ဒီမေးခွန်းတွေထဲက ၆ ခုလောက်ဖြေနိုင်ရင် သင်က လှည့်စားရ ခက်တဲ့လူတစ်ယောက်ဆိုတာ လက်ခံလိုက်ပြီနော်… ဖြေကြည့်လိုက်တော့
(၁) ဘိုဘို့အဖေမှာ ကလေး ၄ ယောက်ရှိတယ်။ အဲ့ဒီကလေး ၄ ယောက်က မိုမိုရယ်၊ မွန်မွန်ရယ်၊ မီမီရယ် ဆိုရင်စတုတ္ထကလေးက ဘယ်သူလဲ?
(၂) ဦးမောင်ရဲ့ဒေါင်းက ဦးလှရဲ့ခြံထဲမှာ ဥသွားဥတယ်ဆို အဲ့ဒီဥတွေကို ဘယ်သူပိုင်သလဲ?
(၃) လျှပ်စစ်ရထားက မြောက်အရပ်ကို ၁ နာရီမှာ ၁၀၀ မိုင် ခုတ်မောင်းနေပါတယ်။ လေက အရှေ့အရပ်ကို ၁ နာရီမှာ ၁၀ မိုင်တိုက်နေတယ်ဆို ရထားရဲ့မီးခိုးတွေက ဘယ်အရပ်ကိုထွက်မှာလဲ?
(၄) ကုန်တင်ကားမောင်းတဲ့လူက တစ်လမ်းမောင်း ယာဉ်ကြောကို လမ်းပြောင်းပြန်သွားမိပေမဲ့ အဲ့မှာရှိတဲ့ ရဲတွေက သူ့ကိုမဖမ်းပါဘူး။ ဘာလို့မဖမ်းတာလဲ?
(၅) လူတစ်ယောက်က မိုးရေထဲမှာ ဘာအကာအကွယ်မှမပါပဲလျှောက်သွားနေပေမဲ့ သူ့ခေါင်းရော ဆံပင်ရော ရေမစိုပါဘူး။ ဘာလို့မစိုတာလဲ?
(၆) ၁၀၀ ထဲကနေ ၁၀ ကို ဘယ်နှစ်ကြိမ် နှုတ်ရမလဲ?
(၇) အဲဒီ့အရာမှာ သွားစိပ်လေးတွေရှိတယ်။ ဒါပေမဲ့ ဘာမှဝါးလို့မရဘူး။ အဲ့ဒါ ဘာလေးဖြစ်မလဲ?
(၈) Key တော့ Key ပဲ ဒါပေမဲ့ တံခါးတွေကို ဖွင့်လို့မရတဲ့ Key တွေကဘာလဲ?
(၉) ငါး ၁၂ ကောင်ထဲက ၆ ကောင်က ရေနစ်သွားရင် ဘယ်နှစ်ကောင် အသက်ရှင်မလဲ?
(၁၀) သင်က အနီရောင်ကျောက်ခဲကို အပြာရောင်ပင်လယ်ထဲ ပစ်လိုက်ရင် အဲ့ကျောက်ခဲဘာဖြစ်သွားမလဲ?
ကဲ…ဒီလောက်ဆိုရင်တော့ ခေါင်းစားရတာ ကျေနပ်လောက်ပြီ ထင်ပါတယ်။ အောက်မှာ အဖြေမှန်လေးတွေ ရေးပေးထားပါတယ်။ကိုယ့်အဖြေတွေနဲ့ တူရဲ့လားဆိုတာ စစ်ကြည့်လိုက်ပါဦး။ ပြီးရင် ဘယ်နှခုတောင် မှန်လဲဆိုတာ ပြန်ပြောပြခဲ့ဦးနော်။
(၁) အဖြေ – ဘိုဘို
(၂) အဖြေ – ဘယ်သူမှ မပိုင်ပါဘူး။ ဒေါင်းက ဥမဥပါဘူး။ အကောင်လေးတွေ မွေးတာပါ။
(၃) အဖြေ – မီးခိုးက ဘယ်အရပ်ကိုမှမထွက်ပါဘူး။ ဘာလို့လဲဆိုတော့ လျှပ်စစ်ရထားဖြစ်တဲ့အတွက် မီးခိုးမထွက်ပါဘူး။
(၄) အဖြေ – သူက ကုန်တင်ကားမပါပဲ လမ်းဘေးကနေ လမ်းလျှောက်သွားလို့ပါ။
(၅) အဖြေ – သူက ကတုံးနဲ့မို့လို့ပါ။
(၆) အဖြေ – ၁ ကြိမ်ထဲပါ။ နောက်တစ်ကြိမ်နှုတ်ရင် ၉၀ ထဲက နှုတ်ရမှာ မို့လို့ပါ။
(၇) အဖြေ – ခေါင်းဖြီးပါ။ သူ့မှာ သွားစိပ်လေးတွေရှိပေမဲ့ ဘာမှဝါးလို့မရပါဘူး။
(၈) အဖြေ – Monkey & Donkey
(၉) အဖြေ – ၁၂ ကောင်ပါပဲ။ ငါးတွေက ရေနေသတ္တဝါဖြစ်တဲ့အတွက် ရေမနစ်နိုင်ပါဘူး။
(၁၀) အဖြေ – ကျောက်ခဲက ပင်လယ်ထဲကို မြုပ်သွားပါလိမ့်မယ်။
credit to lotaya