NLD ပါတီ တံဆိပ္ပါ Mask တပ္ဆင္ခဲ့သည့္ ရဲအရာရွိ ၃ ဦး နယ္ေျပာင္းေ႐ႊ႕ အေရးယူခံရေၾကာင္း သတင္းမ်ားထြက္ေပၚ
NLD ပါတီတံဆိပ္ပါ Mask တပ္ဆင္ခဲ့သည့္ ရဲအရာရွိ (၃)ဦးကို ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္သို႔ နယ္ေျပာင္းေ႐ႊ႕၍ အေရးယူလိုက္ေၾကာင္း ရဲအရာရွိ အသိုင္းအဝိုင္း၌ သတင္းမ်ား ထြက္ေပၚလ်က္ရွိသည္။
အဆိုပါသတင္းျဖစ္စဥ္အေပၚ အတည္ျပဳႏိုင္ရန္ People Media က ၾသဂုတ္လ(၂၅)ရက္ေန႔၌ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ရဲမႉးႀကီးေက်ာ္သီဟကို ဆက္သြယ္ေမးျမန္းခဲ့သည္။
“ရဲတပ္ဖြဲ႕ဝင္ေတြဟာ ႏိုင္ငံဝန္ထမ္းျဖစ္တဲ့အတြက္ ဝန္ထမ္းစည္းမ်ဥ္း၊ စည္းကမ္းေတြကို လိုက္နာရသလို ရဲစည္းကမ္း ထိန္း သိမ္းေရးဥပေဒေတြကိုလည္းလိုက္နာရပါတယ္။ သတ္မွတ္ျပ႒ာန္းထားေသာစည္းမ်ဥ္း၊ စည္းကမ္းမ်ားက်င့္ဝတ္မ်ား၊ ၫႊန္ၾကားခ်က္မ်ားကိုမလိုက္နာပါက အေရးယူျခင္းခံရႏိုင္ပါတယ္’’ဟု ေျပာၾကားခဲ့သည္။
ၿပီးခဲ့သည့္ရက္ပိုင္းက ေနျပည္ေတာ္၌ တာဝန္က် ရဲအရာရွိ ၃ ဦးသည္ အလုပ္မွအျပန္ဟုဆိုကာ NLD ပါတီ အမွတ္တံဆိပ္ပါ သည္ Mask တပ္ဆင္၍ F-B သို႔ ဓါတ္ပုံမ်ား တင္ခဲ့သည္။အဆိုပါ ျဖစ္စဥ္အေပၚ People Media က NLD ပါတီ ဗဟိုျပန္ၾကားေရးအဖြဲ႕မွ မုံ႐ြာဦးေအာင္ရွင္ကို ဖုန္းျဖင့္ ဆက္သြယ္ေမး ျမန္းခဲ့သည္။
“ဒီကိစၥကေျပာရတာအေၾကာင္း ၂ ခ်က္ရွိတာေပါ့ေလ။ တစ္အခ်က္ကေတာ့ NLD ရဲ႕ႏွာေခါင္းစည္းကိုတပ္တာေပါ့ေလ။ ႏွာေခါင္းစည္းကိုတပ္တာကေတာ့ ဒါသူ႔ရဲ႕လြတ္လပ္ခြင့္ပဲေလ။ အဲဒါကိုမတပ္ရဘူးလို႔ ဘယ္သူကမွတားျမစ္တာ မ်ိဳးမရွိဘူး။ေနာက္တစ္ခုက အဲဒီလိုတပ္ျခင္းအားျဖင့္သူကပါတီႏိုင္ငံေရးကိုလုပ္တယ္လို႔လည္းေျပာလို႔မရဘူး။ သူ႔လြတ္လပ္ခြင့္ပဲ။
ေနာက္တစ္ခ်က္ကေတာ့ သူကရဲတပ္ဖြဲ႕ဝင္ျဖစ္ေတာ့ျပည္ထဲေရးလက္ေအာက္ခံျဖစ္တယ္ေလ။ ျပည္ထဲေရးဥပေဒအရ အေရးယူတာမ်ိဳးေတာ့လုပ္ရင္ရတာေပါ့ေလ။အျပစ္တစ္ခုအေနနဲ႔အေရးယူရင္ရတာေပါ့ေလ။ ကြၽန္ေတာ္တို႔အျမင္ေတာ့ ဒါသူ႔လြတ္လပ္ခြင့္အရတပ္တာပဲ”လို႔ မုံ႐ြာဦးေအာင္ရွင္က ေျပာသည္။
#PeopleMedia #ျပည္ထဲေရးဝန္ႀကီးဌာန #ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ #NLD
Unicode
NLD ပါတီ တံဆိပ်ပါ Mask တပ်ဆင်ခဲ့သည့် ရဲအရာရှိ ၃ ဦး နယ်ပြောင်းရွှေ့ အရေးယူခံရကြောင်း သတင်းများထွက်ပေါ်
NLD ပါတီတံဆိပ်ပါ Mask တပ်ဆင်ခဲ့သည့် ရဲအရာရှိ (၃)ဦးကို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ နယ်ပြောင်းရွှေ့၍ အရေးယူလိုက်ကြောင်း ရဲအရာရှိ အသိုင်းအဝိုင်း၌ သတင်းများ ထွက်ပေါ်လျက်ရှိသည်။
အဆိုပါသတင်းဖြစ်စဉ်အပေါ် အတည်ပြုနိုင်ရန် People Media က သြဂုတ်လ(၂၅)ရက်နေ့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟကို ဆက်သွယ်မေးမြန်းခဲ့သည်။
“ရဲတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံဝန်ထမ်းဖြစ်တဲ့အတွက် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာရသလို ရဲစည်းကမ်း ထိန်း သိမ်းရေးဥပဒေတွေကိုလည်းလိုက်နာရပါတယ်။ သတ်မှတ်ပြဋ္ဌာန်းထားသောစည်းမျဉ်း၊ စည်းကမ်းများကျင့်ဝတ်များ၊ ညွှန်ကြားချက်များကိုမလိုက်နာပါက အရေးယူခြင်းခံရနိုင်ပါတယ်’’ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော်၌ တာဝန်ကျ ရဲအရာရှိ ၃ ဦးသည် အလုပ်မှအပြန်ဟုဆိုကာ NLD ပါတီ အမှတ်တံဆိပ်ပါ သည် Mask တပ်ဆင်၍ F-B သို့ ဓါတ်ပုံများ တင်ခဲ့သည်။အဆိုပါ ဖြစ်စဉ်အပေါ် People Media က NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့မှ မုံရွာဦးအောင်ရှင်ကို ဖုန်းဖြင့် ဆက်သွယ်မေး မြန်းခဲ့သည်။
“ဒီကိစ္စကပြောရတာအကြောင်း ၂ ချက်ရှိတာပေါ့လေ။ တစ်အချက်ကတော့ NLD ရဲ့နှာခေါင်းစည်းကိုတပ်တာပေါ့လေ။ နှာခေါင်းစည်းကိုတပ်တာကတော့ ဒါသူ့ရဲ့လွတ်လပ်ခွင့်ပဲလေ။ အဲဒါကိုမတပ်ရဘူးလို့ ဘယ်သူကမှတားမြစ်တာ မျိုးမရှိဘူး။နောက်တစ်ခုက အဲဒီလိုတပ်ခြင်းအားဖြင့်သူကပါတီနိုင်ငံရေးကိုလုပ်တယ်လို့လည်းပြောလို့မရဘူး။ သူ့လွတ်လပ်ခွင့်ပဲ။
နောက်တစ်ချက်ကတော့ သူကရဲတပ်ဖွဲ့ဝင်ဖြစ်တော့ပြည်ထဲရေးလက်အောက်ခံဖြစ်တယ်လေ။ ပြည်ထဲရေးဥပဒေအရ အရေးယူတာမျိုးတော့လုပ်ရင်ရတာပေါ့လေ။အပြစ်တစ်ခုအနေနဲ့အရေးယူရင်ရတာပေါ့လေ။ ကျွန်တော်တို့အမြင်တော့ ဒါသူ့လွတ်လပ်ခွင့်အရတပ်တာပဲ”လို့ မုံရွာဦးအောင်ရှင်က ပြောသည်။
#PeopleMedia #ပြည်ထဲရေးဝန်ကြီးဌာန #မြန်မာနိုင်ငံရဲတပ်ဖွဲ့ #NLD