ၾကားသိရသမွ်

မနက်ဖြန် (၃၀ နိုဝင်ဘာ) ရန်ကုန် ၅ မြို့နယ် မီးပျက်မည်

မနက်ဖြန် (၃၀ နိုဝင်ဘာ) ရန်ကုန် ၅ မြို့နယ် မီးပျက်မည်မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း 33kV ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊

ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်း 33kV ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊

ရန်ကုန်တောင်ပိုင်းခရိုင်နှင့်ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းဓာတ်အားလိုင်းအသစ်များတည်ဆောက်ခြင်းကို(၃၀.၁၁.၂၀၂၁) ရက်နေ့၊ ( အင်္ဂါနေ့ ) တွင် ( ၀၉:၀၀ )နာရီ မှ ( ၁၂:၀၀ )နာရီအချိန်အတွင်း

လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ဆောင်ရွက်နေစဉ်အတွင်း ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ၊ မရမ်းကုန်း၊ လှိုင်၊ လှည်းကူး၊ သုံးခွမြို့နယ်များအတွင်း ယာယီ ဓာတ်အားပြတ်တောက်မှုများ ရှိမည်ဖြစ်ပါကြောင်းနှင့်

အရေးကြီးနေရာများ ဓာတ်အားပြတ်တောက်မှုမရှိစေရေးကို အလေးထား စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေး ပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

unicode






