ကျွန်မ မနေ့က ကလေးတွေကို စာစီစာကုံးတစ်ပုဒ်ရေးခိုင်းလိုက်သည်။ ခေါင်းစဉ်က ရိုးရိုးလေးဖြစ်ပါသည်။ “ဘဝတွင်အဖြစ်ချင်ဆုံးအရာ” ဆိုသည့် ခေါင်းစဉ်ဖြစ်သည်။
“ဆရာမ … ကိုယ်ဘာဖြစ်ချင်ချင် … ဖြစ်ချင်တာကို ရေးခဲ့လို့ရသလား” ကလေးတစ်ယောက်က ထမေးခြင်းဖြစ်သည်။
ကျွန်မက “ရတာပေါ့ကွ … ကိုယ်ဘာဖြစ်ချင်သလဲ ဖြစ်ချင်တာကို ရေးခဲ့လို့ရတယ်” ကလေးတွေ ပျော်သွားကြသည်။
တစ်ယောက်တစ်ခွန်း အော်ဟစ်ကာ ကျောင်းမှ ပြန်သွားကြသည်။ “ငါက နတ်သမီးလေးဖြစ်ချင်တယ်” “ငါက ဆရာဝန်ကြီး ဖြစ်ချင်တယ်”
“ငါက ဘတ်စ်ကားမောင်းမယ်”ကလေးတွေ တစ်ယောက်တစ်ခွန်းပြောသွားသည့် စကားသံများက ကြည်နူးစရာ ကောင်းလှသည်။
မနက်ဖြန် ဆိုလျှင် ကျွန်မ သူတို့ရင်ဘတ်လေးတွေထဲကို မြင်ရတော့မည်။ နောက်တစ်နေ့ ကျောင်းတွင် အခြားဘာသာရပ်များ စစ်ဆေးနေသဖြင့် သူတို့ရေးထားသော စာစီစာကုံးများကို မစစ်မိ။
ကျွန်မက သူတို့စာအုပ်လေးတွေကို အိမ်ယူလာပြီး စစ်ဆေးနေမိသည်။ ညဉ့်နက်သည်အထိ ကျွန်မ ခင်ပွန်းက မအိပ်နိုင်သေးပါ။
သူက ဖုန်းထဲကို စိုက်ကြည့်နေသည်။ သမီးကြီးနှင့် သားကြီးလည်း ထို့အတူဖြစ်သည်။
“မောင်” “ဘာလဲကွာ” “ဒီမှာ လာကြည့်စမ်းပါဦး” “နေပါကွာ … ဒီမှာ စာဖတ်နေတယ်”
“အဲဒါထားလိုက်ပါ … ကျွန်မ အတန်းက ကလေးတစ်ယောက် ရေးထားတဲ့ စာစီစာကုံး ကောင်းလွန်းလို့ လာဖတ်ကြည့်စမ်းပါအုံး။ နေပါဦးကွာ အရေးကြီးလို့ပါ။ … လာပါ … ဖတ်ကြည့်ပါဦး”
“ကဲ … မင်းပဲ ဖတ်ပြတော့။
ဒါဆိုနားထောင်” “ကျွန်တော့်ဘဝတွင် အဖြစ်ချင်ဆုံးအရာ” ကျွန်တော်သည် ဖုန်းလေးတစ်လုံး အလွန်ဖြစ်ချင်သည်။ ကျွန်တော့်အိမ်တွင် မိသားစုအားလုံး ပြန်ဆုံလျှင် ဖုန်းလေးတွေ ကိုယ်စီနှင့်ဖြစ်သည်။
ဖေဖေကလည်း ဖုန်းနှင့်၊ မေမေကလည်း ဖုန်းနှင့်၊ ကိုကိုကလည်း ဖုန်းနှင့်၊ မမကလည်းဖုန်းနှင့် မျက်နှာမခွာဖြစ်နေကြသည်။
ကျွန်တော်က ဖေဖေ့ကို စက်ရုပ်ကားလေးဝယ်ခိုင်းချင်နေသည်။ ဖေဖေ့ကို ပြောမည်ဟု ပြင်လိုက်သောအခါ လက်ကာပြသည်။
ဖေဖေက ဖုန်းထဲကို အာရုံစိုက်နေသည်။ မေမေ့ကို အင်္ကျီကြယ်သီးပြုတ်နေသည်ကို တပ်ခိုင်း ချင်သည်။
မေမေက ဖုန်းကိုကြည့်ရင်းက မနက်မှ တပ်ပေးမည်ဟုအော်သည်။ ကိုကိုကလည်း ဘောလုံးကန်ရန် သွားပြောသည့်အခါ ဖုန်းကိုကြည့်ပြီး ရယ်နေသည်။
မမကလည်း ထမင်းဆာပြီဟု ပြောရာ ဖုန်းကိုကြည့်ရင်း ခေါင်းခေါက်လွှတ်လိုက်သည်။သူတို့အားလုံး ဖုန်းကိုချစ်သည်။ ဖုန်းနှင့်မျက်နှာ မခွာနိုင်လောက်အောင်ဖြစ်နေကြသည်။
သူတို့က ကျွန်တော့် မျက်နှာထက် ဖုန်းမျက်နှာကိုကြည့်ပြီး ပြုံးနေကြသည်။ ထို့ကြောင့် ကျွန်တော့်ဘဝတွင် အဖြစ်ချင်ဆုံး အရာကို ပြောပါဆိုလျှင်
ဖုန်းလေးတစ်လုံးဖြစ်ချင်မိသည်။ သို့မှာသာ ကျွန်တော့်ကို သူတို့အားလုံး ဝိုင်းကြည့်မည်ထင် သည်။
“ဟယ်” ဖေဖေက ဖုန်းကို ချလိုက်သည်။ သမီးနှင့် သားကလည်း ဖုန်းကမျက်နှာကိုခွာပြီး ကျွန်မကိုကြည့်သည်။
“ကောင်းလိုက်တာ … မင်းအတန်းက ကလေး ဘယ်ဆိုးလို့လဲ တော်လိုက်တာ။ စာရေးတာ ညက်နေတာပဲ။
အဲဒီ ကလေးကို အမှတ်ကောင်းကောင်း ပေးလိုက်ပေါ့” ကျွန်မ ငိုချလိုက်မိသည်။ အားလုံးက ကျွန်မကို နားမလည်စွာဖြင့် ကြည့်နေကြသည်။
“အဲဒါ ဘယ်သူထင်လဲ … အဲဒါ ဘယ်သူလို့ ထင်လို့လဲ” “ဘယ်သူလဲ”
“ကျွန်မတို့ သားငယ်လေးရှင့် … သားငယ်လေးရေးထားတဲ့ စာစီစာကုံး” “ဟာ” သားငယ်လေးက ထိုင်ခုံပေါ်တွင် ကွေးကွေးလေး အိပ်ပျော်နေရှာသည်။
(I want to be a phone ကို ဆီလျော်အောင် ဘာသာပြန်ပါသည်)
Credit-တင်ညွန့်
Zawgyi
ကြၽန္မ မေန႔က ကေလးေတြကို စာစီစာကုံးတစ္ပုဒ္ေရးခိုင္းလိုက္သည္။ ေခါင္းစဥ္က ႐ိုး႐ိုးေလးျဖစ္ပါသည္။ “ဘဝတြင္အျဖစ္ခ်င္ဆုံးအရာ” ဆိုသည့္ ေခါင္းစဥ္ျဖစ္သည္။
“ဆရာမ … ကိုယ္ဘာျဖစ္ခ်င္ခ်င္ … ျဖစ္ခ်င္တာကို ေရးခဲ့လို႔ရသလား” ကေလးတစ္ေယာက္က ထေမးျခင္းျဖစ္သည္။
ကြၽန္မက “ရတာေပါ့ကြ … ကိုယ္ဘာျဖစ္ခ်င္သလဲ ျဖစ္ခ်င္တာကို ေရးခဲ့လို႔ရတယ္” ကေလးေတြ ေပ်ာ္သြားၾကသည္။
တစ္ေယာက္တစ္ခြန္း ေအာ္ဟစ္ကာ ေက်ာင္းမွ ျပန္သြားၾကသည္။ “ငါက နတ္သမီးေလးျဖစ္ခ်င္တယ္” “ငါက ဆရာဝန္ႀကီး ျဖစ္ခ်င္တယ္”
“ငါက ဘတ္စ္ကားေမာင္းမယ္”ကေလးေတြ တစ္ေယာက္တစ္ခြန္းေျပာသြားသည့္ စကားသံမ်ားက ၾကည္ႏူးစရာ ေကာင္းလွသည္။
မနက္ျဖန္ ဆိုလွ်င္ ကြၽန္မ သူတို႔ရင္ဘတ္ေလးေတြထဲကို ျမင္ရေတာ့မည္။ ေနာက္တစ္ေန႔ ေက်ာင္းတြင္ အျခားဘာသာရပ္မ်ား စစ္ေဆးေနသျဖင့္ သူတို႔ေရးထားေသာ စာစီစာကုံးမ်ားကို မစစ္မိ။
ကြၽန္မက သူတို႔စာအုပ္ေလးေတြကို အိမ္ယူလာၿပီး စစ္ေဆးေနမိသည္။ ညဥ့္နက္သည္အထိ ကြၽန္မ ခင္ပြန္းက မအိပ္ႏိုင္ေသးပါ။
သူက ဖုန္းထဲကို စိုက္ၾကည့္ေနသည္။ သမီးႀကီးႏွင့္ သားႀကီးလည္း ထို႔အတူျဖစ္သည္။
“ေမာင္” “ဘာလဲကြာ” “ဒီမွာ လာၾကည့္စမ္းပါဦး” “ေနပါကြာ … ဒီမွာ စာဖတ္ေနတယ္”
“အဲဒါထားလိုက္ပါ … ကြၽန္မ အတန္းက ကေလးတစ္ေယာက္ ေရးထားတဲ့ စာစီစာကုံး ေကာင္းလြန္းလို႔ လာဖတ္ၾကည့္စမ္းပါအုံး။ ေနပါဦးကြာ အေရးႀကီးလို႔ပါ။ … လာပါ … ဖတ္ၾကည့္ပါဦး”
“ကဲ … မင္းပဲ ဖတ္ျပေတာ့။
ဒါဆိုနားေထာင္” “ကြၽန္ေတာ့္ဘဝတြင္ အျဖစ္ခ်င္ဆုံးအရာ” ကြၽန္ေတာ္သည္ ဖုန္းေလးတစ္လုံး အလြန္ျဖစ္ခ်င္သည္။ ကြၽန္ေတာ့္အိမ္တြင္ မိသားစုအားလုံး ျပန္ဆုံလွ်င္ ဖုန္းေလးေတြ ကိုယ္စီႏွင့္ျဖစ္သည္။
ေဖေဖကလည္း ဖုန္းႏွင့္၊ ေမေမကလည္း ဖုန္းႏွင့္၊ ကိုကိုကလည္း ဖုန္းႏွင့္၊ မမကလည္းဖုန္းႏွင့္ မ်က္ႏွာမခြာျဖစ္ေနၾကသည္။
ကြၽန္ေတာ္က ေဖေဖ့ကို စက္႐ုပ္ကားေလးဝယ္ခိုင္းခ်င္ေနသည္။ ေဖေဖ့ကို ေျပာမည္ဟု ျပင္လိုက္ေသာအခါ လက္ကာျပသည္။
ေဖေဖက ဖုန္းထဲကို အာ႐ုံစိုက္ေနသည္။ ေမေမ့ကို အက်ႌၾကယ္သီးျပဳတ္ေနသည္ကို တပ္ခိုင္း ခ်င္သည္။
ေမေမက ဖုန္းကိုၾကည့္ရင္းက မနက္မွ တပ္ေပးမည္ဟုေအာ္သည္။ ကိုကိုကလည္း ေဘာလုံးကန္ရန္ သြားေျပာသည့္အခါ ဖုန္းကိုၾကည့္ၿပီး ရယ္ေနသည္။
မမကလည္း ထမင္းဆာၿပီဟု ေျပာရာ ဖုန္းကိုၾကည့္ရင္း ေခါင္းေခါက္လႊတ္လိုက္သည္။သူတို႔အားလုံး ဖုန္းကိုခ်စ္သည္။ ဖုန္းႏွင့္မ်က္ႏွာ မခြာႏိုင္ေလာက္ေအာင္ျဖစ္ေနၾကသည္။
သူတို႔က ကြၽန္ေတာ့္ မ်က္ႏွာထက္ ဖုန္းမ်က္ႏွာကိုၾကည့္ၿပီး ၿပဳံးေနၾကသည္။ ထို႔ေၾကာင့္ ကြၽန္ေတာ့္ဘဝတြင္ အျဖစ္ခ်င္ဆုံး အရာကို ေျပာပါဆိုလွ်င္
ဖုန္းေလးတစ္လုံးျဖစ္ခ်င္မိသည္။ သို႔မွာသာ ကြၽန္ေတာ့္ကို သူတို႔အားလုံး ဝိုင္းၾကည့္မည္ထင္ သည္။
“ဟယ္” ေဖေဖက ဖုန္းကို ခ်လိုက္သည္။ သမီးႏွင့္ သားကလည္း ဖုန္းကမ်က္ႏွာကိုခြာၿပီး ကြၽန္မကိုၾကည့္သည္။
“ေကာင္းလိုက္တာ … မင္းအတန္းက ကေလး ဘယ္ဆိုးလို႔လဲ ေတာ္လိုက္တာ။ စာေရးတာ ညက္ေနတာပဲ။
အဲဒီ ကေလးကို အမွတ္ေကာင္းေကာင္း ေပးလိုက္ေပါ့” ကြၽန္မ ငိုခ်လိုက္မိသည္။ အားလုံးက ကြၽန္မကို နားမလည္စြာျဖင့္ ၾကည့္ေနၾကသည္။
“အဲဒါ ဘယ္သူထင္လဲ … အဲဒါ ဘယ္သူလို႔ ထင္လို႔လဲ” “ဘယ္သူလဲ”
“ကြၽန္မတို႔ သားငယ္ေလးရွင့္ … သားငယ္ေလးေရးထားတဲ့ စာစီစာကုံး” “ဟာ” သားငယ္ေလးက ထိုင္ခုံေပၚတြင္ ေကြးေကြးေလး အိပ္ေပ်ာ္ေနရွာသည္။
(I want to be a phone ကို ဆီေလ်ာ္ေအာင္ ဘာသာျပန္ပါသည္)
Credit-တင္ၫြန႔္