ဗဟုသုတ

သင် မနက်စာမစားဘဲ နေနေပြီလား ဒါဆို ဒီရောဂါတွေ ပိုဖြစ်နို်င်ပါတယ်

သင် မနက်စာမစားဘဲ နေနေပြီလား ဒါဆို ဒီရောဂါတွေ ပိုဖြစ်နို်င်ပါတယ်

မနက်စာ ကို ရှင်ဘုရင်လို စားသင့်တယ်ဆိုတဲ့ စကားလေး သင်ကြားဖူးမှာပါ။ ဒါပေမယ့် ပိန်ချင်လို့ အစားလျှော့တယ်၊ ရုံးသွား ကျောင်းသွားရမယ်ဆိုပြီး မအားလို့ မနက်စာကို မစားဖြစ်ကြတဲ့ သူတွေ အများကြီးပါ။တကယ်တော့ မနက်စာဆိုတာ သင်တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ အားအင်တွေကို ဖြည့်စွမ်းပေးနိုင်တဲ့ တစ်ခုတည်းသော အရာပါ။မနက်စာကို အလွတ်ခံလိုက်ရင် တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ အားအင်တွေလည်း ဆုံးရှုံးမယ့်အပြင် မနက်စာမစားခြင်းက တစ်ခြားကျန်းမာရေးအပေါ်မှာ သက်ရောက်တဲ့ မကောင်းတဲ့အချက်တွေလည်း ရှိပါသေးတယ်။ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။မနက်စာကို မစားဘဲနေရင် ဘာတွေ ဖြစ်နိုင်သလဲ ။ ။

အ စားတွေ ပိုစားဖြစ်တယ်။ ။

မနက်စာကို မစားဘဲနေလိုက်တာကြောင့် ကိုယ့်ကိုယ်ခန္ဓာရဲ့ စားသောက်မှု ပုံစံစည်းချက် မူမမှန်တော့မယ့်အပြင် ဦးနှောက်နဲ့ ကြွက်သားတို့ အလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ သွေးတွင်းသကြားဓာတ်လည်း နည်းနေမှာဖြစ်ပါတယ်။ဒီိလိုနဲ့ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ် တွေ ကမောက်ကမဖြစ်ပြီး လိုအပ်တဲ့ သကြားဓာတ်တွေ အတွက်ရော၊ မနက်စာအငတ်ခံထားလို့ သင့်ကိုသင်လည်း သနားပြီး နေ့လည်စာကို ပိုစားဖြစ်နေပါလိမ့်မယ် ။

မနက်စာမစားလို့ သင့်ကိုယ်အလေးချိန် ကျသွားမှာ မဟုတ်ပါဘူး။ ။

လေ့လာချက်တွေ အရတော့ မနက်စာ စားတဲ့သူတွေ ဟာ မစားတဲ့သူတွေထက်ပိုပိန်နေတာကို တွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ်စားတဲ့ မနက်စာထဲပါတဲ့ ပရိုတင်းနဲ့ အမျှင်ဓာတ်တွေက သင့်ကို တစ်နေ့လုံး ဆာလောင်ခြင်း ကင်းစေမှာဖြစ်ပါတယ်။ဒါကြောင့် မနက်စာလေး အလွတ်ခံလိုက်ရင် ငါတော့ပိန်သွားမှာပဲ ဆိုတဲ့ အတွေးဟာ မှားနေပါတယ်။

နှလုံးရောဂါ ဖြစ်နေခြေ ပိုများတယ်။ ။

ညဘက် အိပ်တဲ့အချိန်ရယ် မနက်စာ မစားတဲ့အချိန်ရယ် ပေါင်းလိုက်လို့ ၁၂ နာရီကျော်သွားပြီဆိုရင် သ့င့်ကိုယ်ခန္ဓာအတွင်းက အစာကို တောင့်တနေပါလိမ့်မယ် ။ဒါကို မနက်စာ အလွတ်ခံလိုက်မယ်ဆိုရင် ကိုယ်တွင်းဖိစီးမှုတွေတက်လာပြီး ဟော်မုန်း တွေလည်း အပြောင်းအလဲဖြစ်လာပါတယ်။ဒီလိုနဲ့ နှလုံးက ကြွက်သားတွေလည်း အလုပ်ပိုလုပ်ရလို့ မနက်စာ မစားတဲ့သူတွေဟာ နှလုံးရောဂါ ဖြစ်နို်င်ချေပိုများပါတယ်။

ဆီးချိုဖြစ်ဖို့ အလားအလာ ပိုများပါတယ်။ ။

မနက်စာ မစားဘဲနေတာ ကြာလာတော့ ကိုယ်တွင်း သကြားဓာတ် တွေလည်း ကမောက်ကမ ဖြစ်ကုန်တဲ့အပြင် နေ့ခင်းဘက် ကိုယ်အများကြီး စားလိုက်တဲ့အခါဝင်လာတဲ့ သကြားဓာတ် အလုံးအရင်းကို အင်ဆူလင် က မထိန်းနို်င်တော့ ဆီးချို အမျိုးအစား ၂ ဖြစ်နိုင်ချေ အလားအလာပိုများသွားပါပြီ။

မှတ်ဉာဏ်စွမ်းရည်လည်း ကျဆင်းလာပါတယ်။ ။

အိပ်ပြီးပြန်ထလာတဲ့အချိန်ဆို ပထမဆုံး အလုပ်လုပ်ရတာ ဦးနှောက်ပါပဲ။ သူ အလုပ်တွေ အများကြီးလုပ်နိုင်ဖို့အတွက် သွေးတွင်းသကြားတွေ အလုံအလောက်ရှိနေမှ ရမှာပါ။ဒါကို ကိုယ်က မနက်စာ မစားဘဲနေလိုက်တဲ့အခါ သွေးတွင်းသကြားဓာတ်တွေ ကမောက်ကမဖြစ်ပြီး ဦးနှောက် အတွက်လိုအပ်တဲ့ အာဟာရတွေ မရနိုင်တော့လို့မနက်စာ မစားတာကြာလာရင် သင့်ဦးနှောက် မှတ်ဉာဏ်ပိုင်းမှာရော၊ အာရုံစူးစိုက်မှု အပိုင်းမှာရော ကျဆင်းလာမှာပါ။

အားမရှိသလို ခံစားနေရပြီး ဗိုက်လည်း ခဏခဏ ဆာနေပါလိမ့်မယ်။ ။

တစ်နေ့တာ အတွက် လိုအပ်တဲ့ အားအင်တွေကို အပြည့်အဝပေးနိုင်တာ မနက်စာပါ။ ဒါကို မစားဘဲနေလိုက်တဲ့အခါကျ တစ်နေ့လုံး အားမရှိသလိုခံစားနေရပြီး နုန်းနေပါလိမ့််မယ်။မနက်စာ မစားထားတော့ ဗိုက်ထဲလည်း ဟာတာတာဖြစ်နေပြီး အချိန်ရှိတိုင်း ဗိုက်ဆာသလို ဖြစ်နေတော့မှာပါ။

စိတ်ဖိစီးမှုကိုလည်း များစေပါတယ်။

မနက်စားမစားတဲ့လူတွေ မှာ cortisol လို့ ခေါ်တဲ့ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတစ်မျိုးပိုထွက်ပါတယ်။ ဒီိလိုနဲ့ မနက်စာ မစားလေလေ cortisol ပိုထွက်လေလေဖြစ်ပြီး စိ်တ်ဖိစီးမှုလည်း များလေလေပါပဲ ။ကဲ ဒီတော့ မနက်စာ စားဖြစ်ဆိုတာ သိပ်ကို အရေးကြီးကြောင်း သိသွားလောက်ကြပါပြီ။မစားတာကြာလေလေ ကျန်းမာရေးကို ထိခိုက်ဖို့ အလားအလာများလေလေဆိုတဲ့အတွက် နေ့တစ်နေ့ရဲ့ ပထမဦးဆုံး မနက်စာကို ရှင်ဘုရင်လို စားလိုက်ကြရအောင် ။ ။

လေးစားစွာဖြင့်Credit:Hellosayarwon

သင္ မနက္စာမစားဘဲ ေနေနျပီလား ဒါဆို ဒီေရာဂါေတြ ပိုျဖစ္ႏုိ္င္ပါတယ္

မနက္စာ ကို ရွင္ဘုရင္လို စားသင့္တယ္ဆိုတဲ့ စကားေလး သင္ၾကားဖူးမွာပါ။ ဒါေပမယ့္ ပိန္ခ်င္လို႕ အစားေလွ်ာ့တယ္၊ ရံုးသြား ေက်ာင္းသြားရမယ္ဆိုျပီး မအားလို႕ မနက္စာကို မစားျဖစ္ၾကတဲ့ သူေတြ အမ်ားၾကီးပါ။တကယ္ေတာ့ မနက္စာဆိုတာ သင္တစ္ေန႕တာလံုးအတြက္ လိုအပ္တဲ့ အားအင္ေတြကို ျဖည့္စြမ္းေပးႏုိင္တဲ့ တစ္ခုတည္းေသာ အရာပါ။မနက္စာကို အလြတ္ခံလိုက္ရင္ တစ္ေန႔တာလံုးအတြက္ လုိအပ္တဲ့ အားအင္ေတြလည္း ဆံုးရႈံးမယ့္အျပင္ မနက္စာမစားျခင္းက တစ္ျခားက်န္းမာေရးအေပၚမွာ သက္ေရာက္တဲ့ မေကာင္းတဲ့အခ်က္ေတြလည္း ရွိပါေသးတယ္။ဘာေတြလဲဆိုတာ ဆက္ၾကည့္ရေအာင္ ။မနက္စာကို မစားဘဲေနရင္ ဘာေတြ ျဖစ္ႏိုင္သလဲ ။ ။

အ စားေတြ ပုိစားျဖစ္တယ္။ ။

မနက္စာကုိ မစားဘဲေနလုိက္တာေၾကာင့္ ကိုယ့္ကိုယ္ခႏၶာရဲ႕ စားေသာက္မႈ ပံုစံစည္းခ်က္ မူမမွန္ေတာ့မယ့္အျပင္ ဦးေႏွာက္နဲ႔ ၾကြက္သားတုိ႕ အလုပ္လုပ္ဖို႕အတြက္ လိုအပ္တဲ့ ေသြးတြင္းသၾကားဓာတ္လည္း နည္းေနမွာျဖစ္ပါတယ္။ဒီိလုိနဲ႔ ကိုယ္တြင္းဇီဝကမၼျဖစ္စဥ္ ေတြ ကေမာက္ကမျဖစ္ျပီး လိုအပ္တဲ့ သၾကားဓာတ္ေတြ အတြက္ေရာ၊ မနက္စာအငတ္ခံထားလို႕ သင့္ကိုသင္လည္း သနားျပီး ေန႔လည္စာကို ပိုစားျဖစ္ေနပါလိမ့္မယ္ ။

မနက္စာမစားလို႕ သင့္ကိုယ္အေလးခိ်န္ က်သြားမွာ မဟုတ္ပါဘူး။ ။

ေလ့လာခ်က္ေတြ အရေတာ့ မနက္စာ စားတဲ့သူေတြ ဟာ မစားတဲ့သူေတြထက္ပိုပိန္ေနတာကို ေတြ႕ရပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ ကိုယ္စားတဲ့ မနက္စာထဲပါတဲ့ ပရိုတင္းနဲ႔ အမွ်င္ဓာတ္ေတြက သင့္ကို တစ္ေန႕လံုး ဆာေလာင္ျခင္း ကင္းေစမွာျဖစ္ပါတယ္။ဒါေၾကာင့္ မနက္စာေလး အလြတ္ခံလိုက္ရင္ ငါေတာ့ပိန္သြားမွာပဲ ဆုိတဲ့ အေတြးဟာ မွားေနပါတယ္။

ႏွလံုးေရာဂါ ျဖစ္ေနေျခ ပိုမ်ားတယ္။ ။

ညဘက္ အိပ္တဲ့အခ်ိန္ရယ္ မနက္စာ မစားတဲ့အခ်ိန္ရယ္ ေပါင္းလိုက္လို႕ ၁၂ နာရီေက်ာ္သြားျပီဆုိရင္ သ့င့္ကိုယ္ခႏၶာအတြင္းက အစာကို ေတာင့္တေနပါလိမ့္မယ္ ။ဒါကို မနက္စာ အလြတ္ခံလိုက္မယ္ဆိုရင္ ကိုယ္တြင္းဖိစီးမႈေတြတက္လာျပီး ေဟာ္မုန္း ေတြလည္း အေျပာင္းအလဲျဖစ္လာပါတယ္။ဒီလိုနဲ႔ ႏွလံုးက ၾကြက္သားေတြလည္း အလုပ္ပိုလုပ္ရလို႕ မနက္စာ မစားတဲ့သူေတြဟာ ႏွလံုးေရာဂါ ျဖစ္ႏုိ္င္ေခ်ပိုမ်ားပါတယ္။

ဆီးခ်ိဳျဖစ္ဖို႕ အလားအလာ ပိုမ်ားပါတယ္။ ။

မနက္စာ မစားဘဲေနတာ ၾကာလာေတာ့ ကိုယ္တြင္း သၾကားဓာတ္ ေတြလည္း ကေမာက္ကမ ျဖစ္ကုန္တဲ့အျပင္ ေန႕ခင္းဘက္ ကိုယ္အမ်ားၾကီး စားလုိက္တဲ့အခါဝင္လာတဲ့ သၾကားဓာတ္ အလံုးအရင္းကို အင္ဆူလင္ က မထိန္းႏုိ္င္ေတာ့ ဆီးခ်ိဳ အမ်ိဳးအစား ၂ ျဖစ္ႏုိင္ေခ် အလားအလာပိုမ်ားသြားပါျပီ။

မွတ္ဉာဏ္စြမ္းရည္လည္း က်ဆင္းလာပါတယ္။ ။

အိပ္ျပီးျပန္ထလာတဲ့အခ်ိန္ဆို ပထမဆံုး အလုပ္လုပ္ရတာ ဦးေႏွာက္ပါပဲ။ သူ အလုပ္ေတြ အမ်ားၾကီးလုပ္ႏုိင္ဖို႕အတြက္ ေသြးတြင္းသၾကားေတြ အလံုအေလာက္ရွိေနမွ ရမွာပါ။ဒါကို ကိုယ္က မနက္စာ မစားဘဲေနလိုက္တဲ့အခါ ေသြးတြင္းသၾကားဓာတ္ေတြ ကေမာက္ကမျဖစ္ျပီး ဦးေႏွာက္ အတြက္လိုအပ္တဲ့ အာဟာရေတြ မရႏုိင္ေတာ့လို႕မနက္စာ မစားတာၾကာလာရင္ သင့္ဦးေႏွာက္ မွတ္ဉာဏ္ပိုင္းမွာေရာ၊ အာရံုစူးစိုက္မႈ အပိုင္းမွာေရာ က်ဆင္းလာမွာပါ။

အားမရွိသလို ခံစားေနရျပီး ဗိုက္လည္း ခဏခဏ ဆာေနပါလိမ့္မယ္။ ။

တစ္ေန႕တာ အတြက္ လိုအပ္တဲ့ အားအင္ေတြကို အျပည့္အဝေပးႏုိင္တာ မနက္စာပါ။ ဒါကို မစားဘဲေနလိုက္တဲ့အခါက် တစ္ေန႔လံုး အားမရိွသလိုခံစားေနရျပီး ႏုန္းေနပါလိမ့္္မယ္။မနက္စာ မစားထားေတာ့ ဗိုက္ထဲလည္း ဟာတာတာျဖစ္ေနျပီး အခ်ိန္ရွိတိုင္း ဗိုက္ဆာသလို ျဖစ္ေနေတာ့မွာပါ။

စိတ္ဖိစီးမႈကုိလည္း မ်ားေစပါတယ္။

မနက္စားမစားတဲ့လူေတြ မွာ cortisol လို႕ ေခၚတဲ့ စိတ္ဖိစီးမႈကို ျဖစ္ေစတဲ့ ေဟာ္မုန္းတစ္မ်ိဳးပိုထြက္ပါတယ္။ ဒီိလိုန႔ဲ မနက္စာ မစားေလေလ cortisol ပိုထြက္ေလေလျဖစ္ျပီး စိ္တ္ဖိစီးမႈလည္း မ်ားေလေလပါပဲ ။ကဲ ဒီေတာ့ မနက္စာ စားျဖစ္ဆုိတာ သိပ္ကို အေရးၾကီးေၾကာင္း သိသြားေလာက္ၾကပါျပီ။မစားတာၾကာေလေလ က်န္းမာေရးကို ထိခိုက္ဖို႕ အလားအလာမ်ားေလေလဆိုတဲ့အတြက္ ေန႔တစ္ေန႔ရဲ႕ ပထမဦးဆံုး မနက္စာကို ရွင္ဘုရင္လို စားလိုက္ၾကရေအာင္ ။ ။

ေလးစားစြာျဖင့္Credit:Hellosayarwon