မိန်းမဆိုတာ လူတစ်ယောက်ကို ဘယ်လောက်ပဲနစ်နှစ်ကာကာချစ်ချစ် ကိုယ့်အပေါ်တန်ဖိုးထားမူမရှိရင် မာနမဲ့နေလို့မရဘူး

မိန်းမဆိုတာ ဘယ်လောက်ပဲချန်ထားရစ်ခံရပါစေ။ ရူးမတတ်ငိုကြွေးနေစရာမလိုဘူး။ အရူံးတရားကိုအပြုံးလေးနဲ့ခြေမိုးပြီး ရဲရင့်တဲ့စိတ်ဓာတ်နဲ့ ကိုယ့်ဘဝကိုတိမ်းစောင်းမသွားရအောင် ဦးဆောင်တတ်ရမယ်။

မိန်းမဆိုတာ ရင်ထဲမှာဝမ်းနည်းနာကျင်စရာတွေ ဘယ်လောက်များများဖွင့်ထုတ်မပြရဘူး။ ဒီခေါတ်မှာ, သနားကြင်နာတတ်တဲ့သူထက် ဝေဖန်ကဲ့ရဲ့ပြီးကိုယ့်အားနည်းချက်ကို နင်းဖိချေမွချင်သူကများတော့ ကိုယ့်အားနည်းချက်ကို တိတ်တိတ်လေး သိမ်းဆည်းထားတတ်ရမယ်။

မိန်းမဆိုတာ ရင်ထဲမှာကြင်နာသနားတတ်တဲ့စိတ်တွေ ဘယ်လောက်ပဲရှိရှိ အရာရာတိုင်းကို သဘောထားကြီးပြလို့တော့မရဘူး။ မိန်းမသားတစ်ယောက်ရဲ့မာနဆိုတာ တခြားသူတွေမြေပေါ်ဖြန့်ခင်းချနင်းဖို့အတွတ်မဟုတ်လို့ ထားသင့်တဲ့မာနတော့ထားရမယ်။

တစ်ကယ်တော့မိန်းမသားဘဝဆိုတာ တခြားသူကကိုယ့်ကို အထင်ကြီးလေးစားလို့ ကြင်နာမြတ်နိုးမူနဲ့မစွန့်ပယ်ရက်တဲ့ အဖိုးအနဂ္ဂထိုက်တန်တဲ့ ရတနာတစ်ပါးလိုဖြစ်နေရအောင် အရာရာကို ထိန်းသိမ်းဆင်ခြင်တတ်ရမှာပါ။

Nan Khin May Win

မိန်းမဆိုတာ

မိန်းမဆိုတာ လူတစ်ယောက်ကို ဘယ်လောက်ပဲနစ်နှစ်ကာကာချစ်ချစ် ကိုယ့်အပေါ်တန်ဖိုးထားမူမရှိရင် မာနမဲ့နေလို့မရဘူး။ ချစ်တဲ့စိတ်ကို ဆင်ခြင်ချုပ်ထိန်းတတ်ရမယ်။





Nan Khin May Win