေး ညံ့ဖျင်းတတ်သည်။
အိမ်ပြောင်းခြင်း၊နေရာပြောင်းခြင်း၊ အသစ်ပြန်လည်ပြုပြင်ခြင်းများ မပြုလုပ်သင့်ပါ။ အိမ်ထောင်မကျသေးသူများ အိမ်ထောင်ကျပါက အထူးကံကောင်းသော အချိန်ကာလဖြစ် ပါ သည်။ ထီဆုကြီးများ ပေါက်ခြင်း၊ ဆုမဲများ ပေါက်ခြင်းမျိုး ကြုံရတတ်ပါသည်။
အနီရောင်ကျောက်များ ရောင်း ဝယ် ခြင်း မပြုလုပ်ရပါ။ အချစ်ရေး ထင်သလောက်အဆင်မပြေပါ။ မိမိကျန်းမာရေးကတော့ လည်ချောင်း နာတာမျိုး ၊သွားကိုက်တာမျိုးတွေဖြစ်တတ်ပါတယ်။
အကျိုးပေးဂဏန်း ၆/၇/၀ အထူးဟော အဆင်ပြေနေပေမယ့် စိုးရိမ်စိတ်တွေများနေတတ်ပါတယ်။ ယတြာ သဘက်တစ်ထည်လူကြီးမိဘတစ်ဦးကို လက်ဆောင်ပေးပါ။
အင်္ဂါ
ယခုကာလအတွင်း အိမ်ဝယ်ခြင်း၊ အိမ်ဆောက်ခြင်းများ အထူးကောင်းနေပါသည်။ အခြွေအရံကောင်း များနှင့် စုတ်၊ လာဘ်ပါ ပြည့်စုံစွာ ရလာမည်။ မိမိအိမ်သို့ ဧည့်ကောင်း၊ဆောင်ကောင်းများရောက်လာတတ်ပါသည်။
ကောင်းသောခရီး သွားရခြင်းကံများ ရှိနေသောကြောင့် ဘုရားဖူးခရီးများ နှင့် အပန်းဖြေခရီးများ သွားလာရတတ်ပါ သည်။ မိတ်ဆွေရင်း လုပ်ဖေါ်ကိုင်ဖက်များက ဒုက္ခပေးလိမ့်မည်။ လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း၊ ပျောက်ခြင်းများ ကြုံရတတ်ပါသည်။
ငယ်ရွယ်သူ များ အချစ်ရေးတွင် လမ်းခွဲရောက်သည် အထိ ပြဿနာများ ကြီးမားလာတတ်ပါသည်။ စေ့စပ်ထားပြီးသူများ ကတော့ယခုအချိန်တွင် မင်္ဂလာဆောင်ပါက အဆင်ပြေချောမွေ့ သော မင်္ဂလာပွဲဖြစ်လိမ့် မည်။ မြေကိစ္စ၊ အမွေကိစ္စ၊ ဖုန်းကိစ္စများအတွက် စိတ်ညစ်နေရတတ်ပါသည်။
ကျန်းမာရေး အတွက်စိတ်ပူဖို့ မလိုပေမယ့် သားသမီးများရဲ့ ကျန်းမာရေးအတွက်တော့ အလွန်စိတ်ပူပန်ရတတ်ပါတယ်။ ငွေကြေး ကိစ္စ ထစ်ငေါ့ခြင်း၊ အကြွေး ဆုံးရှုံးခြင်းများ ကြုံရတတ်ပါသည်။
အိမ်ထောင်ဖက်နှင့် ပတ်သက်၍လည်း စိတ်ညစ်ရ တတ်ပါသည်။ မိမိကိုယ်တိုင်က အိမ်ထောင်ဘက်အပေါ်စိတ်တိုင်းမကျတာတွေများ နေတတ်ပါတယ်။ ရှေ့သွားနော က်လိုက်မညီတဲ့ အိမ်ထောင်ရေးလို့ထင်နေမိတတ်ပါတယ်။
အကျိုးပေးဂဏန်း ၁/၇/၃ အထူးဟော ဆန္ဒတွေပြည့်၀လာတတ်ပါတယ်။ ယတြာ အုန်းနို့ခေါက်ဆွဲတစ်ပွဲ ဘုရားကပ်လှူလိုက်ပါ။
ဗုဒ္ဓဟူး/ရာဟု
ယခုကာလအတွင်း အလွန်ကံကောင်းသော ကာလဖြစ်သည်။ ပြည်ပခရီးဝေးသွားပါက လွန်စွာကောင်းသော ကာလဖြစ်သည်။ မိမိအိမ်ရဲ့ ခေါင်းရင်းဘက်က အိမ်တစ်အိမ်တွင်အိမ်ပြင်အိမ်ဆောက်ခြင်းသတင်းကြားပါက ထီ ထိုးလိုက်ပါ။ ကံကောင်းခြင်းများ ရောက်ရှိလာပါတော့မည်။
လုပ်ငန်းများ ကြီးပွားတိုးတတ်ပြီး၊ စီးပွားတိုးမည့် ကာလ ဖြစ်သည်။ ဝန်ထမ်းများအဖို့ ရာထူးအလုပ်များနှင့် ပတ်သက်ပြီး အောင်မြင်ခြင်း၊ ဘွဲထူး၊ ဂုဏ်ထူးများ ရရှိ ခြင်းများ ကြုံတွေ့ရ နိုင်ပါသည်။ မြေဝင်ကိန်းလည်း ရှိနေပါသည်။ ကောင်းသော နေရာမှ မြေမျိုး ဖြစ်ပါလိမ့်မည်။
သူခိုး အခိုးခံရတတ်သည်။တန်ဖိုးရှိပစ္စည်းများအလွယ်မထားသင့်ပါဘူး။ အိမ်ထောင်ရှင်များအဖို့ အိမ်ထောင်ဖက် ဇနီးမယားအဖို့ ဝမ်းသာစရာ သတင်းကောင်းများ ကြားရတတ်ပါသည်။ လူပျို၊ လူလွတ်များ အကောင်းဆုံး လက်တွဲ ဖော် ရရှိတတ်ပါသည်။
သတိထားရမှာက လူငယ်တွေဆို သူများပြဿနာမှာ မိမိက ကြား ညှပ်ပါသွားတတ်ပါတယ်။ မိမိနားမလည်တဲ့ အရောင်းအဝယ်ကိစ္စတွေကို နားလည်တက်ကျွမ်းသူတွေနဲ့တိုင်ပင်လုပ် ကိုင်လိုက်ပါ။ကျန်းမာရေး ကတော့ သိပ်မဆိုးပေမယ့် တရှောင်ရှောင်ဖြစ်နေတတ်ပါတယ်။
ပညာရပ်အသစ်များသင်ခွင့်ရလာတတ်ပါတယ်။ ဆရာကောင်းနှင့်ကြုံရတတ်ပါတယ်။
အကျိုးပေးဂဏန်း ၁/၂/၈ အထူးဟော ကံကောင်းမည်။ ယတြာ အုန်းဆွမ်း(အုန်းထမင်း)ကို ငါးကြော်နဲ့ဘုရားကပ်ပါ။
ကြာသပတေး
အရာရာကိုတည်တည်ငြိမ်ငြိမ်နဲ့ လုပ်ကိုင်ဖြေရှင်းနိုင်တဲ့သူကတော့ ဒီကာလအတွက်အဆိုးနည်းပါတယ်။ သူများ ယောင်တိုင်းလိုက်ယောင်သူတွေ ဒုက္ခများရတတ်ပါတယ်။ လုပ်ချင်တဲ့ကိစ္စတွေကို အားလုံးနဲ့ တိုင်တိုင် ပင်ပင် အဖြေရှာပြီးလုပ်ဆောင်သွားခြင်းဖြင့် အဆင်ပြေပါလိမ့်မယ်
လမ်းခရီးသွားဖို့ ကိစ္စတွေရှိရင်တော့ မှန်းထားသည် ထက်ပိုမို၍လမ်းခရီးမှာကြန့််ကြာသွားတတ်ပါတယ်။ ရွှေတူးဖော်ခြင်း၊ ရတနာတူးဖော်ခြင်းများ ဒီကာလမှာရှောင်ရှား စေချင်ပါတယ်။ သားသမီးတွေက အဝေးသွားပြီးစီးပွားရှာတာမျိုးတွေဒီ ကာလမှာကြုံရတွေ့ရ တတ်ပါတယ်။
ဝန်ထမ်းတွေမမြဲ လက်အောက်ငယ်သားတွေ အလုပ်မလာတာမျိုးတွေလဲ ဖြစ် ရတတ်ပါတယ်။ ကျန်းမာရေး ကတော့ ဘာမှာထူးထူးခြားခြားမဖြစ်ပေမဲ့ အစားအသောက်ပျက်နေတတ်ပါတယ်။ ခံတွင်းပျက်နေတဲ့ သဘောပါ။
ငွေကြေးနဲ့ပတ်သက်သော ကိစ္စအ၀၀ကို သတိနဲ့ယှဉ်ပြီးလုပ်ကိုင်ဆောင်ရွက်စေချင်ပါတယ်။ ဘာစားစားအရသာ မတွေ့သလိုခံစားနေရတတ်ပါတယ်။ အချစ်ရေးမှာ လမ်းခွဲလိုက်တဲ့ချစ်သူကို ပိုမိုတမ်းတ နေမိတတ်ပါတယ်။
အိမ်ထောင်ရေးကတော့ ဝေးနေသူတွေအဆင်ပြေပေမဲ့ နီးနေရင်တော့ခဏခဏ စကားများရတတ်ပါတယ်။ ပညာ ရေး ကတော့ ဘာသာစကားနဲ့ပက်သက်တဲ့ပညာမျိုးသင်ယူခွင့်တွေရလာတတ် ပါတယ်။
အကျိုးပေးဂဏန်း ၂/၃/၉ အထူးဟော ကံအနည်းငယ်ညံ့နေတာကိုတွေ့ရပါတယ်။ ယတြာ ထိုးမုန့်ဝယ်ပြီး ရဟန်းသံဃာကိုလောင်းလှူလိုက်ပါ။
သောကြာ
ဒီကာလအတွင်း အဟောင်းတွေထက်အသစ်တွေက ပိုမိုအကျိုးပေးနေတာတွေ့ရပါတယ်။ လုပ်ငန်းသစ်၊ စီးပွားသစ်၊အတွေးအခေါ်သစ်တွေကိုဦးစားပေးလိုက်ပါ။ လူကြီးမိဘတွေအတွက်ပူပန်သောကတွေရောက်ရတတ် ပါတယ်။ ကိုးကွယ်စရာပစ္စည်းတွေလဲ လက်ဆောင်တွေရလာတတ်ပါတယ်။
မိမိအတွက် အရေးကြီးတဲ့ခရီးမျိုးတွေ သွားရဖို့အကြောင်းဖန်လာတဲ့ကာလတွေပါပဲ။ငွေကြေးနဲ့ပတ်သက်ရင် ပုံမှန်ပါပဲ။ အရမ်းကြီးငွေဝင်နေတာမျိုးမဟုတ် သလို ငွေကုန်ကြေးကျများနေတာလဲမဟုတ်ပါဘူး။ ကျန်းမာရေးကတော့ နည်းနည်းညံ့ပါတယ်။
ခန္ဓာကိုယ်ပင်ပန်း ရာကနေပန်းဖျားဖျားတာမျိုးဖြစ်လွယ်ပါတယ်။ အိုးအိမ်နေရာထိုင်ခင်း အပြောင်းအလဲတွေဖြစ်လွယ်တဲ့နေ့ရက်ပါပဲ။ မိတ်ဆွေသစ်တွေတိုးပွားပါလိမ့်မယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့လဲ အဆင်ပြေအောင်ဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။
မိမိအခက်အခဲဖြစ်နေတဲ့ ကိစ္စတွေရှိရင်တော့ ကူညီမယ့်သူတွေပေါ်ပေါက်လာတတ်ပါတယ်။ အချစ်ရေးကံအထူးပဲ ကောင်းမွန်နေတတ်ပါတယ်။ စန်းအားကောင်းနေတတ်ပါတယ်။ချစ်သူနဲ့အတူတူပျော်စရာအချိန်လေးတွေကိုဖြတ် သန်းနိုင်ပါလိမ့်မယ်။
အိမ်ထောင်ရေးကတော့ အခက်အခဲများနေပါလိမ့်မယ်။ အိမ်ထောင်ဘက်နဲ့ အဆင်မပြေ တာလေးတွေ သဘောထားမတိုက်ဆိုင်တာလေးတွေရှိနေတတ်ပါတယ်။ ပညာရေးအတွက် ကံကောင်းခြင်းရရှိ တတ်ပါတယ်။
အကျိုးပေးဂဏန်း ၃/၄/၈ အထူးဟော ကံသင့်ပါတယ်။ ယတြာ မွေးနေ့မှာ ဖီးကြမ်းငှက်ပျောသီး ဘုရားကပ် လှူပါ။
စနေ
ဒီကာလအတွင်း မိမိဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ်သွားနိုင်ပါလိမ့်မယ်။ အလုပ်တွေတိုးတတ်အောင်မြင် ပေမဲ့ငွေကြေးကဏ္ဍကတော့ ခက်ခဲနေတာတွေ့ရပါတယ်။ အလုပ်တွေအကြွေးကျနေတတ်ပါတယ်။ မိမိဆိုင်များ ငွေကြေးထပ်မံရင်းနှီးဖို့ခက်ခဲနေတာတွေရပါတယ်။
အိမ်အတွက်၊မိသားစုအတွက်လိုအပ်နေတာတွေကိုလဲ ဖြည့် ဆည်းပေးနေရတတ်ပါတယ်။ ခရီးကိစ္စများ ၊ကုန်သွယ်မှုအလုပ်များ၊အဝတ်အထည်နှင့်ပရိဘောဂအရောင်းဆိုင်များ အောင်မြင်တိုးတတ်ပါလိမ့်မယ်။ လူငယ်များ အလုပ်တာဝန်တွေများနေတာကြောင့် စိတ်မလန်းသလိုခံစားရတတ်ပါတယ်
အိမ်ထောင်သည်များ လိင်ကိစ္စရှုပ်ထွေးတတ်ပါတယ်။ လိင်မတူသူတွေနဲ့ အနေအထိုင်ဆင်ခြင်လိုက်ပါ။ ကျန်းမာရေးကတော့ အကောင်းများပါတယ်။ ကျန်းမာရေးဒေါင်ဒေါင်မြည်ပါပဲ။နာတာရှည်ရောဂါ ခံစားနေရသူများတောင် သက်သာခွင့်ပျောက်ကင်းခွင့်တွေရပါလိမ့်မယ်။
အချစ်ရေးကတော့ ဒီကာလမှာမိမိကိုယ်တိုင်ကအချစ်ရေး အပေါ်စိတ်မဝင်စားသလိုဖြစ်နေရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်က မိမိအခက်အခဲတွေ ကို ကူညီပြီးဖြေရှင်းပေးသွားပါလိမ့်မယ်။
ပညာရေးကတော့အဘက်ဘက်က ကံအားသာချက်ရှိ တာတွေ့ရပါတယ် ဗျ။ အွန်လိုင်းကနေ မိမိလိုချင်တဲ့ပညာတွေရလာတတ်ပါတယ်။
အကျိုးပေးဂဏန်း ၄/၅/၇ အထူးဟော ငွေကြေးလက်မလွယ်ပါနဲ့။ ယတြာ ကတ္တီပါ ပဲနှင့် ထမင်းဆီဆမ်း ဘုရားကပ်လှူပြီးတော့လိုရာဆုတောင်းပါ
၇ရက်သားသမီးများအားလုံး ကျန်းမာချမ်းသာပြီး ကောင်းသောလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။ဆရာငြိမ်းအေးလူ–ဗေဒင်သုတေသီ 09775555695 09445555695
Zawgyi
5.11.2020 မွ 11.11.2020အထိ တစ္ပတ္စာ ၇ရက္သားသမီးေဟာစာတမ္း
တနဂၤေႏြ
ယခုကာလမ်ားအတြင္ မိန္းမႏွင့္ ပတ္သက္ေသာ အရႈတ္အေထြးမ်ား ရင္ဆိုင္ရတတ္ပါသည္။ မ်က္ႏွာမွာ လည္း မေတာ္တဆ ထိခိုက္ဒဏ္ရာမ်ား ရတတ္ပါသည္။ လုပ္ငန္းအႀကံအစည္သစ္မ်ား ေပၚေပါက္ လုပ္ကိုင္ရ တတ္သည္။
သင္အလြန္အမင္း အဆင္ေျပေနၿပီဟု ေဆြမ်ိဳးအေပါင္းအသင္းတို႔အားလုံး၏ အထင္ႀကီး ေလးစားမႈကို ခံရမည္။ သူခိုး၊ သူဝွက္ မ်က္စိက်ေနေသာ အခ်ိန္ကာလျဖစ္ပါသည္။ သြပ္၊ သံ၊ သစ္၊အိမ္ေဆာက္ပစၥည္း လုပ္ငန္း မ်ား လုပ္ကိုင္သူမ်ား အထူးအက်ိဳးေပးေသာ အခ်ိန္ကာလျဖစ္ပါသည္။
သင့္လက္တစ္ကမ္းသို႔ ေရာက္ရွိ ေနေသာ ကံၾကမၼာ အခြင့္အလမ္းေကာင္းမ်ားကို အမိအရဆုပ္ကိုင္၍ လုပ္ေဆာင္ပါ။ မိတ္ေကာင္း ၊ ေဆြေကာင္းတစ္ေယာက္ ႏွင့္ ဆုံေတြ႕ရမည္။ ပညာရပ္တစ္ခုခု ကိုလည္း သင္ရတတ္မည္။ သို႔ေသာ္ နားလည္တက္ေျမာက္ဖို႔ခက္ေနလိမ့္မည္။
မိမိအိမ္အနီးအနားတြင္ ကိုယ္ဝန္ေဆာင္သည္ မ်ားေမြးဖြားသည့္သတင္းၾကားရင္ထီထိုးလိုက္ပါ။အိမ္ေထာင္ေရး အညံ့အဆိုးမရွိသေလာက္နည္းပါတယ္။ကြဲကြာေနေသာ ၊ေဝးကြားေနေသာခ်စ္သူႏွင့္ ျပန္လည္ဆုံေတြ႕ရတတ္သည္။
မည္သည့္အလုပ္ကိုမဆို မိမိကိုယ္က်ိဳးအတြက္ အဓိကဦးစားေပးၿပီး လုပ္ကိုင္ ေဆာင္႐ြက္ပါ။ က်န္းမာေရးအတြက္ အနည္းငယ္သာစိတ္ပူပန္ရတတ္ပါတယ္။
အက်ိဳးေပးဂဏန္း ၁/၅/၆ အထူးေဟာ အလုပ္ေတြမ်ားေနတတ္သည္။ ယၾတာ ပ်ားရည္ဘုရားကပ္လႉပါ။
တနလၤာ
ယခုကာလအတြင္း အစိုးရအႀကီးအကဲမ်ား၏ ခ်ီးျမႇင့္ ေျမႇာက္စားျခင္းကို ခံရႏိုင္ပါသည္။ ရာထူးတိုးျခင္း ႏွင့္အတူ လုပ္ငန္းတာဝန္အသစ္မ်ားကို ပူးတြဲတာဝန္ထမ္ေဆာင္ ေနရတတ္သည္။ အလုပ္ေကာင္းရျခင္း ႀကဳံၿပီး အဆင္ေျပလာတတ္ပါသည္။
လုပ္ငန္းခြင္ႏွင့္ ပတ္ဝန္းက်င္အတြင္း ေနရာေကာင္းရတတ္ျခင္း၊ ဂုဏ္သတင္း ေက်ာ္ ေဇာ ျခင္း မ်ားႏွင့္ အထူးႀကဳံေတြ႕ေနရမည္။ သင့္အိမ္အတြင္းထဲသို႔ အေတာင္ပါေသာ သတၱဝါမ်ား ေရာက္ရွိလာပါက အလြန္ေကာင္းေသာ အတိတ္နိမိတ္ထူးပင္ ျဖစ္ပါသည္။
စက္ပစၥည္းမ်ား အသစ္လဲရတတ္သည္။ လုပ္ငန္းခြင္အတြင္း မနာလိုသူမ်ားရဲ႕အတိုက္အခံ၊ အၿပိဳင္အဆိုင္မ်ားႏွင့္ ထိပ္တိုက္ရင္ဆိုင္ ႀကဳံေတြ႕ ေျဖရွင္းေနရလိမ့္မည္။ ဖခင္အႀကီး အကဲ၏ က်န္းမာေရး ညံ့ဖ်င္းတတ္သည္။
အိမ္ေျပာင္းျခင္း၊ေနရာေျပာင္းျခင္း၊ အသစ္ျပန္လည္ျပဳျပင္ျခင္းမ်ား မျပဳလုပ္သင့္ပါ။ အိမ္ေထာင္မက်ေသးသူမ်ား အိမ္ေထာင္က်ပါက အထူးကံေကာင္းေသာ အခ်ိန္ကာလျဖစ္ ပါ သည္။ ထီဆုႀကီးမ်ား ေပါက္ျခင္း၊ ဆုမဲမ်ား ေပါက္ျခင္းမ်ိဳး ႀကဳံရတတ္ပါသည္။
အနီေရာင္ေက်ာက္မ်ား ေရာင္း ဝယ္ ျခင္း မျပဳလုပ္ရပါ။ အခ်စ္ေရး ထင္သေလာက္အဆင္မေျပပါ။ မိမိက်န္းမာေရးကေတာ့ လည္ေခ်ာင္း နာတာမ်ိဳး ၊သြားကိုက္တာမ်ိဳးေတြျဖစ္တတ္ပါတယ္။
အက်ိဳးေပးဂဏန္း ၆/၇/၀ အထူးေဟာ အဆင္ေျပေနေပမယ့္ စိုးရိမ္စိတ္ေတြမ်ားေနတတ္ပါတယ္။ ယၾတာ သဘက္တစ္ထည္လူႀကီးမိဘတစ္ဦးကို လက္ေဆာင္ေပးပါ။
အဂၤါ
ယခုကာလအတြင္း အိမ္ဝယ္ျခင္း၊ အိမ္ေဆာက္ျခင္းမ်ား အထူးေကာင္းေနပါသည္။ အေႁခြအရံေကာင္း မ်ားႏွင့္ စုတ္၊ လာဘ္ပါ ျပည့္စုံစြာ ရလာမည္။ မိမိအိမ္သို႔ ဧည့္ေကာင္း၊ေဆာင္ေကာင္းမ်ားေရာက္လာတတ္ပါသည္။
ေကာင္းေသာခရီး သြားရျခင္းကံမ်ား ရွိေနေသာေၾကာင့္ ဘုရားဖူးခရီးမ်ား ႏွင့္ အပန္းေျဖခရီးမ်ား သြားလာရတတ္ပါ သည္။ မိတ္ေဆြရင္း လုပ္ေဖၚကိုင္ဖက္မ်ားက ဒုကၡေပးလိမ့္မည္။ လက္ဝတ္ရတနာမ်ား ေက်ာက္ျပဳတ္ထြက္ျခင္း၊ ေပ်ာက္ျခင္းမ်ား ႀကဳံရတတ္ပါသည္။
ငယ္႐ြယ္သူ မ်ား အခ်စ္ေရးတြင္ လမ္းခြဲေရာက္သည္ အထိ ျပႆနာမ်ား ႀကီးမားလာတတ္ပါသည္။ ေစ့စပ္ထားၿပီးသူမ်ား ကေတာ့ယခုအခ်ိန္တြင္ မဂၤလာေဆာင္ပါက အဆင္ေျပေခ်ာေမြ႕ ေသာ မဂၤလာပြဲျဖစ္လိမ့္ မည္။ ေျမကိစၥ၊ အေမြကိစၥ၊ ဖုန္းကိစၥမ်ားအတြက္ စိတ္ညစ္ေနရတတ္ပါသည္။
က်န္းမာေရး အတြက္စိတ္ပူဖို႔ မလိုေပမယ့္ သားသမီးမ်ားရဲ႕ က်န္းမာေရးအတြက္ေတာ့ အလြန္စိတ္ပူပန္ရတတ္ပါတယ္။ ေငြေၾကး ကိစၥ ထစ္ေငါ့ျခင္း၊ အေႂကြး ဆုံးရႈံးျခင္းမ်ား ႀကဳံရတတ္ပါသည္။
အိမ္ေထာင္ဖက္ႏွင့္ ပတ္သက္၍လည္း စိတ္ညစ္ရ တတ္ပါသည္။ မိမိကိုယ္တိုင္က အိမ္ေထာင္ဘက္အေပၚစိတ္တိုင္းမက်တာေတြမ်ား ေနတတ္ပါတယ္။ ေရွ႕သြားေနာ က္လိုက္မညီတဲ့ အိမ္ေထာင္ေရးလို႔ထင္ေနမိတတ္ပါတယ္။
အက်ိဳးေပးဂဏန္း ၁/၇/၃ အထူးေဟာ ဆႏၵေတြျပည့္၀လာတတ္ပါတယ္။ ယၾတာ အုန္းႏို႔ေခါက္ဆြဲတစ္ပြဲ ဘုရားကပ္လႉလိုက္ပါ။
ဗုဒၶဟူး/ရာဟု
ယခုကာလအတြင္း အလြန္ကံေကာင္းေသာ ကာလျဖစ္သည္။ ျပည္ပခရီးေဝးသြားပါက လြန္စြာေကာင္းေသာ ကာလျဖစ္သည္။ မိမိအိမ္ရဲ႕ ေခါင္းရင္းဘက္က အိမ္တစ္အိမ္တြင္အိမ္ျပင္အိမ္ေဆာက္ျခင္းသတင္းၾကားပါက ထီ ထိုးလိုက္ပါ။ ကံေကာင္းျခင္းမ်ား ေရာက္ရွိလာပါေတာ့မည္။
လုပ္ငန္းမ်ား ႀကီးပြားတိုးတတ္ၿပီး၊ စီးပြားတိုးမည့္ ကာလ ျဖစ္သည္။ ဝန္ထမ္းမ်ားအဖို႔ ရာထူးအလုပ္မ်ားႏွင့္ ပတ္သက္ၿပီး ေအာင္ျမင္ျခင္း၊ ဘြဲထူး၊ ဂုဏ္ထူးမ်ား ရရွိ ျခင္းမ်ား ႀကဳံေတြ႕ရ ႏိုင္ပါသည္။ ေျမဝင္ကိန္းလည္း ရွိေနပါသည္။ ေကာင္းေသာ ေနရာမွ ေျမမ်ိဳး ျဖစ္ပါလိမ့္မည္။
သူခိုး အခိုးခံရတတ္သည္။တန္ဖိုးရွိပစၥည္းမ်ားအလြယ္မထားသင့္ပါဘူး။ အိမ္ေထာင္ရွင္မ်ားအဖို႔ အိမ္ေထာင္ဖက္ ဇနီးမယားအဖို႔ ဝမ္းသာစရာ သတင္းေကာင္းမ်ား ၾကားရတတ္ပါသည္။ လူပ်ိဳ၊ လူလြတ္မ်ား အေကာင္းဆုံး လက္တြဲ ေဖာ္ ရရွိတတ္ပါသည္။
သတိထားရမွာက လူငယ္ေတြဆို သူမ်ားျပႆနာမွာ မိမိက ၾကား ညႇပ္ပါသြားတတ္ပါတယ္။ မိမိနားမလည္တဲ့ အေရာင္းအဝယ္ကိစၥေတြကို နားလည္တက္ကြၽမ္းသူေတြနဲ႔တိုင္ပင္လုပ္ ကိုင္လိုက္ပါ။က်န္းမာေရး ကေတာ့ သိပ္မဆိုးေပမယ့္ တေရွာင္ေရွာင္ျဖစ္ေနတတ္ပါတယ္။
ပညာရပ္အသစ္မ်ားသင္ခြင့္ရလာတတ္ပါတယ္။ ဆရာေကာင္းႏွင့္ႀကဳံရတတ္ပါတယ္။
အက်ိဳးေပးဂဏန္း ၁/၂/၈ အထူးေဟာ ကံေကာင္းမည္။ ယၾတာ အုန္းဆြမ္း(အုန္းထမင္း)ကို ငါးေၾကာ္နဲ႔ဘုရားကပ္ပါ။
ၾကာသပေတး
အရာရာကိုတည္တည္ၿငိမ္ၿငိမ္နဲ႔ လုပ္ကိုင္ေျဖရွင္းႏိုင္တဲ့သူကေတာ့ ဒီကာလအတြက္အဆိုးနည္းပါတယ္။ သူမ်ား ေယာင္တိုင္းလိုက္ေယာင္သူေတြ ဒုကၡမ်ားရတတ္ပါတယ္။ လုပ္ခ်င္တဲ့ကိစၥေတြကို အားလုံးနဲ႔ တိုင္တိုင္ ပင္ပင္ အေျဖရွာၿပီးလုပ္ေဆာင္သြားျခင္းျဖင့္ အဆင္ေျပပါလိမ့္မယ္။
လမ္းခရီးသြားဖို႔ ကိစၥေတြရွိရင္ေတာ့ မွန္းထားသည္ ထက္ပိုမို၍လမ္းခရီးမွာၾကန္႔္ၾကာသြားတတ္ပါတယ္။ ေ႐ႊတူးေဖာ္ျခင္း၊ ရတနာတူးေဖာ္ျခင္းမ်ား ဒီကာလမွာေရွာင္ရွား ေစခ်င္ပါတယ္။ သားသမီးေတြက အေဝးသြားၿပီးစီးပြားရွာတာမ်ိဳးေတြဒီ ကာလမွာႀကဳံရေတြ႕ရ တတ္ပါတယ္။
ဝန္ထမ္းေတြမၿမဲ လက္ေအာက္ငယ္သားေတြ အလုပ္မလာတာမ်ိဳးေတြလဲ ျဖစ္ ရတတ္ပါတယ္။ က်န္းမာေရး ကေတာ့ ဘာမွာထူးထူးျခားျခားမျဖစ္ေပမဲ့ အစားအေသာက္ပ်က္ေနတတ္ပါတယ္။ ခံတြင္းပ်က္ေနတဲ့ သေဘာပါ။
ေငြေၾကးနဲ႔ပတ္သက္ေသာ ကိစၥအ၀၀ကို သတိနဲ႔ယွဥ္ၿပီးလုပ္ကိုင္ေဆာင္႐ြက္ေစခ်င္ပါတယ္။ ဘာစားစားအရသာ မေတြ႕သလိုခံစားေနရတတ္ပါတယ္။ အခ်စ္ေရးမွာ လမ္းခြဲလိုက္တဲ့ခ်စ္သူကို ပိုမိုတမ္းတ ေနမိတတ္ပါတယ္။
အိမ္ေထာင္ေရးကေတာ့ ေဝးေနသူေတြအဆင္ေျပေပမဲ့ နီးေနရင္ေတာ့ခဏခဏ စကားမ်ားရတတ္ပါတယ္။ ပညာ ေရး ကေတာ့ ဘာသာစကားနဲ႔ပက္သက္တဲ့ပညာမ်ိဳးသင္ယူခြင့္ေတြရလာတတ္ ပါတယ္။
အက်ိဳးေပးဂဏန္း ၂/၃/၉ အထူးေဟာ ကံအနည္းငယ္ညံ့ေနတာကိုေတြ႕ရပါတယ္။ ယၾတာ ထိုးမုန႔္ဝယ္ၿပီး ရဟန္းသံဃာကိုေလာင္းလႉလိုက္ပါ။
ေသာၾကာ
ဒီကာလအတြင္း အေဟာင္းေတြထက္အသစ္ေတြက ပိုမိုအက်ိဳးေပးေနတာေတြ႕ရပါတယ္။ လုပ္ငန္းသစ္၊ စီးပြားသစ္၊အေတြးအေခၚသစ္ေတြကိုဦးစားေပးလိုက္ပါ။ လူႀကီးမိဘေတြအတြက္ပူပန္ေသာကေတြေရာက္ရတတ္ ပါတယ္။ ကိုးကြယ္စရာပစၥည္းေတြလဲ လက္ေဆာင္ေတြရလာတတ္ပါတယ္။
မိမိအတြက္ အေရးႀကီးတဲ့ခရီးမ်ိဳးေတြ သြားရဖို႔အေၾကာင္းဖန္လာတဲ့ကာလေတြပါပဲ။ေငြေၾကးနဲ႔ပတ္သက္ရင္ ပုံမွန္ပါပဲ။ အရမ္းႀကီးေငြဝင္ေနတာမ်ိဳးမဟုတ္ သလို ေငြကုန္ေၾကးက်မ်ားေနတာလဲမဟုတ္ပါဘူး။ က်န္းမာေရးကေတာ့ နည္းနည္းညံ့ပါတယ္။
ခႏၶာကိုယ္ပင္ပန္း ရာကေနပန္းဖ်ားဖ်ားတာမ်ိဳးျဖစ္လြယ္ပါတယ္။ အိုးအိမ္ေနရာထိုင္ခင္း အေျပာင္းအလဲေတြျဖစ္လြယ္တဲ့ေန႔ရက္ပါပဲ။ မိတ္ေဆြသစ္ေတြတိုးပြားပါလိမ့္မယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔လဲ အဆင္ေျပေအာင္ေဆာင္႐ြက္သြားႏိုင္ပါလိမ့္မယ္။
မိမိအခက္အခဲျဖစ္ေနတဲ့ ကိစၥေတြရွိရင္ေတာ့ ကူညီမယ့္သူေတြေပၚေပါက္လာတတ္ပါတယ္။ အခ်စ္ေရးကံအထူးပဲ ေကာင္းမြန္ေနတတ္ပါတယ္။ စန္းအားေကာင္းေနတတ္ပါတယ္။ခ်စ္သူနဲ႔အတူတူေပ်ာ္စရာအခ်ိန္ေလးေတြကိုျဖတ္ သန္းႏိုင္ပါလိမ့္မယ္။
အိမ္ေထာင္ေရးကေတာ့ အခက္အခဲမ်ားေနပါလိမ့္မယ္။ အိမ္ေထာင္ဘက္နဲ႔ အဆင္မေျပ တာေလးေတြ သေဘာထားမတိုက္ဆိုင္တာေလးေတြရွိေနတတ္ပါတယ္။ ပညာေရးအတြက္ ကံေကာင္းျခင္းရရွိ တတ္ပါတယ္။
အက်ိဳးေပးဂဏန္း ၃/၄/၈ အထူးေဟာ ကံသင့္ပါတယ္။ ယၾတာ ေမြးေန႔မွာ ဖီးၾကမ္းငွက္ေပ်ာသီး ဘုရားကပ္ လႉပါ။
စေန
ဒီကာလအတြင္း မိမိျဖစ္ခ်င္တာေတြကိုျဖစ္ေအာင္လုပ္သြားႏိုင္ပါလိမ့္မယ္။ အလုပ္ေတြတိုးတတ္ေအာင္ျမင္ ေပမဲ့ေငြေၾကးက႑ကေတာ့ ခက္ခဲေနတာေတြ႕ရပါတယ္။ အလုပ္ေတြအေႂကြးက်ေနတတ္ပါတယ္။ မိမိဆိုင္မ်ား ေငြေၾကးထပ္မံရင္းႏွီးဖို႔ခက္ခဲေနတာေတြရပါတယ္။
အိမ္အတြက္၊မိသားစုအတြက္လိုအပ္ေနတာေတြကိုလဲ ျဖည့္ ဆည္းေပးေနရတတ္ပါတယ္။ ခရီးကိစၥမ်ား ၊ကုန္သြယ္မႈအလုပ္မ်ား၊အဝတ္အထည္ႏွင့္ပရိေဘာဂအေရာင္းဆိုင္မ်ား ေအာင္ျမင္တိုးတတ္ပါလိမ့္မယ္။ လူငယ္မ်ား အလုပ္တာဝန္ေတြမ်ားေနတာေၾကာင့္ စိတ္မလန္းသလိုခံစားရတတ္ပါတယ္။
အိမ္ေထာင္သည္မ်ား လိင္ကိစၥရႈပ္ေထြးတတ္ပါတယ္။ လိင္မတူသူေတြနဲ႔ အေနအထိုင္ဆင္ျခင္လိုက္ပါ။ က်န္းမာေရးကေတာ့ အေကာင္းမ်ားပါတယ္။ က်န္းမာေရးေဒါင္ေဒါင္ျမည္ပါပဲ။နာတာရွည္ေရာဂါ ခံစားေနရသူမ်ားေတာင္ သက္သာခြင့္ေပ်ာက္ကင္းခြင့္ေတြရပါလိမ့္မယ္။
အခ်စ္ေရးကေတာ့ ဒီကာလမွာမိမိကိုယ္တိုင္ကအခ်စ္ေရး အေပၚစိတ္မဝင္စားသလိုျဖစ္ေနရတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္က မိမိအခက္အခဲေတြ ကို ကူညီၿပီးေျဖရွင္းေပးသြားပါလိမ့္မယ္
ပညာေရးကေတာ့အဘက္ဘက္က ကံအားသာခ်က္ရွိ တာေတြ႕ရပါတယ္ ဗ်။ အြန္လိုင္းကေန မိမိလိုခ်င္တဲ့ပညာေတြရလာတတ္ပါတယ္။
အက်ိဳးေပးဂဏန္း ၄/၅/၇ အထူးေဟာ ေငြေၾကးလက္မလြယ္ပါနဲ႔။ ယၾတာ ကတၱီပါ ပဲႏွင့္ ထမင္းဆီဆမ္း ဘုရားကပ္လႉၿပီးေတာ့လိုရာဆုေတာင္းပါ
၇ရက္သားသမီးမ်ားအားလုံး က်န္းမာခ်မ္းသာၿပီး ေကာင္းေသာလိုအင္ဆႏၵေတြ ျပည့္ဝၾကပါေစ။ဆရာၿငိမ္းေအးလူ–ေဗဒင္သုေတသီ 09775555695 09445555695