ခ်စ္မိတဲ့အခါ ေပ်ာ္ရႊင္ရတာ ဒီလိုအခ်က္ေတြေၾကာင့္ပါ…
ကမာၻႀကီးက အခ်စ္ေတြနဲ႔မို႔သာ လည္ပတ္ေနတာပါ။ အခ်စ္ေတြနဲ႔ ျပည့္ေနတဲ့ ကမာၻႀကီးက အျမဲ ေပ်ာ္ရႊင္ေနရသလားဆိုေတာ့ မေပ်ာ္ရႊင္ရပါဘူး။
ဒါေပမယ္႔ အခ်စ္ကို ေတြ႔ရွိသြားတဲ့ ခ်စ္ရတဲ့သူနဲ႔ အျပန္အလွန္ခ်စ္ၾကတဲ့သူတိုင္းကေတာ့ ေပ်ာ္ရႊင္မႈကို ခံစားၾကရပါတယ္။
ဒီအခ်က္ေတြကေန ဘာေၾကာင့္ ခ်စ္မိတဲ့အခါ ေပ်ာ္ရႊင္ရလဲဆိုတာကို သိႏိုင္မွာပါေနာ္ …။
ခ်စ္မိလို႔…
အဓိက အေၾကာင္းအရင္းႀကီးကေတာ့ ခ်စ္ေနလို႔ပါပဲ။ လူေတြက ခ်စ္စိတ္ဝင္လာတဲ့အခါ ဘယ္လို အေၾကာင္းအရာမ်ိဳးကိုမဆို အျပစ္ျမင္ဖို႔ဝန္ေလးလာတာေၾကာင့္ ပိုၿပီး အျမင္ၾကည္လင္ၾကပါတယ္။ အျပစ္မျမင္ပဲ ခ်စ္စိတ္ေတြ ရွိျခင္းေၾကာင့္ ပိုၿပီး ေပ်ာ္ရႊင္စရာ ျဖစ္ရပါတယ္။သူ႕ကို ၾကည့္ေနရင္းကို အလိုလို ေပ်ာ္ေနမိတာမ်ိဳးက ခ်စ္တဲ့စိတ္ေၾကာင္႔ ျဖစ္ပါတယ္ …။
နားလည္ႏိုင္လို႔…
လူတိုင္းက မျပည့္စံုပါဘူး။ အားနည္းခ်က္ကိုယ္စီ ရွိတတ္ၾကပါတယ္။ လူ႔သဘာဝအရေတာ့ အားနည္းခ်က္ရွိတာကို မႀကိဳက္တတ္ပါဘူး။ဒါေၾကာင့္ အားနည္းခ်က္ကို ျမင္လို႔ ေပ်ာ္ရႊင္မႈေတာ့ မျဖစ္ႏိုင္ပါဘူး …။ဒါေပမဲ့ ခ်စ္မိတဲ့အခါမွာေတာ့ အားနည္းခ်က္ေတြကိုလည္း နားလည္ေပးႏိုင္သြားပါတယ္။
သူ႔ရဲ႕ ပံုစံအတိုင္း လက္ခံေပးႏုိင္လာပါတယ္။ ဒီေတာ့ နားလည္ႏိုင္တဲ့ အခ်စ္စိတ္ရွိတာေၾကာင့္ ပိုၿပီး ေပ်ာ္ရႊင္မႈေတြကို ဖန္တီးလို႔ ရႏိုင္သြားပါတယ္ …။
အတူရွိရလို႔…
ခ်စ္ရတဲ့သူနဲ႔ အတူရွိျခင္းကလည္း ေပ်ာ္ရႊင္မႈ တစ္ခုဆိုတာကို ခ်စ္မိသူတိုင္း သိၾကမယ္ ထင္ပါတယ္။ ကိုယ္က ခ်စ္ရသူက ကိုယ့္ျပန္ခ်စ္တဲ့အခါ ေပ်ာ္ရႊင္ရသလိုကိုယ္ခ်စ္ရတဲ့သူက သူ႔ရဲ႕ အခ်ိန္တစ္ခ်ိဳ႕ကို ကိုယ္နဲ႔အတူ ျဖတ္သန္းေပးတာကလည္း ကိုယ့္အတြက္ ေပ်ာ္ရႊင္မႈ တစ္ခုပဲ ျဖစ္ပါတယ္ …။
အမွတ္တရေတြေၾကာင့္…
ဘဝမွာ အမွတ္တရမ်ိဳးစံု ရွိတတ္ပါတယ္။ ခ်စ္သူနဲ႔ ရွိထားတဲ့အမွတ္တရေလာက္ ေပ်ာ္ရႊင္စရာေကာင္းတာ ရွိမယ္ မထင္ပါဘူး။ ႏွစ္ေယာက္ပဲ သိတဲ့အမွတ္တရေလးေတြကို တိုက္ဆိုင္တိုင္း သတိရတတ္သလို ျပန္ေတြးမိတိုင္းလည္း သတိရတတ္ပါတယ္။ သတိရတိုင္းလည္း ေပ်ာ္ရႊင္မႈကို ခံစားရေစပါတယ္။
ဒါေၾကာင့္ ခ်စ္သူေတြ အမွတ္တရေတြ မ်ားမ်ားရွိေလ ပိုေပ်ာ္စရာ ျဖစ္ေလပါပဲ …။
အနာဂတ္္က အသက္္ဝင္လာလို႔…
ကိုယ့္ရဲ႕ ေရွ႕သြားမယ့္ အနာဂတ္ခရီးလမ္းမွာ သူပါ ပါလာတာမ်ိဳးပါ။ ကိုယ္က ဘာလုပ္မယ္ သူက ဘာလုပ္္မယ္ဆိုတာမ်ိဳးဆိုတာမ်ိဳးကို တူတူတြဲၿပီးစဥ္းစားလာတာလည္း အခ်စ္စိတ္ေၾကာင့္ပဲ ျဖစ္ပါတယ္။ ဘဝႏွစ္ခုကို ေရာယွက္ဖို႔ ႀကံၿ႔ပီး အနာဂတ္ေတြက အသက္ဝင္လာတယ္လို႔ ခံစားရလာ ၾကပါတယ္ …။
ဒါေၾကာင့္ ခ်စ္မိတဲ့အခါ အခုလိုေတြ ေတြးထားၾကၿပီး ေပ်ာ္ရႊင္ၾကရပါတယ္။ခ်စ္မိလာတဲ့အခါ သူနဲ႔ ပတ္သတ္သမွ်က လွပလာတယ္လို႔ ခံစားရတာေၾကာင့္ေပ်ာ္ရႊင္မႈေတြ ျဖစ္ေနေစတာပါ။ အားလံုးပဲ ခ်စ္ျခင္းျဖင့္ ေပ်ာ္ရႊင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ …။
Unicode Version
ချစ်မိတဲ့အခါ ပျော်ရွှင်ရတာ ဒီလိုအချက်တွေကြောင့်ပါ…
ကမ္ဘာကြီးက အချစ်တွေနဲ့မို့သာ လည်ပတ်နေတာပါ။ အချစ်တွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီးက အမြဲ ပျော်ရွှင်နေရသလားဆိုတော့ မပျော်ရွှင်ရပါဘူး။
ဒါပေမယ့် အချစ်ကို တွေ့ရှိသွားတဲ့ ချစ်ရတဲ့သူနဲ့ အပြန်အလှန်ချစ်ကြတဲ့သူတိုင်းကတော့ ပျော်ရွှင်မှုကို ခံစားကြရပါတယ်။
ဒီအချက်တွေကနေ ဘာကြောင့် ချစ်မိတဲ့အခါ ပျော်ရွှင်ရလဲဆိုတာကို သိနိုင်မှာပါနော် …။
ချစ်မိလို့…
အဓိက အကြောင်းအရင်းကြီးကတော့ ချစ်နေလို့ပါပဲ။ လူတွေက ချစ်စိတ်ဝင်လာတဲ့အခါ ဘယ်လို အကြောင်းအရာမျိုးကိုမဆို အပြစ်မြင်ဖို့ဝန်လေးလာတာကြောင့် ပိုပြီး အမြင်ကြည်လင်ကြပါတယ်။ အပြစ်မမြင်ပဲ ချစ်စိတ်တွေ ရှိခြင်းကြောင့် ပိုပြီး ပျော်ရွှင်စရာ ဖြစ်ရပါတယ်။သူ့ကို ကြည့်နေရင်းကို အလိုလို ပျော်နေမိတာမျိုးက ချစ်တဲ့စိတ်ကြောင့် ဖြစ်ပါတယ် …။
နားလည်နိုင်လို့…
လူတိုင်းက မပြည့်စုံပါဘူး။ အားနည်းချက်ကိုယ်စီ ရှိတတ်ကြပါတယ်။ လူ့သဘာဝအရတော့ အားနည်းချက်ရှိတာကို မကြိုက်တတ်ပါဘူး။ဒါကြောင့် အားနည်းချက်ကို မြင်လို့ ပျော်ရွှင်မှုတော့ မဖြစ်နိုင်ပါဘူး …။ဒါပေမဲ့ ချစ်မိတဲ့အခါမှာတော့ အားနည်းချက်တွေကိုလည်း နားလည်ပေးနိုင်သွားပါတယ်။
သူ့ရဲ့ ပုံစံအတိုင်း လက်ခံပေးနိုင်လာပါတယ်။ ဒီတော့ နားလည်နိုင်တဲ့ အချစ်စိတ်ရှိတာကြောင့် ပိုပြီး ပျော်ရွှင်မှုတွေကို ဖန်တီးလို့ ရနိုင်သွားပါတယ် …။
အတူရှိရလို့…
ချစ်ရတဲ့သူနဲ့ အတူရှိခြင်းကလည်း ပျော်ရွှင်မှု တစ်ခုဆိုတာကို ချစ်မိသူတိုင်း သိကြမယ် ထင်ပါတယ်။ ကိုယ်က ချစ်ရသူက ကိုယ့်ပြန်ချစ်တဲ့အခါ ပျော်ရွှင်ရသလိုကိုယ်ချစ်ရတဲ့သူက သူ့ရဲ့ အချိန်တစ်ချို့ကို ကိုယ်နဲ့အတူ ဖြတ်သန်းပေးတာကလည်း ကိုယ့်အတွက် ပျော်ရွှင်မှု တစ်ခုပဲ ဖြစ်ပါတယ် …။
အမှတ်တရတွေကြောင့်…
ဘဝမှာ အမှတ်တရမျိုးစုံ ရှိတတ်ပါတယ်။ ချစ်သူနဲ့ ရှိထားတဲ့အမှတ်တရလောက် ပျော်ရွှင်စရာကောင်းတာ ရှိမယ် မထင်ပါဘူး။ နှစ်ယောက်ပဲ သိတဲ့အမှတ်တရလေးတွေကို တိုက်ဆိုင်တိုင်း သတိရတတ်သလို ပြန်တွေးမိတိုင်းလည်း သတိရတတ်ပါတယ်။ သတိရတိုင်းလည်း ပျော်ရွှင်မှုကို ခံစားရစေပါတယ်။
ဒါကြောင့် ချစ်သူတွေ အမှတ်တရတွေ များများရှိလေ ပိုပျော်စရာ ဖြစ်လေပါပဲ …။
အနာဂတ််က အသက််ဝင်လာလို့…
ကိုယ့်ရဲ့ ရှေ့သွားမယ့် အနာဂတ်ခရီးလမ်းမှာ သူပါ ပါလာတာမျိုးပါ။ ကိုယ်က ဘာလုပ်မယ် သူက ဘာလုပ််မယ်ဆိုတာမျိုးဆိုတာမျိုးကို တူတူတွဲပြီးစဉ်းစားလာတာလည်း အချစ်စိတ်ကြောင့်ပဲ ဖြစ်ပါတယ်။ ဘဝနှစ်ခုကို ရောယှက်ဖို့ ကြံြ့ပီး အနာဂတ်တွေက အသက်ဝင်လာတယ်လို့ ခံစားရလာ ကြပါတယ် …။
ဒါကြောင့် ချစ်မိတဲ့အခါ အခုလိုတွေ တွေးထားကြပြီး ပျော်ရွှင်ကြရပါတယ်။ချစ်မိလာတဲ့အခါ သူနဲ့ ပတ်သတ်သမျှက လှပလာတယ်လို့ ခံစားရတာကြောင့်ပျော်ရွှင်မှုတွေ ဖြစ်နေစေတာပါ။ အားလုံးပဲ ချစ်ခြင်းဖြင့် ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် …။ ။