အခ်စ္နွင့္ဘဝ

စုံတွဲတွေက FA တွေကို လုံးဝမသိစေချင်တဲ့ RS ဖြစ်ရခြင်း ဒုက္ခ(၆)မျိုး

စုံတွဲတွေက FA တွေကို လုံးဝမသိစေချင်တဲ့ RS ဖြစ်ရခြင်း ဒုက္ခ(၆)မျိုး

RS တွေက သူတို့ရဲ့ RS Life က ဘယ်လိုသာယာတာ၊ FA တွေကလည်း သူတို့ကမှ ဘယ်လိုလွတ်လပ်တာဆိုပြီး အမြဲပြောကြလေ့ရှိပါတယ်။ သူတို့ကိုယ်သူတို့ ဘယ်လိုပဲပြောကြပေမယ့်လည်း Life တိုင်းကတော့ အားသာချက်၊ အားနည်းချက်တွေ ရှိစမြဲပါ။

ပျော်စရာရှိသလို ၊ ဝမ်းနည်းနာကျင် ရတာတွေလည်း ရှိတာပါပဲ။ အဲ့ဒါက RS , FA ဆိုတာတွေနဲ့ မဆိုင်ပါဘူး။ ဒါပေမယ့် ချစ်သူရှိတာ ဘဝက ဘယ်လောက်ပဲ သာယာတယ်လို့ ပြောပြော RS တွေအနေနဲ့ သူတို့ရဲ့ Life နဲ့ ပတ်သက်လို့ FA တွေ သိသွားမှာစိုးတဲ့ အရာတွေရှိပါတယ်။ FA တွေကို ပေးမသိချင်တဲ့ RS ဖြစ်ရခြင်းရဲ့ ဒုက္ခတွေကတော့ ဒီလိုတွေပါတဲ့။

(၁) စိတ်ကျဉ်းကျပ်လောက်အောင် သဝန်တို ခံနေရသလို ၊ ကိုယ်တိုင်လည်း အဲ့လိုမျိုး သဝန်တိုမိနေတယ်

RS ဖြစ်လာပြီဆိုတာနဲ့ ဒီပြဿနာက စ,ပါပြီ။ ဘယ်လောက်ပဲ သဘောထားကြီးတဲ့သူ jဖစ်ပါစေ၊ ချစ်တဲ့သူကို သဝန်မတိုဘူးဆိုတာ ရှိကို , မရှိပါဘူး။ အနည်းနဲ့ အများပဲ ကွာတာပါ။ တစ်ဖက်ကလည်း ကိုယ့်ကိုသဝန်တွေတို၊ ကိုယ်ကလည်းသူ့ကိုသဝန်တွေတိုနဲ့ တိုင်ပတ်နေကြပါတယ်။ လုံး၀ သဝန်မတိုဘူးဆိုရင်တော့ မဟုတ်သေးဘူး ထင်တယ်နော် 😛 ။

(၂) မပြောချင်လည်း ပြောနေရတယ်၊ နားမထောင်ချင်လည်း နားထောင်နေရတယ်

အရင်က သူတစ်ခုခု ဖြစ်နေတဲ့အခါ ကိုယ်တိုင်က စိတ်မကြည်ဘူးဆိုရင် မသိလိုက်မ သိဘာသာ နေလိုက်လို့ရပေမယ့် နှစ်ယောက်က သက်ဆိုင်မှုတစ်ခုရှိသွားပြီဆိုရင်တော့ ဒီလိုနေလို့မရတော့ပါဘူး။ သူ့ရဲ့ပျော်စရာ၊စိတ်ညစ်စရာ၊ ဘာညာသာရကာတွေကို နားထောင်ကိုထောင်ပေးရတော့မှာပါ။ အဲ့ဒီလိုပဲ စိတ်မကြည်လို့ စကားတွေလည်း ပြောမနေချင်ဘူး ဆိုပြီးလုပ်လို့မရပါဘူး။ အဲ့လိုလုပ်မှ ရှင်းရတဲ့ပြဿနာက အခုလောလောဆယ် စိတ်မကြည်မှုထက် အဆပေါင်းများစွာ ဆိုးရွားသွားနိုင်တယ် မဟုတ်လား။

 

(၃) အမြဲတမ်းညှိနှိုင်းနေရတယ်

ကိုယ့်ဘာကိုယ် တစ်ကိုယ်တည်းနေတုန်းက အကောင်း .. RS ဖြစ်တော့မှ အဝတ်အစားဝတ်တာက အစ၊ ဆံပင်ပုံစံအလယ်၊ night out ထွက်တာအဆုံး ညှိလို့နှိုင်းလို့ကို မပြီးတော့ပါဘူး။ ညှိနှိုင်းလို့လည်း တစ်ခါတည်းနဲ့ အဆင်ပြေသွားတယ်ဆိုတာ မရှိသလောက်ပဲတဲ့။

(၄) ဘာမဆို နှစ်ယောက်စာ စဉ်းစားနေရတယ်

အရင်က ကိုယ့်အတွက်ကိုယ်ပဲ စဉ်းစားခဲ့ရသမျှ RS ဖြစ်လာတဲ့အခါ ဘာမဆို ကိုယ့်အတွက်ရော သူ့အတွက်ပါ စဉ်းစားတတ်လာပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တာကအစ နှစ်ယောက်စာ စိတ်ပူနေရတာမျိုးတွေပေါ့။ ဒါတွေက သူ့အလိုလို ဖြစ်လာပြီး ငြင်းလို့မရတဲ့ ခံစားမှုတွေပါ။ ချစ်တတ်လို့ စိတ်ပူတတ်လာတယ်ပဲ ဆိုပါတော့။

(၅) ကိုယ့်ကိုယ်ကို ပြောင်းလဲရတယ်

ဘယ်သူမှခိုင်းလို့မဟုတ် အလိုလို ပြောင်းမိသွားတာလေးတွေရှိပါတယ်။ အဲ့ဒီလိုပြောင်းလဲသွားတဲ့အထဲမှာ သေးသေးမွှားမွှားလေးတွေကစ ကြီးကြီးမားမားတွေထိပါနိုင်ပါတယ်။လူတစ်ယောက်က ကိုယ်ချစ်ရတဲ့အခြားတစ်ယောက်ကို တွေ့လိုက်တဲ့အခါ ကိုယ့်ချစ်သူ အကြိုက်ကို မသိလိုက် မသိဘာသာပြောင်းလဲတတ်ကြပါတယ်။ အဲ့ဒါက ကိုယ်ချစ်ရတဲ့သူအတွက် အကောင်းဆုံးသူတစ်ယောက် ဖြစ်ချင်တဲ့စိတ်ကြောင့်လည်း ပါ,ပါတယ်။

(၆) လိမ်ပြောနေရတယ်

RS တွေဟာ လူလိမ်တွေလို့ မဆိုလိုပါဘူးနော်။ ဟိုတစ်ယောက်နဲ့ ချစ်နဲ့ဘယ်သူပိုလှလဲ ဆိုရင် အမြဲတမ်းချစ်ကပိုလှတာပေါ့လို့ ဖြေနေတာမျိုးပေါ့။ ဒါကတော့ ချစ်စရာ white lie လေးပါလို့ 😛 ။ RS တွေရဲ့ အလိမ်အညာလေးတွေဆိုတာ ပြဿနာဖြစ်ချင်လို့မဟုတ် ပြဿနာဖြစ်မှာစိုးလို့ လိမ်ကြတာမျိုးပါ။ သေချာတာကတော့ FA တွေက ဒါမျိုးတွေပြောစရာမလိုဘူးဆိုတာပါပဲ။

MAY THAZINHTOO

Zawgyi

စုံတြဲေတြက FA ေတြကို လုံးဝမသိေစခ်င္တဲ့ RS ျဖစ္ရျခင္း ဒုကၡ(၆)မ်ိဳး

RS ေတြက သူတို႔ရဲ႕ RS Life က ဘယ္လိုသာယာတာ၊ FA ေတြကလည္း သူတို႔ကမွ ဘယ္လိုလြတ္လပ္တာဆိုၿပီး အၿမဲေျပာၾကေလ့ရွိပါတယ္။ သူတို႔ကိုယ္သူတို႔ ဘယ္လိုပဲေျပာၾကေပမယ့္လည္း Life တိုင္းကေတာ့ အားသာခ်က္၊ အားနည္းခ်က္ေတြ ရွိစၿမဲပါ။

ေပ်ာ္စရာရွိသလို ၊ ဝမ္းနည္းနာက်င္ ရတာေတြလည္း ရွိတာပါပဲ။ အဲ့ဒါက RS , FA ဆိုတာေတြနဲ႔ မဆိုင္ပါဘူး။ ဒါေပမယ့္ ခ်စ္သူရွိတာ ဘဝက ဘယ္ေလာက္ပဲ သာယာတယ္လို႔ ေျပာေျပာ RS ေတြအေနနဲ႔ သူတို႔ရဲ႕ Life နဲ႔ ပတ္သက္လို႔ FA ေတြ သိသြားမွာစိုးတဲ့ အရာေတြရွိပါတယ္။ FA ေတြကို ေပးမသိခ်င္တဲ့ RS ျဖစ္ရျခင္းရဲ႕ ဒုကၡေတြကေတာ့ ဒီလိုေတြပါတဲ့။

(၁) စိတ္က်ဥ္းက်ပ္ေလာက္ေအာင္ သဝန္တို ခံေနရသလို ၊ ကိုယ္တိုင္လည္း အဲ့လိုမ်ိဳး သဝန္တိုမိေနတယ္

RS ျဖစ္လာၿပီဆိုတာနဲ႔ ဒီျပႆနာက စ,ပါၿပီ။ ဘယ္ေလာက္ပဲ သေဘာထားႀကီးတဲ့သူ jဖစ္ပါေစ၊ ခ်စ္တဲ့သူကို သဝန္မတိုဘူးဆိုတာ ရွိကို , မရွိပါဘူး။ အနည္းနဲ႔ အမ်ားပဲ ကြာတာပါ။ တစ္ဖက္ကလည္း ကိုယ့္ကိုသဝန္ေတြတို၊ ကိုယ္ကလည္းသူ႔ကိုသဝန္ေတြတိုနဲ႔ တိုင္ပတ္ေနၾကပါတယ္။ လုံး၀ သဝန္မတိုဘူးဆိုရင္ေတာ့ မဟုတ္ေသးဘူး ထင္တယ္ေနာ္ 😛 ။

(၂) မေျပာခ်င္လည္း ေျပာေနရတယ္၊ နားမေထာင္ခ်င္လည္း နားေထာင္ေနရတယ္

အရင္က သူတစ္ခုခု ျဖစ္ေနတဲ့အခါ ကိုယ္တိုင္က စိတ္မၾကည္ဘူးဆိုရင္ မသိလိုက္မ သိဘာသာ ေနလိုက္လို႔ရေပမယ့္ ႏွစ္ေယာက္က သက္ဆိုင္မႈတစ္ခုရွိသြားၿပီဆိုရင္ေတာ့ ဒီလိုေနလို႔မရေတာ့ပါဘူး။ သူ႔ရဲ႕ေပ်ာ္စရာ၊စိတ္ညစ္စရာ၊ ဘာညာသာရကာေတြကို နားေထာင္ကိုေထာင္ေပးရေတာ့မွာပါ။ အဲ့ဒီလိုပဲ စိတ္မၾကည္လို႔ စကားေတြလည္း ေျပာမေနခ်င္ဘူး ဆိုၿပီးလုပ္လို႔မရပါဘူး။ အဲ့လိုလုပ္မွ ရွင္းရတဲ့ျပႆနာက အခုေလာေလာဆယ္ စိတ္မၾကည္မႈထက္ အဆေပါင္းမ်ားစြာ ဆိုး႐ြားသြားႏိုင္တယ္ မဟုတ္လား။

(၃) အၿမဲတမ္းညႇိႏႈိင္းေနရတယ္

ကိုယ့္ဘာကိုယ္ တစ္ကိုယ္တည္းေနတုန္းက အေကာင္း .. RS ျဖစ္ေတာ့မွ အဝတ္အစားဝတ္တာက အစ၊ ဆံပင္ပုံစံအလယ္၊ night out ထြက္တာအဆုံး ညႇိလို႔ႏႈိင္းလို႔ကို မၿပီးေတာ့ပါဘူး။ ညႇိႏႈိင္းလို႔လည္း တစ္ခါတည္းနဲ႔ အဆင္ေျပသြားတယ္ဆိုတာ မရွိသေလာက္ပဲတဲ့။

(၄) ဘာမဆို ႏွစ္ေယာက္စာ စဥ္းစားေနရတယ္

အရင္က ကိုယ့္အတြက္ကိုယ္ပဲ စဥ္းစားခဲ့ရသမွ် RS ျဖစ္လာတဲ့အခါ ဘာမဆို ကိုယ့္အတြက္ေရာ သူ႔အတြက္ပါ စဥ္းစားတတ္လာပါတယ္။ က်န္းမာေရးနဲ႔ ပတ္သက္တာကအစ ႏွစ္ေယာက္စာ စိတ္ပူေနရတာမ်ိဳးေတြေပါ့။ ဒါေတြက သူ႔အလိုလို ျဖစ္လာၿပီး ျငင္းလို႔မရတဲ့ ခံစားမႈေတြပါ။ ခ်စ္တတ္လို႔ စိတ္ပူတတ္လာတယ္ပဲ ဆိုပါေတာ့။

(၅) ကိုယ့္ကိုယ္ကို ေျပာင္းလဲရတယ္

ဘယ္သူမွခိုင္းလို႔မဟုတ္ အလိုလို ေျပာင္းမိသြားတာေလးေတြရွိပါတယ္။ အဲ့ဒီလိုေျပာင္းလဲသြားတဲ့အထဲမွာ ေသးေသးမႊားမႊားေလးေတြကစ ႀကီးႀကီးမားမားေတြထိပါႏိုင္ပါတယ္။လူတစ္ေယာက္က ကိုယ္ခ်စ္ရတဲ့အျခားတစ္ေယာက္ကို ေတြ႕လိုက္တဲ့အခါ ကိုယ့္ခ်စ္သူ အႀကိဳက္ကို မသိလိုက္ မသိဘာသာေျပာင္းလဲတတ္ၾကပါတယ္။ အဲ့ဒါက ကိုယ္ခ်စ္ရတဲ့သူအတြက္ အေကာင္းဆုံးသူတစ္ေယာက္ ျဖစ္ခ်င္တဲ့စိတ္ေၾကာင့္လည္း ပါ,ပါတယ္။

(၆) လိမ္ေျပာေနရတယ္

RS ေတြဟာ လူလိမ္ေတြလို႔ မဆိုလိုပါဘူးေနာ္။ ဟိုတစ္ေယာက္နဲ႔ ခ်စ္နဲ႔ဘယ္သူပိုလွလဲ ဆိုရင္ အၿမဲတမ္းခ်စ္ကပိုလွတာေပါ့လို႔ ေျဖေနတာမ်ိဳးေပါ့။ ဒါကေတာ့ ခ်စ္စရာ white lie ေလးပါလို႔ 😛 ။ RS ေတြရဲ႕ အလိမ္အညာေလးေတြဆိုတာ ျပႆနာျဖစ္ခ်င္လို႔မဟုတ္ ျပႆနာျဖစ္မွာစိုးလို႔ လိမ္ၾကတာမ်ိဳးပါ။ ေသခ်ာတာကေတာ့ FA ေတြက ဒါမ်ိဳးေတြေျပာစရာမလိုဘူးဆိုတာပါပဲ။

MAY THAZINHTOO