အခ်စ္နွင့္ဘဝ
ဒီလိုချစ်သူမျိုးက သင်ကိုဆုံးရှုံးရမှာကြောက်လို့ တွေးပူနေတတ်တဲ့ ချစ်သူမျိုးပါ…
သင်ကို အရမ်းချစ်ပြီး သင်ဘာပဲလုပ်လုပ် အမြဲစောင့်ကြည့်နေတဲ့ ချစ်သူမျိုး ရှိနေပြီလား…?
Credit
Unicode Version
ဒီလိုချစ်သူမျိုးက သင်ကိုဆုံးရှုံးရမှာကြောက်လို့ တွေးပူနေတတ်တဲ့ ချစ်သူမျိုးပါ…
သင်ကို အရမ်းချစ်ပြီး သင်ဘာပဲလုပ်လုပ် အမြဲစောင့်ကြည့်နေတဲ့ ချစ်သူမျိုး ရှိနေပြိီလား…?
တကယ်လို့ ရှိနေပြီး ဆိုရင်တော့ သူ့ကိုနားလည်ပေးလိုက်ပါ။ သင့်ကို အဆုံးရှုံးမခံနိုင်လောက်အောင်ကိုချစ်လို့ ဒီလိုတွေ စိတ်ပူနေတတ်တာပါ။
အဲ့လို သင့်အတွက်ကိုပဲ တွေးပူနေတတ်တဲ့ ချစ်သူရှိနေပြီဆိုရင် သူ့ကို အဆုံးရှုံး မခံလိုက်ပါနဲ့နော် …။
ဒီလိုချစ်သူမျိုးက သင်ကို ဆုံးရှုံးရမှာကြောက်လို့ တွေးပူနေတတ်တဲ့ ချစ်သူမျိုးပါ …။
(၁) သူနဲ့မဆိုင်တဲ့ status လေးတစ်ခု တင်မိလိုက်တာနဲ့ ဘယ်သူနဲ့ ဘာဖြစ်လို့လဲ၊ သူကျတော့ဘာလို့မပြောတာ လဲဆိုပြီး ပြာပြာသလဲ ဖြစ်သွားတတ်တဲ့ ချစ်သူမျိုး …၊
(၂) ဖေ့ဘွတ်ပေါ်မှာ သင်တင်မယ့် ဓာတ်ပုံ တစ်ပုံနဲ့ပတ်သက်ပြီး ဒါမတင်နဲ့ မကြိုက်ဘူးလို့ ပြောတတ်တဲ့ ချစ်သူမျိုး …၊
နောက်ဆုံး သူတင်ခိုင်း လိုက်တဲ့ ဓာတ်ပုံတွေက မလှတဲ့ ပုံတွေ ချည်းပါပဲ …။
(၃) သင်အပြင် ထွက်ပြီး ဆိုတာနဲ့ ဘာဝတ်သွားတာလဲ၊ ဘယ်သူတွေ နဲ့လဲ၊ ဘယ်ကိုသွားမှာလဲ ဆိုတာတွေ အားလုံးကို အစီရင် တင်သွားခိုင်း တတ်တဲ့ ချစ်သူမျိုး …၊
အတိုတွေဝတ် သွားမိရင် ပြောလို့ကို မဆုံးနိုင်လောက်အောင် ရစ် ပါလိမ့်မယ် …။
(၄) အပြင်ရောက်နေပြီး ဆိုတာနဲ့ ဖုန်းတွေ ခဏခဏဆက် တတ်တဲ့ ချစ်သူမျိုး …၊ သင်သာ ဖုန်းတစ်ခါ မကိုင်လိုက် မိရင် ပြသနာ အကြီးကြီးတွေ ရှာတတ်တယ် …။
(၅) ဖေ့ဘွတ်မှာ သင်တစ်ယောက် တည်းပုံကိုပဲ အသဲတွေလာပေး ထားရင်လည်း ဒေါသတွေ ထွက်နေ တတ်တဲ့ ချစ်သူမျို း။ သူက ဘယ်သူလဲ ၊
ဘာလို့ အသဲတွေပေးနေရ တာလဲ ဆိုပြီး တပျစ်တောက်တောက် လိုက်မေးပြီး ဒေါသေ တွဖြစ်နေ တတ်ပါတယ်နော် …။
Credit