ဒီလို ခ်စ္သူ “ကိုကို” ေတြကို ပိုင္ဆိုင္ထားတဲ႔ မိန္းကေလးေတြက ကံအေကာင္းဆုံးပါ
မိန္းကေလးတုိင္း ဒီလုိ ‘ကုိကို’ မ်ိဳးကို ပုိင္ဆုိင္ထားရတယ္ဆုိရင္ အခ်စ္ေရးမွာ ေပ်ာ္ရြင္ရၿပီး စိတ္ခ်မ္းသာေနတဲ့သူေလးေတြပါ။ သင့္မွာ ဒီလုိ ‘ကိုကို’ မ်ိဳးကို ပုိင္ဆုိင္ရတယ္ဆုိရင္ ကံေကာင္းတဲ့သူေလးပဲျဖစ္တယ္။
၁။ အားကိုးရတဲ့ ‘ကုိကို’ မ်ိဳး
သင္ေရွ႕မွာ မားမားမတ္မတ္ရပ္တည္ေပးမယ့္ ‘ကုိကို’ မ်ိဳးရွိေနၿပီးလား။ သင္ရဲ႕အခက္အခဲတစ္၀က္ကို ကူထမ္းေပးတတ္တဲ့ ‘ကုိကို’ မ်ိဳးက အားကုိးရတဲ့ ‘ကိုကို’ မ်ိဳးပါ။ သင့္စိတ္ညစ္စရာေတြကို မွ်ေ၀ခံတတ္တယ္။ သင့္မသိတဲ့အေၾကာင္းေတြကို ေသခ်ာရွာၿပီး စိတ္ရွည္ရွည္ရွင္းျပတတ္တယ္။ သူ႕ကို သင့္ဘ၀တစ္ေလွ်ာက္လုံးစာအတြက္ အားကိုးႏုိင္ေလာက္တဲ့ေယာက်္ားတစ္ေယာက္အျဖစ္ေနတယ္။ သင့္အေပၚကို ကေလးဆန္တဲ့အေတြးေတြမရွိသလို လူႀကီးဆန္ဆန္ပဲ ဆုံးမတတ္တယ္။
၂။ အေလ်ာ႔ေပးတတ္တဲ့ ‘ကုိကုိ’ မ်ိဳး
အေလ်ာ့ေပးတတ္တဲ့ ‘ကိုကို’ မ်ိဳးဆိုတာ ကေလးဆုိးဆုိးေနတတ္တဲ့ သင့္ကို အျမဲအေလ်ာ့ေပးတတ္တာမ်ိဳးပါ။ သင့္ကို စကားနဲ႕ေတာင္ အႏုိင္မယူတတ္ပါဘူး။ သင့္ဘယ္ေလာက္ပဲဆုိးဆုိး အျပစ္မျမင္ဘဲ အေလ်ာ့ေပးတတ္တယ္။ အဲ့လို ‘ကိုကို’ မ်ိဳးပိုင္ဆုိင္ထားရတဲ့သင့္ဟာ ကံေကာင္းပါတယ္။
၃။ ဂရုစိုက္တတ္တဲ့ ‘ကုိကုိ’ မ်ိဳး
ဂရုစုိက္တတ္တဲ့ ‘ကိုကို’ မ်ိဳးဆုိတာ သင့္နဲ႕ပတ္သက္တဲ့ အရာေသးေသးေလးကိုကအစ ဂရုတစုိက္လုိက္လုပ္ေပးတတ္တယ္။ ကိစၥတစ္ခုခုဆုိ သင့္ကိုအသိမေပးေတာ့ဘဲ သူ႕ကပဲဦးေဆာင္ၿပီး လုပ္သြားတတ္တယ္။ ဘာျဖစ္လို႔လဲဆိုရင္ သူက သင့္ကို သင့္ကိုယ္သင္ ဂရုစိုက္တာထက္ ပုိဂရုစိုက္ေပးတတ္တယ္။
၄။ စိတ္ရွည္ရွည္ ေခ်ာ႔တတ္တဲ့ ‘ကုိကုိ’ မ်ိဳး
ခဏခဏ စိတ္ဆုိး၊ စိတ္ေကာက္၊ ရစ္တတ္တဲ့ သင့္ကို စိတ္ရွည္ရွည္ ေခ်ာ႔တတ္ေသးတယ္။ ကေလးဆုိးေလး သင့္ကို လက္မလႊတ္ခ်င္ေတာ့ေလာက္ေအာင္ ခ်စ္လုိ႕ စိတ္ရွည္ရွည္ေခ်ာ့ေပးတတ္တယ္။ သင့္ဘက္က ဘယ္လုိေတြပဲဆုိးေနပါေစ သင့္ကို ခ်စ္တဲ့စိတ္ေၾကာင့္ သူ႕မွန္ေနရင္ေတာင္ အေလ်ာ႔ေပးၿပီး ေခ်ာ႔တတ္တယ္။
၅။ အလုိလုိက္တတ္တဲ့ ‘ကုိကုိ’ မ်ိဳး
ညသန္းေခါင္ သင္ဗုိက္ဆာေနတယ္လုိ႕ေျပာရင္ေတာင္ သြား၀ယ္ၿပီး သင့္ဆီအေရာက္လာပုိ႕ေပးတတ္တာ အလုိလုိက္တတ္တဲ့ ‘ကုိကုိ’ မ်ိဳးပါ။ သူ႕ဘ၀အတြက္ သင့္အလိုဆႏၵေတြက အေရးႀကီးလုိ႕ပါ။ သင့္ကုိ အလိုလုိက္လုိ႕ သင္ေပ်ာ္သြားတဲ့ မ်က္ႏွာမ်ိဳးကိုပဲ ျမင္ခ်င္လုိ႕ပါ။
Hannwe Soe (Auntymay)
Unicode,
ဒီလို ချစ်သူ “ကိုကို” တွေကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေက ကံအကောင်းဆုံးပါ
မိန်းကလေးတိုင်း ဒီလို ‘ကိုကို’ မျိုးကို ပိုင်ဆိုင်ထားရတယ်ဆိုရင် အချစ်ရေးမှာ ပျော်ရွင်ရပြီး စိတ်ချမ်းသာနေတဲ့သူလေးတွေပါ။ သင့်မှာ ဒီလို ‘ကိုကို’ မျိုးကို ပိုင်ဆိုင်ရတယ်ဆိုရင် ကံကောင်းတဲ့သူလေးပဲဖြစ်တယ်။
၁။ အားကိုးရတဲ့ ‘ကိုကို’ မျိုး
သင်ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးမယ့် ‘ကိုကို’ မျိုးရှိနေပြီးလား။ သင်ရဲ့အခက်အခဲတစ်ဝက်ကို ကူထမ်းပေးတတ်တဲ့ ‘ကိုကို’ မျိုးက အားကိုးရတဲ့ ‘ကိုကို’ မျိုးပါ။ သင့်စိတ်ညစ်စရာတွေကို မျှဝေခံတတ်တယ်။ သင့်မသိတဲ့အကြောင်းတွေကို သေချာရှာပြီး စိတ်ရှည်ရှည်ရှင်းပြတတ်တယ်။ သူ့ကို သင့်ဘဝတစ်လျှောက်လုံးစာအတွက် အားကိုးနိုင်လောက်တဲ့ယောကျ်ားတစ်ယောက်အဖြစ်နေတယ်။ သင့်အပေါ်ကို ကလေးဆန်တဲ့အတွေးတွေမရှိသလို လူကြီးဆန်ဆန်ပဲ ဆုံးမတတ်တယ်။
၂။ အလျော့ပေးတတ်တဲ့ ‘ကိုကို’ မျိုး
အလျော့ပေးတတ်တဲ့ ‘ကိုကို’ မျိုးဆိုတာ ကလေးဆိုးဆိုးနေတတ်တဲ့ သင့်ကို အမြဲအလျော့ပေးတတ်တာမျိုးပါ။ သင့်ကို စကားနဲ့တောင် အနိုင်မယူတတ်ပါဘူး။ သင့်ဘယ်လောက်ပဲဆိုးဆိုး အပြစ်မမြင်ဘဲ အလျော့ပေးတတ်တယ်။ အဲ့လို ‘ကိုကို’ မျိုးပိုင်ဆိုင်ထားရတဲ့သင့်ဟာ ကံကောင်းပါတယ်။
၃။ ဂရုစိုက်တတ်တဲ့ ‘ကိုကို’ မျိုး
ဂရုစိုက်တတ်တဲ့ ‘ကိုကို’ မျိုးဆိုတာ သင့်နဲ့ပတ်သက်တဲ့ အရာသေးသေးလေးကိုကအစ ဂရုတစိုက်လိုက်လုပ်ပေးတတ်တယ်။ ကိစ္စတစ်ခုခုဆို သင့်ကိုအသိမပေးတော့ဘဲ သူ့ကပဲဦးဆောင်ပြီး လုပ်သွားတတ်တယ်။ ဘာဖြစ်လို့လဲဆိုရင် သူက သင့်ကို သင့်ကိုယ်သင် ဂရုစိုက်တာထက် ပိုဂရုစိုက်ပေးတတ်တယ်။
၄။ စိတ်ရှည်ရှည် ချော့တတ်တဲ့ ‘ကိုကို’ မျိုး
ခဏခဏ စိတ်ဆိုး၊ စိတ်ကောက်၊ ရစ်တတ်တဲ့ သင့်ကို စိတ်ရှည်ရှည် ချော့တတ်သေးတယ်။ ကလေးဆိုးလေး သင့်ကို လက်မလွှတ်ချင်တော့လောက်အောင် ချစ်လို့ စိတ်ရှည်ရှည်ချော့ပေးတတ်တယ်။ သင့်ဘက်က ဘယ်လိုတွေပဲဆိုးနေပါစေ သင့်ကို ချစ်တဲ့စိတ်ကြောင့် သူ့မှန်နေရင်တောင် အလျော့ပေးပြီး ချော့တတ်တယ်။
၅။ အလိုလိုက်တတ်တဲ့ ‘ကိုကို’ မျိုး
ညသန်းခေါင် သင်ဗိုက်ဆာနေတယ်လို့ပြောရင်တောင် သွားဝယ်ပြီး သင့်ဆီအရောက်လာပို့ပေးတတ်တာ အလိုလိုက်တတ်တဲ့ ‘ကိုကို’ မျိုးပါ။ သူ့ဘဝအတွက် သင့်အလိုဆန္ဒတွေက အရေးကြီးလို့ပါ။ သင့်ကို အလိုလိုက်လို့ သင်ပျော်သွားတဲ့ မျက်နှာမျိုးကိုပဲ မြင်ချင်လို့ပါ။
Hannwe Soe (Auntymay)