Zawgyi [အောက်တွင် Unicode ဖြင့်ဖတ်ရှုနိုင်သည်]
မင်္ဂလာပါ ပရိတ်သတ် ကြီးတို့ရေ ရုပ်ရှင်အစည်းအရုံး ကနေ နှုတ်ထွက်သွားကြတဲ့ သူတွေကို အဘ မွေးစားသမီး ရွှေရူပါဦးကတော့ ပြောလိုက်ပါပြီ….
ရုပ်ရှင်ဇာတ်ကားပေါင်း(၂၀) ရိုက်ဖူးသူကိုမှ ရုပ်ရှင်အစည်းအရုံးကဒ် ပေးတာဖြစ်လို့ ဇာတ်ကား(၂၀) မပြည့်ဘဲ အစည်းအရုံးဝင်ဖြစ်ပြီး နှုတ်ထွက်စာတင်တဲ့သူတွေကို တွေ့ရတော့ အံဩမိတယ်လို့ သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
“သရုပ်ဆောင်လောကထဲဝင် မယ့်သူမို့ ရုပ်ရှင်အစည်းအရုံးဝင် တ စ်ယောက် ဖြစ် အောင် အစည်းအရုံးဝင်ကတ် သွားလျှောက် ဖူးပါတယ်။
ရုပ်ရှင်ဇာတ်ကား (၂၀) ပြည့်အောင်ရိုက်ဖူး သူကိုမှ အစည်းအရုံးဝင် ကတ် တရားဝင် ပေး ပါတယ် ဆိုတဲ့ စည်းကမ်းချက်ကြောင့် ခုချိန်ထိ အစည်းအရုံးဝင်မဖြစ်နိူင်သေးပါ။
အံ့ဩတာက ဇာတ်ကား ၂၀ မပြည့်တဲ့သူတွေက အစည်းအရုံးဝင်ကတ်တွေရထားပြီး နှုတ်ထွက်ကြတယ်ဆိုလို့ပါ” လို့ သူမကရေးသားထားတာပါ။
စစ်ကောင်စီ က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဌအဖြစ် သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူကို ခန့်အပ်ခဲ့တာကြောင့် အနုပညာ လောကသားတွေကြား အငြင်းပွားတာတွေဖြစ်ပေါ်ခဲ့ပြီး အနုပညာရှင် တ ချို့ ရုပ်ရှင် အစည်းအရုံးမှ နှုတ်ထွက်စာတင်ခဲ့တာဖြစ်ပါတယ်။
အခုလောလောဆယ်တော့ အဖွဲ့ဝင် အနည်းငယ်လောက်သာကျန်နေတဲ့ ခန့်စည်သူတစ်ယောက် ဘာတွေ ဆက်လုပ်မလဲ ဆိုတာတော့ တကယ်ကို သိချင် မိပါတယ်။
စာကို ဖတ်ရှု့ ပေးတဲ့ ပရိတ်သတ် ကြီး တို့လည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီးလိုအင် ဆန္ဒများလည်း အမြန်ဆုံးပြည့်ကြပါစေလို့ ဆုမွန် ကောင်းတောင်း ပေး လိုက်ပါတယ်။ Credit
Unicode
ရုပ်ရှင်ဇာတ်ကား (၂၀) ပြည့်အောင်ရိုက်ဖူး သူကိုမှ အစည်းအရုံးဝင် ကတ် တရားဝင် ပေး ပါတယ် ဆိုတဲ့ စည်းကမ်းချက်ကြောင့် ခုချိန်ထိ အစည်းအရုံးဝင်မဖြစ်နိုင်သေးပါ။