အခ်စ္နွင့္ဘဝ

ေတာ္ကီဆန္းေလးေတြနဲ႔ ခ်စ္သူေကာင္ေလးကို ခ်ဳပ္နည္း

ေတာ္ကီဆန္းေလးေတြနဲ႔ ခ်စ္သူေကာင္ေလးကို ခ်ဳပ္နည္

 

မိန္းကေလးေတြမွ မဟုတ္ပါဘူး။ေယာက္်ားေလးေတြမွာလည္း ပါး စပ္ က ဖြင့္မေျပာေပမယ့္ သူတို႔ခ်စ္ရတဲ့ ေကာင္မေလးဆီကေန ၾကား ခ်င္ တဲဲ့ စကားလံုးေလးေတြရွိပါတယ္။

အေျပာထက္၊ႏႈတ္ဖ်ားကေန ထြက္တဲ့ စကားခ်ိဳခ်ိဳေလးေတြထက္ လက္ေတြ႔က ပိုအေရးႀကီးတယ္ဆိုေပမယ့္ စကားခ်ိဳခ်ိဳေလးေတြလည္း လိုအပ္ပါတယ္။

ကိုယ္ရဲ႕ Crush ကိုပဲ (သို႔) ကိုယ့္ရဲ႕ ခ်စ္သူေကာင္ေလး လံုး၀ ကိုယ့္ကို ေၾကြသြားေစမယ့္ ေတာ္ကီ ဆန္းေလးေတြကေတာ့…

(၁)သူ႔ကို ဘယ္ေလာက္ ယံုၾကည္ကိုးစားေၾကာင္း ေျပာပါ

ေယာက္်ားအမ်ားစုဟာ သူတို႔ကို ယံုၾကည္အားကိုးတယ္ဆိုရင္ အရမး္ ကို အေက်နပ္ႀကီး ေက်နပ္ေနတတ္ၾကသူေတြပါ။

”ယံုတယ္” ဆိုတဲ့ စကားေလးဟာ ဘာမွေတာ့ မဟုတ္ေပမယ့္ သူတို႔ရဲ႕ ႏွလံုးသားကို လံုး၀ အရည္ေပ်ာ္က်သြားေစပါတယ္။

ဒါေၾကာင့္လည္း အရာရာမွာ ကို ယ့္အားကိုယ္ကိုး တတ္တဲ့ ထက္ျမက္တဲ့ မိန္းကေလးနဲ႔ မိန္းက ေလး ဆန္ၿပီး အားႏြဲ႕ပါတယ္ဆိုတဲ့ မိန္းကေလး ႏွစ္ေယာက္ ယွဥ္ရင္ ဒုတိယ မိန္းကေလး ဘက္ကိုပဲ ပါသြားတတ္ၾကပါတယ္။

ဒါေၾကာင့္ သူတို႔ကိုယ္ သူတို႔ စူပါဟီးရိုးတစ္ေယာက္လုိ႔ ခံစားေနရေအာင္ သင့္ဘက္က လုပ္ေ ပးပါ။ဥပမာ-ေမာင္လုပ္ႏိုင္တယ္ဆိုတာ သိတာေပါ့။

ဒါကို ေကာင္းေ ကာင္း လုပ္ႏိုင္မယ္ဆိုတာ သိတာေပါ့။ ” ဆိုတဲ့စကားေလးေတြကို ေျပာေပးပါ။

ေနာက္ဆံုး စိတ္ထဲက မယံု၊အားကိုးစိတ္ သိပ္မရွိရင္ေ တာ င္ မွ ဒီလိုခ်ီးက်ဴးစကား၊ေျမွာက္ပင့္စကားေလးေလာက္ကိုေတာ့ ေျပာေ ပးပါ။

(၂)ရုပ္ပိုင္းဆိုင္ရာကို ခ်ီးက်ဴးပါ

ေယာက္်ားေလးေတြကလည္း မိန္းကေလးေတြလိုပဲ သူတို႔ရဲ႕ ရုပ္ပိုင္းဆို င္ရာကို ဂရုစိုက္တတ္ၾကပါတယ္။

ေယာက္်ားေလးမို႔ အလွ မႀကိဳက္ဘူး မထင္လိုက္ပါနဲ႔။သူတို႔လည္း အလွႀကိဳက္ပါတယ္။

ဒါေၾကာင့္ ေခ်ာေခ်ာ ၊မေ ခ်ာေခ်ာ ေခ်ာတယ္၊ၾကည့္ေကာင္းတယ္လုိ႔ ခ်ီးက်ဴးေပးပါ။

ဥပမာ-“ငါ့ ေကာင္ေလးက အရမ္းမိုက္တာပဲ။ေျပာေတာ့ တစ္ေန႔လံုး အလုပ္ေတြ လုပ္ေနရၿပီး စိတ္ဖိစီးေနတယ္ဆို၊ရုပ္ကိုၾကည့္္ပါအံုး ခုမွ ေရမိုးခ်ိဳး ထြက္ လာတဲဲ့ အတုိင္း လံုး၀သန္႔ျပန္႔ေနတာပဲ၊ဒီ၀တ္စံုေလးနဲ႔ အရမ္း ၾကည့္ေ ကာင္းတယ္။

ရယ္လိုက္ရင္ အရမ္းၾကည့္ေကာင္းတာပဲ။စိတ္ညစ္ေန တယ္ ရုပ္ကေတာင္ အရမ္းေခ်ာေနေတာ့ ဘယ္လိုလုပ္ရပါ့မ လဲ..စိတ္ မခ်ေတာ့ ဘူး” ဆိုၿပီး စကားလံုးခ်ိဳခ်ိဳေလးေတြသံုးၿပီး အပိုင္ခ်ဳပ္လို႔ ရပါတယ္။

(၃)သူ႔ရဲ႕လုပ္ရပ္ေတြ အေပၚ ခ်ီးက်ဴးပါ

ခ်စ္သူ(သို႔)ေနာက္ဆံုး ေယာက္်ားျဖစ္ေနအံုးေတာ့ သူကငါ့ ခ်စ္သူ ပဲ သူ လုပ္ေပးရမယ့္ ၀တၱာရားရွိတယ္၊ေယာက္်ားဆိုလည္း ဒီအတုိင္းပဲ မေတြးပါနဲ႔။

လူတိုင္းကေတာ့ ေမွ်ာ္္လင့္တဲ့ စိတ္နဲ႔ေတာ့ လုပ္ေပး၊ေကာင္း ေပးတာေတာ့ မဟုတ္ေပမယ့္ တစ္ဖက္က ျပန္လာမယ့္ တံု႔ျပန္ မႈေ လးေတြကိုေတာ့ ေယာက္်ားျဖစ္ျဖစ္၊မိန္းမျဖစ္ျဖစ္ လိုခ်င္ၾကသူေတြ ခ်ည္းပါ။

ဒီေတာ့ သင့္အေပၚ သူေကာင္းတာေတြ၊သူလုပ္ေပး တာေလး ေတြကို အသိအမွတ္ျပဳစကားဆိုေပးပါ။

ဥပမာ- “ပို႔လိုက္တဲ့ မုန္႔ေလးက အရမ္း စားေကာင္းတာပဲ။ေက်းဇူးပဲေနာ္၊စိတ္ညစ္စရာေတြ ရင္ဖြင့္တာကို နားေထာင္ေပးလို႕ ေက်းဇူးပဲေနာ္”

(၄)ေလးစားေၾကာင္းျပသ

ေယာက္်ားေတြက မိနး္ကေလး ေတြထက္ ပိုၿပီး သူတို႔ကို တေလး တ စားရွိတာကို လိုခ်င္တတ္ၾကပါတယ္။

သူ႔အေပၚမွာ ခ်စ္သူ တစ္ေယာ က္လို ခ်စ္သလို၊ေလးစားမႈလည္း ရွိတယ္ဆုိတာကို မၾကာခဏ ဆိုသ လို သူသိေအာင္ျပေပးရပါ့မယ္။

ခ်စ္သူကို သူ႔သူငယ္ခ်င္းေတြ ေရွ႕မွာ ေအာ္တာ၊သူ႔မိဘ ေဆြမ်ိဳးေတြေရွ႕မွာ ငါ့ရည္းစားပဲ ဆိုၿပီး ပိုင္သလို ႏုိင္ သလို လုပ္တာမ်ိဳးေတြကိုေရွာင္ပါ။

ႏွစ္ေယာက္တည္း ရွိေန ခ်ိန္မွာ သူ႔ အေပၚ အႏုိင္က်င့္တာ၊ဆိုးတာေတြက ျပႆနာမရွိေပမယ့္ သူ႔ မိသားစု အသိုင္းအ၀ိုင္းနဲ႔ သူ႔သူငယ္ခ်င္းေတြေရွ႕မွာဆိုရင္ေတာ့ ေလးေလးစား စား ဆက္ဆံေပးပါ။

တခုခု အမွားလုပ္မိရင္လည္း ေသခ်ာ တေလး တ စား ျပန္ေတာင္းပန္ေပးပါ။

စကားလံုးနဲ႔ဆိုရင္ေတာ့..” ဒီလို ေယာက္်ား မ်ိဳးကို ခ်စ္သူေတာ္ခြင့္ရတာ ကံေကာင္းလိုက္တာ၊ Gentleman ဆန္ တဲ့ ေယာက္်ားမ်ိးကို ခ်စ္သူေတာ္ထားရတာပဲ ” …

(၅)အနားမွာရွိေနေပးရံုနဲ႔အားျဖစ္ေစတဲ့ အေၾကာင္း ေျပာပါ

ပါးစပ္ကေန ဖြင့္မေျပာေပမယ့္ ေယာက္်ားေတြ ၾကား ခ်င္တဲ့ စကား လံုးေတြထဲမွာ ဒါလည္းပါပါတယ္။

သူ႔ကို ဘယ္ေလာက္အားကိုး ယံုၾက ည္ေၾကာင္း၊ခ်စ္ေၾကာင္းေျပာပါ။သူအနားမွာ ရွိေနရံုနဲ႔ သင့္အတြက္ အားျဖစ္ေစၿပီး သူကသာ သင့္ရဲ႕ ကမၻာပါဆိုရင္ေတာ့ အဲ့ဒီလူရဲ႕ ႏွလံုး သားလံုး၀ အရည္ေပ်ာ္သြားမွာပါ။

ဥပမာ-“ကၽြန္မကို အၿမဲေပ်ာ္ေအာင္ လုပ္ေပး ႏို္င္တာ ရွင္ပဲရွိတယ္။အနားမွာရွိေနရင္ကိုပဲ အလုိလို အားရွိ လာ သလို ခံစားရတယ္..” ။တစ္ခု သတိထားရမွာက စကားလံုး ခ်ိဳခ်ိဳ ေလးေတြနဲ႔ တစ္ခ်ိန္လံုး သိသိသာသာႀကီး အခ်ိန္ျပည့္ ထိုင္ခ်ဳပ္မေ နပါနဲ႔။

အခ်ိဳေတြ သိပ္မ်ားရင္ အီသြားတတ္ပါတယ္။ မသိမသာ ေလး ေျမွာက္ပင့္ေပးပါ။

credit

unicode

တော်ကီဆန်းလေးတွေနဲ့ ချစ်သူကောင်လေးကို ချုပ်နည်း

မိန်းကလေးတွေမှ မဟုတ်ပါဘူး။ယောက်ျားလေးတွေမှာလည်း ပါး စပ် က ဖွင့်မပြောပေမယ့် သူတို့ချစ်ရတဲ့ ကောင်မလေးဆီကနေ ကြား ချင် တဲ့ စကားလုံးလေးတွေရှိပါတယ်။

အပြောထက်၊နှုတ်ဖျားကနေ ထွက်တဲ့ စကားချိုချိုလေးတွေထက် လက်တွေ့က ပိုအရေးကြီးတယ်ဆိုပေမယ့် စကားချိုချိုလေးတွေလည်း လိုအပ်ပါတယ်။

ကိုယ်ရဲ့ Crush ကိုပဲ (သို့) ကိုယ့်ရဲ့ ချစ်သူကောင်လေး လုံး၀ ကိုယ့်ကို ကြွေသွားစေမယ့် တော်ကီ ဆန်းလေးတွေကတော့…

(၁)သူ့ကို ဘယ်လောက် ယုံကြည်ကိုးစားကြောင်း ပြောပါ

ယောက်ျားအများစုဟာ သူတို့ကို ယုံကြည်အားကိုးတယ်ဆိုရင် အရမ်း ကို အကျေနပ်ကြီး ကျေနပ်နေတတ်ကြသူတွေပါ။

”ယုံတယ်” ဆိုတဲ့ စကားလေးဟာ ဘာမှတော့ မဟုတ်ပေမယ့် သူတို့ရဲ့ နှလုံးသားကို လုံး၀ အရည်ပျော်ကျသွားစေပါတယ်။

ဒါကြောင့်လည်း အရာရာမှာ ကို ယ့်အားကိုယ်ကိုး တတ်တဲ့ ထက်မြက်တဲ့ မိန်းကလေးနဲ့ မိန်းက လေး ဆန်ပြီး အားနွဲ့ပါတယ်ဆိုတဲ့ မိန်းကလေး နှစ်ယောက် ယှဉ်ရင် ဒုတိယ မိန်းကလေး ဘက်ကိုပဲ ပါသွားတတ်ကြပါတယ်။

ဒါကြောင့် သူတို့ကိုယ် သူတို့ စူပါဟီးရိုးတစ်ယောက်လို့ ခံစားနေရအောင် သင့်ဘက်က လုပ်ေ ပးပါ။ဥပမာ-မောင်လုပ်နိုင်တယ်ဆိုတာ သိတာပေါ့။

ဒါကို ကောင်းေ ကာင်း လုပ်နိုင်မယ်ဆိုတာ သိတာပေါ့။ ” ဆိုတဲ့စကားလေးတွေကို ပြောပေးပါ။

နောက်ဆုံး စိတ်ထဲက မယုံ၊အားကိုးစိတ် သိပ်မရှိရင်ေ တာ င် မှ ဒီလိုချီးကျူးစကား၊မြှောက်ပင့်စကားလေးလောက်ကိုတော့ ပြောေ ပးပါ။

(၂)ရုပ်ပိုင်းဆိုင်ရာကို ချီးကျူးပါ

ယောက်ျားလေးတွေကလည်း မိန်းကလေးတွေလိုပဲ သူတို့ရဲ့ ရုပ်ပိုင်းဆို င်ရာကို ဂရုစိုက်တတ်ကြပါတယ်။

ယောက်ျားလေးမို့ အလှ မကြိုက်ဘူး မထင်လိုက်ပါနဲ့။သူတို့လည်း အလှကြိုက်ပါတယ်။

ဒါကြောင့် ချောချော ၊မေ ချာချော ချောတယ်၊ကြည့်ကောင်းတယ်လို့ ချီးကျူးပေးပါ။

ဥပမာ-“ငါ့ ကောင်လေးက အရမ်းမိုက်တာပဲ။ပြောတော့ တစ်နေ့လုံး အလုပ်တွေ လုပ်နေရပြီး စိတ်ဖိစီးနေတယ်ဆို၊ရုပ်ကိုကြည့်ပါအုံး ခုမှ ရေမိုးချိုး ထွက် လာတဲ့ အတိုင်း လုံးဝသန့်ပြန့်နေတာပဲ၊ဒီဝတ်စုံလေးနဲ့ အရမ်း ကြည့်ေ ကာင်းတယ်။

ရယ်လိုက်ရင် အရမ်းကြည့်ကောင်းတာပဲ။စိတ်ညစ်နေ တယ် ရုပ်ကတောင် အရမ်းချောနေတော့ ဘယ်လိုလုပ်ရပါ့မ လဲ..စိတ် မချတော့ ဘူး” ဆိုပြီး စကားလုံးချိုချိုလေးတွေသုံးပြီး အပိုင်ချုပ်လို့ ရပါတယ်။

(၃)သူ့ရဲ့လုပ်ရပ်တွေ အပေါ် ချီးကျူးပါ

ချစ်သူ(သို့)နောက်ဆုံး ယောက်ျားဖြစ်နေအုံးတော့ သူကငါ့ ချစ်သူ ပဲ သူ လုပ်ပေးရမယ့် ဝတ္တာရားရှိတယ်၊ယောက်ျားဆိုလည်း ဒီအတိုင်းပဲ မတွေးပါနဲ့။

လူတိုင်းကတော့ မျှော်လင့်တဲ့ စိတ်နဲ့တော့ လုပ်ပေး၊ကောင်း ပေးတာတော့ မဟုတ်ပေမယ့် တစ်ဖက်က ပြန်လာမယ့် တုံ့ပြန် မှုေ လးတွေကိုတော့ ယောက်ျားဖြစ်ဖြစ်၊မိန်းမဖြစ်ဖြစ် လိုချင်ကြသူတွေ ချည်းပါ။

ဒီတော့ သင့်အပေါ် သူကောင်းတာတွေ၊သူလုပ်ပေး တာလေး တွေကို အသိအမှတ်ပြုစကားဆိုပေးပါ။

ဥပမာ- “ပို့လိုက်တဲ့ မုန့်လေးက အရမ်း စားကောင်းတာပဲ။ကျေးဇူးပဲနော်၊စိတ်ညစ်စရာတွေ ရင်ဖွင့်တာကို နားထောင်ပေးလို့ ကျေးဇူးပဲနော်”

(၄)လေးစားကြောင်းပြသ

ယောက်ျားတွေက မိန်းကလေး တွေထက် ပိုပြီး သူတို့ကို တလေး တ စားရှိတာကို လိုချင်တတ်ကြပါတယ်။

သူ့အပေါ်မှာ ချစ်သူ တစ်ယော က်လို ချစ်သလို၊လေးစားမှုလည်း ရှိတယ်ဆိုတာကို မကြာခဏ ဆိုသ လို သူသိအောင်ပြပေးရပါ့မယ်။

ချစ်သူကို သူ့သူငယ်ချင်းတွေ ရှေ့မှာ အော်တာ၊သူ့မိဘ ဆွေမျိုးတွေရှေ့မှာ ငါ့ရည်းစားပဲ ဆိုပြီး ပိုင်သလို နိုင် သလို လုပ်တာမျိုးတွေကိုရှောင်ပါ။

နှစ်ယောက်တည်း ရှိနေ ချိန်မှာ သူ့ အပေါ် အနိုင်ကျင့်တာ၊ဆိုးတာတွေက ပြဿနာမရှိပေမယ့် သူ့ မိသားစု အသိုင်းအဝိုင်းနဲ့ သူ့သူငယ်ချင်းတွေရှေ့မှာဆိုရင်တော့ လေးလေးစား စား ဆက်ဆံပေးပါ။

တခုခု အမှားလုပ်မိရင်လည်း သေချာ တလေး တ စား ပြန်တောင်းပန်ပေးပါ။

စကားလုံးနဲ့ဆိုရင်တော့..” ဒီလို ယောက်ျား မျိုးကို ချစ်သူတော်ခွင့်ရတာ ကံကောင်းလိုက်တာ၊ Gentleman ဆန် တဲ့ ယောက်ျားမျိးကို ချစ်သူတော်ထားရတာပဲ ” …

(၅)အနားမှာရှိနေပေးရုံနဲ့အားဖြစ်စေတဲ့ အကြောင်း ပြောပါ

ပါးစပ်ကနေ ဖွင့်မပြောပေမယ့် ယောက်ျားတွေ ကြား ချင်တဲ့ စကား လုံးတွေထဲမှာ ဒါလည်းပါပါတယ်။

သူ့ကို ဘယ်လောက်အားကိုး ယုံကြ ည်ကြောင်း၊ချစ်ကြောင်းပြောပါ။သူအနားမှာ ရှိနေရုံနဲ့ သင့်အတွက် အားဖြစ်စေပြီး သူကသာ သင့်ရဲ့ ကမ္ဘာပါဆိုရင်တော့ အဲ့ဒီလူရဲ့ နှလုံး သားလုံး၀ အရည်ပျော်သွားမှာပါ။

ဥပမာ-“ကျွန်မကို အမြဲပျော်အောင် လုပ်ပေး နိုင်တာ ရှင်ပဲရှိတယ်။အနားမှာရှိနေရင်ကိုပဲ အလိုလို အားရှိ လာ သလို ခံစားရတယ်..” ။တစ်ခု သတိထားရမှာက စကားလုံး ချိုချို လေးတွေနဲ့ တစ်ချိန်လုံး သိသိသာသာကြီး အချိန်ပြည့် ထိုင်ချုပ်မေ နပါနဲ့။

အချိုတွေ သိပ်များရင် အီသွားတတ်ပါတယ်။ မသိမသာ လေး မြှောက်ပင့်ပေးပါ။

credit