လူစုလူေဝးမျဖစ္ေအာင္ ေရႊတိဂုံဘုရားဖူးေျမာ္ခြင့္ကို အြန္လိုင္းကစာရင္းေပးၿပီး အခ်ိန္အပိုင္းအျခားနဲ႔ ဖူးေျမာ္ခြင့္ေပးရန္စီစဥ္
လူစုလူေဝးမျဖစ္ေအာင္ လူအကန႔္သတ္နဲ႔ ဖူးေျမာ္ခြင့္ျပဳသြားမွာပါ။ ရန္ကုန္ၿမိဳ႕ေရႊတိဂုံဘုရားကို ျပန္လည္ဖူးေျမာ္ခြင့္ရရွိေစနိုင္ေရးအတြက္ အြန္လိုင္းကေန နာမည္စာရင္းေလၽွာက္ထားၿပီးမွ
လူဦးေရအကန႔္အသတ္နဲ႔ဖူးေျမာ္ခြင့္ေပးနိုင္ေအာင္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနမွ စီစဥ္ေဆာင္ရြက္လၽွက္ရွိပါတယ္။
ေရႊတိဂုံဘုရားအပါအဝင္ တျခားနာမည္ႀကီးဘုရားေတြကိုလည္း အခ်ိန္အကန႔္သတ္နဲ႔ ဖူးေျမာ္ခြင့္ရေအာင္ လုပ္ေဆာင္သြားမွာျဖစ္ၿပီး သက္ဆိုင္ရင္ ဘုရားေဂါပကအဖြဲ႕ေတြထံ ေဆာင္ရြက္မယ့္အစီအစဥ္ေတြေတာင္းခံထားတယ္လို႔ သိရပါတယ္။
“ အဓိကကေတာ့ လူစူလူေဝးမျဖစ္ေအာင္ပါ။ ဘုရားဖူးဖို႔ အြန္လိုင္းဘြတ္ကင္လုပ္ရမယ္ဆိုတာက အခက္အခဲေတြလည္းရွိနိုင္သလို တာဝန္ရွိသူေတြအေနနဲ႔လည္း ပိုၿပီးအလုပ္ရႈပ္နိုင္လို႔ ဂ႐ုစိုက္ရမွာေပါ့။
ဒါေပမယ့္ ဒါက ဘုရားလာဖူးတဲ့သူေတြရဲ့ Record လည္းရသလို ျပည္သူေတြလည္း ဘုရားျပန္ဖူးခြင့္လည္းရမယ္။ ဘုရားရင္ျပင္ေပၚမွာလည္း လူစုလူေဝးမျဖစ္ေအာင္ စနစ္တက်ေလးလုပ္ေဆာင္နိုင္မွာျဖစ္လို႔ ဘုရားဖူးျပည္သူေတြကလည္း လိုက္နာဖို႔လိုတယ္”လို႔
သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနမွ ညႊန္ၾကားေရးမႉး ဦးျမင့္ဦးကေျပာပါတယ္။
အခုလိုေဆာင္ရြက္မယ့္အစီအစဥ္နဲ႔ ပတ္သက္ၿပီးေတာ့လည္း ေရႊတိဂုံဘုရား ေဂါပကအဖြဲ႕ကို အေၾကာင္းၾကားထားၿပီး သူတို႔ဘက္က အစီအစဥ္ေတြကိုလည္း ျပန္လည္တင္ျပခိုင္းထားတယ္လို႔ ဦးျမင့္ဦးကေျပာပါတယ္။
ေရႊတိဂုံဘုရားေဂါပက အဖြဲ႕ထံ ဆက္သြယ္ေမးျမန္းရာမွာ ဖုန္းလက္ခံေျဖၾကားျခင္းမရွိခဲ့ပါဘူး။ အခုလို အြန္းလိုင္းကေန စာရင္းသြင္းၿပီး ဘုရားဖူးခြင့္ရဖို႔အတြက္ ေဂါပကအဖြဲ႕ေတြရဲ့ စီမံခ်က္ေတြကို ရရွိပါက
နည္းပညာပိုင္းဆိုင္ရာကိုေတာ့ ဝန္ႀကီးဌာနကဘက္ကတာဝန္ယူၿပီး သက္ဆိုင္ရာအဖြဲ႕အစည္းေတြက ကူညီသြားမယ္လို႔ သိရပါတယ္။
ဓူဝံ
Unicode
လူစုလူဝေးမဖြစ်အောင် ရွှေတိဂုံဘုရားဖူးမြော်ခွင့်ကို အွန်လိုင်းကစာရင်းပေးပြီး အချိန်အပိုင်းအခြားနဲ့ ဖူးမြော်ခွင့်ပေးရန်စီစဉ်
လူစုလူဝေးမဖြစ်အောင် လူအကန့်သတ်နဲ့ ဖူးမြော်ခွင့်ပြုသွားမှာပါ။ ရန်ကုန်မြို့ရွှေတိဂုံဘုရားကို ပြန်လည်ဖူးမြော်ခွင့်ရရှိစေနိုင်ရေးအတွက် အွန်လိုင်းကနေ နာမည်စာရင်းလျှောက်ထားပြီးမှ
လူဦးရေအကန့်အသတ်နဲ့ဖူးမြော်ခွင့်ပေးနိုင်အောင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်လျှက်ရှိပါတယ်။
ရွှေတိဂုံဘုရားအပါအဝင် တခြားနာမည်ကြီးဘုရားတွေကိုလည်း အချိန်အကန့်သတ်နဲ့ ဖူးမြော်ခွင့်ရအောင် လုပ်ဆောင်သွားမှာဖြစ်ပြီး သက်ဆိုင်ရင် ဘုရားဂေါပကအဖွဲ့တွေထံ ဆောင်ရွက်မယ့်အစီအစဉ်တွေတောင်းခံထားတယ်လို့ သိရပါတယ်။
“ အဓိကကတော့ လူစူလူဝေးမဖြစ်အောင်ပါ။ ဘုရားဖူးဖို့ အွန်လိုင်းဘွတ်ကင်လုပ်ရမယ်ဆိုတာက အခက်အခဲတွေလည်းရှိနိုင်သလို တာဝန်ရှိသူတွေအနေနဲ့လည်း ပိုပြီးအလုပ်ရှုပ်နိုင်လို့ ဂရုစိုက်ရမှာပေါ့။
ဒါပေမယ့် ဒါက ဘုရားလာဖူးတဲ့သူတွေရဲ့ Record လည်းရသလို ပြည်သူတွေလည်း ဘုရားပြန်ဖူးခွင့်လည်းရမယ်။ ဘုရားရင်ပြင်ပေါ်မှာလည်း လူစုလူဝေးမဖြစ်အောင် စနစ်တကျလေးလုပ်ဆောင်နိုင်မှာဖြစ်လို့ ဘုရားဖူးပြည်သူတွေကလည်း လိုက်နာဖို့လိုတယ်”လို့
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဦးကပြောပါတယ်။
အခုလိုဆောင်ရွက်မယ့်အစီအစဉ်နဲ့ ပတ်သက်ပြီးတော့လည်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ကို အကြောင်းကြားထားပြီး သူတို့ဘက်က အစီအစဉ်တွေကိုလည်း ပြန်လည်တင်ပြခိုင်းထားတယ်လို့ ဦးမြင့်ဦးကပြောပါတယ်။
ရွှေတိဂုံဘုရားဂေါပက အဖွဲ့ထံ ဆက်သွယ်မေးမြန်းရာမှာ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။ အခုလို အွန်းလိုင်းကနေ စာရင်းသွင်းပြီး ဘုရားဖူးခွင့်ရဖို့အတွက် ဂေါပကအဖွဲ့တွေရဲ့ စီမံချက်တွေကို ရရှိပါက
နည်းပညာပိုင်းဆိုင်ရာကိုတော့ ဝန်ကြီးဌာနကဘက်ကတာဝန်ယူပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကူညီသွားမယ်လို့ သိရပါတယ်။
ဓူဝံ