အခ်စ္နွင့္ဘဝ

မိန်းကလေးတွေ လုံးဝ ခွင့်မလွှတ်နိုင်တဲ့ ချစ်သူကောင်လေးတွေရဲ့ လုပ်ရပ် (၄) မျိုး …




(၁) သစ္စာဖောက်တာ



(၂) အပြိုင်ထားတာ



(၃) လိမ်ညာတာ



(၄) လက်ပါတာ



Kham

Unicode

မိန်းကလေးတွေ လုံးဝ ခွင့်မလွှတ်နိုင်တဲ့ သူတို့ ချစ်သူတွေရဲ့ လုပ်ရပ် (၄) မျိုး …

အချစ်ကြီးတဲ့နေရာမှာ မိန်းကလေးတွေက နာမည်ကျော်ကြပါတယ်။ ဒီလို အချစ်ကြီးပေမယ့်လည်း မိန်းကလေးတွေမှာ ချစ်သူကို ဘယ်လိုမှ ခွင့်မလွှတ်နိုင်တဲ့အရာတွေလည်း ရှိပါတယ်။

အရာအားလုံးကို ခွင့်လွှတ်နိုင်ရင်တောင် လုံးဝ ခွင့်လွှတ်ပေးလို့ မရတဲ့ အရာတွေကတော့…

(၁) သစ္စာဖောက်တာ

မိန်းကလေးတွေရဲ့ အမုန်းဆုံးအချက်ကတော့ သစ္စာဖောက်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်နဲ့ လူသိရှင်ကြားတွဲနေလျက်နဲ့ ကိုယ့်အပေါ် သစ္စာဖောက်သွားတာကို အမုန်းဆုံး ဖြစ်ပါတယ်။

စိတ်အလိုလိုက်ပြီး ဖြစ်သွားတာ ဖြစ်စေ၊ ခေတ္တဖြစ်ပြီး ပြီးသွားတာ ဖြစ်စေ မိန်းကလေးတွေက အရမ်းမုန်းပါတယ်

(၂) အပြိုင်ထားတာ

အချစ်ဆိုတာ ကိုယ့်အပေါ်ပဲ အာရုံစိုက်ပြီး ဂရုတစိုက်ချစ်ကြခြင်းလို့ မိန်းကလေးတွေက နားလည်ထားကြပါတယ်။ ဒါကို နောက်တစ်ယောက်ပါ ထားပြီး ဟိုကိုလည်း မစွန့်လွှတ်နိုင် …

ဒီလိုလည်း လက်မလွှတ်နိုင်ဆိုတဲ့ မပြတ်မသား လုပ်တတ်တဲ့ ကောင်လေးတွေရဲ့ လုပ်ရပ်တွေကို မိန်းကလေးတွေက သေလောက်အောင်ကို မုန်းတတ်ကြတာပါ။

(၃) လိမ်ညာတာ

သမီးရည်းစား ဖြစ်ပြီ ဆိုတာနဲ့ တစ်ယောက်ကို တစ်ယောက် နားလည်ပေးရတာတွေ ရှိလာသလို သူ့ဆန္ဒ ကိုယ့်ဆန္ဒ ညှိနှိုင်းပြီး ပတ်သတ်ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် မကြိုက်ပါဘူးလို့ ပြောထားတဲ့ အရာကို မလုပ်ပါဘူးဆိုပြီး ကတိတွေ အထပ်ထပ်ပေးပြီး လိမ်ညာသွားတာကို မိန်းကလေးတွေက မုန်းပါတယ်

(၄) လက်ပါတာ

ဘယ်လောက်ပဲချစ်ချစ် အချစ်စစ်မှန်ရင်တော့ ချစ်သူ အသားနာအောင် မပြုလုပ်တတ်ကြပါဘူး။ ဒေါသကြီးပြီး ကိုယ့်စိတ်အလျောက် ရိုက်နှက်တတ်တဲ့သူကို …..

ချစ်သူ တော်ထားမိရင်တော့ စိတ်မကောင်းစရာ ပါပဲ။ ချစ်လို့ အတူ လက်တွဲနေခဲ့တာကို လက်ပါသွားရင်တော့ ကောင်မလေးတွေက ဒီအပြုအမူကို အမုန်းကြီး မုန်းနေတော့မှာပါ။

Kham