လမ္းမွာ ေတြ႕တဲ့သူ ရပ္ခိုင္းၿပီးဖုန္းေတြ စစ္တယ္လို႔သတင္းေတြၾကားတယ္ဗ်၊
အဲ့ဒါ ေစာက္ျပသနာအႀကီးႀကီးရွိတယ္၊ (ဖုန္းထဲက အခ်က္အလက္ေပၚမူတည္ၿပီး တပ္ခ်င္တဲ့ ပုဒ္မတပ္လို႔ရသြားၿပီ)
ဥပေဒႏွင့္အညီေတြဘာေတြ အယုံအၾကည္မရွိေတာ့ေပမယ့္ လိုအပ္လိုလိုအပ္ျငား လုပ္ထုံးလုပ္နည္းအတိုင္း အႀကံေပးပါ့မယ္။
လုပ္ရမွာကေတာ့
၁။ ဖုန္းကို pattern lock ခ်ထားပါ , face id ေတြ လက္ေဗြေတြ မလုပ္ထားပါနဲ႔ ၊
၂။ ျဖစ္ႏိုင္ရင္ data ေတြကို cloud မွာပဲ ထားပါ ၊ (လိုအပ္ရင္ အျမန္ဖ်က္ႏိုင္ေအာင္လို႔)
၃၊ facebook account ကို app ဖ်က္ၿပီး browser နဲ႔ သုံးပါ၊
၄၊ ဖုန္းလာသိမ္းရင္ လုံးဝမေပးပါနဲ႔၊ (လုံၿခဳံေရးအရ စစ္ေဆးတာဘာညာဆိုလည္း ကိုယ့္privacyအရ ဖြင့္မေပးႏိုင္ေၾကာင္းရယ္၊ သိမ္းခ်င္ရင္ ဥပေဒနဲ႔အညီရွာေဖြပုံစံနဲ႔ သိမ္းရင္ ဖုန္းအပ္ေပးမယ္လို႔သာ ေျပာလိုက္ပါ)
အဲ့လိုအခ်ိန္မွာ ဖုန္းထဲက အခ်က္အလက္ေတြ ရေအာင္ဖ်က္ပါ။Pattern လည္း လုံးဝဖြင့္မေပးပါနဲ႔၊
တကယ္လို႔ ဖြင့္ခိုင္းမယ္ဆို ဘာေၾကာင့္ဖြင့္ခိုင္းတာလဲေမးပါ၊ ဥပေဒအရ ျငင္းပိုင္ခြင့္ရွိတယ္၊ လုံးဝဖြင့္မေပးပါနဲ႔၊
၅၊ ဖုန္းဖြင့္ေပးလိုက္လို႔ facebook account စစ္ရင္ ခင္ဗ်ားနဲ႔ ပတ္သက္ဆက္စပ္သမွ်သူေတြလည္း မီးခိုးႂကြက္ေလွ်ာက္ ျပသနာရွိႏိုင္သလို၊ လိုက္ရလည္း လြယ္သြားႏိုင္ပါတယ္၊
၆၊ ဖုန္းကို factory reset အလြယ္ဆုံး အျမန္ဆုံး ႐ိုက္နည္းကို နီးစပ္ရာ နားလည္တဲ့သူေတြဆီေမးထားပါ၊
၇၊ factory reset႐ိုက္ထားလည္း ဖုန္းကို စစ္လို႔ရပါတယ္၊ ဒါေပမယ့္ ကိုယ့္တေယာက္အတြက္ပဲ ျပသနာရွိေတာ့မွာပါ၊(အေျခအေနေပၚၾကည့္ၿပီး လုပ္ပါ)
၈၊ အဓိကက facebook accountကို လုံးဝ အစစ္မခံပါနဲ႔ ၊ ကိုယ္ဘယ္ေလာက္လက္လြန္ထားလည္း ကိုယ့္ဖာသာကို သိပါတယ္ေနာ္။သိပ္လက္လြန္ထားတဲ့သူဆိုရင္ေတာ့ စိတ္ဆိုးေဒါသထြက္တဲ့ပုံစံနဲ႔ အဲ့နားတင္ လမ္းေပၚ႐ိုက္ခြဲပစ္လိုက္ပါ၊ ေရနဲ႔နီးရင္ ေရထဲသာလႊင့္ပစ္လိုက္ပါ၊
(အဲ့ေလာက္လုပ္႐ုံနဲ႔ သူတို႔ အေရးယူလို႔မရပါဘူး၊ ယူဦးေတာ့ ဖုန္းဖြင့္ေပးလိုက္တာထက္ အမ်ားႀကီးသက္သာပါတယ္ )
၉၊ facebook account password ကို strong ျဖစ္ေအာင္ေျပာင္းပါ ၊ two factor authentication လုပ္ထားရင္ ဖုန္းနံပတ္နဲ႔ မလုပ္ပါနဲ႔ ၊
၁၀၊ တကယ္ေတာ့ ဖုန္းေတြကို သိမ္းၿပီးရင္ သူတို႔က တန္းမစစ္ပါဘူး၊ သက္ဆိုင္ရာဌာနကို ပို႔စစ္တာပါ၊
အဲ့မွာက ဒီစစ္တဲ့အခ်က္အလက္ေပၚမူတည္ၿပီးမွ အမႈတည္ေဆာက္ရတာပါ၊ အဲ့ေတာ့ လြယ္လြယ္ေလး ဖုန္းကိုဖြင့္မျပလိုက္ပါနဲ႔၊
(ဒါက လူ႔အခြင့္အေရးကို ေျပာင္ေျပာင္တင္းတင္းခ်ိဳးေဖာက္တာပါ)
အေရးေပၚေရးလိုက္တာမို႔ က်န္တာစဥ္းစားၿပီး ထပ္ျဖည့္ေပးပါ့မယ္၊
Unicode version
လမ်းမှာ တွေ့တဲ့သူ ရပ်ခိုင်းပြီးဖုန်းတွေ စစ်တယ်လို့သတင်းတွေကြားတယ်ဗျ၊
အဲ့ဒါ စောက်ပြသနာအကြီးကြီးရှိတယ်၊ (ဖုန်းထဲက အချက်အလက်ပေါ်မူတည်ပြီး တပ်ချင်တဲ့ ပုဒ်မတပ်လို့ရသွားပြီ)
ဥပဒေနှင့်အညီတွေဘာတွေ အယုံအကြည်မရှိတော့ပေမယ့် လိုအပ်လိုလိုအပ်ငြား လုပ်ထုံးလုပ်နည်းအတိုင်း အကြံပေးပါ့မယ်။
လုပ်ရမှာကတော့
၁။ ဖုန်းကို pattern lock ချထားပါ , face id တွေ လက်ဗွေတွေ မလုပ်ထားပါနဲ့ ၊
၂။ ဖြစ်နိုင်ရင် data တွေကို cloud မှာပဲ ထားပါ ၊ (လိုအပ်ရင် အမြန်ဖျက်နိုင်အောင်လို့)
၃၊ facebook account ကို app ဖျက်ပြီး browser နဲ့ သုံးပါ၊
၄၊ ဖုန်းလာသိမ်းရင် လုံးဝမပေးပါနဲ့၊ (လုံခြုံရေးအရ စစ်ဆေးတာဘာညာဆိုလည်း ကိုယ့်privacyအရ ဖွင့်မပေးနိုင်ကြောင်းရယ်၊ သိမ်းချင်ရင် ဥပဒေနဲ့အညီရှာဖွေပုံစံနဲ့ သိမ်းရင် ဖုန်းအပ်ပေးမယ်လို့သာ ပြောလိုက်ပါ)
အဲ့လိုအချိန်မှာ ဖုန်းထဲက အချက်အလက်တွေ ရအောင်ဖျက်ပါ။Pattern လည်း လုံးဝဖွင့်မပေးပါနဲ့၊
တကယ်လို့ ဖွင့်ခိုင်းမယ်ဆို ဘာကြောင့်ဖွင့်ခိုင်းတာလဲမေးပါ၊ ဥပဒေအရ ငြင်းပိုင်ခွင့်ရှိတယ်၊ လုံးဝဖွင့်မပေးပါနဲ့၊
၅၊ ဖုန်းဖွင့်ပေးလိုက်လို့ facebook account စစ်ရင် ခင်ဗျားနဲ့ ပတ်သက်ဆက်စပ်သမျှသူတွေလည်း မီးခိုးကြွက်လျှောက် ပြသနာရှိနိုင်သလို၊ လိုက်ရလည်း လွယ်သွားနိုင်ပါတယ်၊
၆၊ ဖုန်းကို factory reset အလွယ်ဆုံး အမြန်ဆုံး ရိုက်နည်းကို နီးစပ်ရာ နားလည်တဲ့သူတွေဆီမေးထားပါ၊
၇၊ factory resetရိုက်ထားလည်း ဖုန်းကို စစ်လို့ရပါတယ်၊ ဒါပေမယ့် ကိုယ့်တယောက်အတွက်ပဲ ပြသနာရှိတော့မှာပါ၊(အခြေအနေပေါ်ကြည့်ပြီး လုပ်ပါ)
၈၊ အဓိကက facebook accountကို လုံးဝ အစစ်မခံပါနဲ့ ၊ ကိုယ်ဘယ်လောက်လက်လွန်ထားလည်း ကိုယ့်ဖာသာကို သိပါတယ်နော်။သိပ်လက်လွန်ထားတဲ့သူဆိုရင်တော့ စိတ်ဆိုးဒေါသထွက်တဲ့ပုံစံနဲ့ အဲ့နားတင် လမ်းပေါ်ရိုက်ခွဲပစ်လိုက်ပါ၊ ရေနဲ့နီးရင် ရေထဲသာလွှင့်ပစ်လိုက်ပါ၊
(အဲ့လောက်လုပ်ရုံနဲ့ သူတို့ အရေးယူလို့မရပါဘူး၊ ယူဦးတော့ ဖုန်းဖွင့်ပေးလိုက်တာထက် အများကြီးသက်သာပါတယ် )
၉၊ facebook account password ကို strong ဖြစ်အောင်ပြောင်းပါ ၊ two factor authentication လုပ်ထားရင် ဖုန်းနံပတ်နဲ့ မလုပ်ပါနဲ့ ၊
၁၀၊ တကယ်တော့ ဖုန်းတွေကို သိမ်းပြီးရင် သူတို့က တန်းမစစ်ပါဘူး၊ သက်ဆိုင်ရာဌာနကို ပို့စစ်တာပါ၊
အဲ့မှာက ဒီစစ်တဲ့အချက်အလက်ပေါ်မူတည်ပြီးမှ အမှုတည်ဆောက်ရတာပါ၊ အဲ့တော့ လွယ်လွယ်လေး ဖုန်းကိုဖွင့်မပြလိုက်ပါနဲ့၊
(ဒါက လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာပါ)
အရေးပေါ်ရေးလိုက်တာမို့ ကျန်တာစဉ်းစားပြီး ထပ်ဖြည့်ပေးပါ့မယ်၊